Saturday, September 5, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၉-၀၉)

- ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင် (၆) ယောက် အထုတ်ခံရ click
- ဖုန်ကြားရှင်း ပြန်အပ်ဖို့ တောင်းဆိုချက် ၀ တပ်ဖွဲ့ အကြောင်းမပြန် click
- ဖောက်ခွဲယမ်းစက်ရုံ အကြောင်းပြချက်တခုသာ click
- တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU ပြောဆို click
- မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစု ထုတ်ပြန်မှု click
- အန်အယ်လ်ဒီ ပါတီတွင်းစည်းရုံးရေး ပြန်လည်တည်ဆောက်နေ click
- ကိုညီညီအောင်ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ click
- ထောင်ချနိုင်အောင် သန်းခေါင်စာရင်းမှာ အသက်ပြင် click
- ကုန်ဈေးနှုန်းကျဆင်းရေး ဆက်လက်ဆောင်ရွက်မည် click
- စီးပွားပျက်ကပ်လွန်ဂယက် အထူးအစီးအစဉ် (ဆွေးနွေးခန်း) click
- မလေးရှားအချုပ်ခန်းများမှ မြန်မာပြည်သား (၄၉) ဦး ရန်ကုန်သို့ရောက် click
- သံပရာသီးခွဆုံမှ လူကြီးများတွေ့ဆုံခွင့်ကို အာဏာပိုင်များက ပိတ်ပင် click
- ပညာအရည်အချင်း ကွာခြား၍ လက်ထပ်ရန် ငြင်းဆိုသူ တက္ကသိုလ်ကျောင်းသူကို သူမချစ်သူက ဓားနှင့် အ ချက်ပေါင်းများစွာ ထိုးသတ် click
- အငဲ ရဲ့ 'ကိုး' တေးစီးရီး ထွက်မည် click
- ဂီတသမား မိဖုရား၊ အနောက်နန်းမတော် မမြကလေး (အသံလွှင့်ဆောင်းပါး) click
- သတင်းထဲက ဂဏန်းများ၊ လမ်းဖောက် တံတားဆောက်ရန် လှူဒါန်းကြသည့် ဆံပင်အလေးချိန် click
- အိမ်ထောင်ဆက် များရခြင်းအကြောင်းကို ထက်ထက်မိုးဦး ထုတ်ပြော click
- ပရို MNL ပွဲ ရန်ကုန်၊ မန္တလေးတွင် ကွင်းဖွင့်မည် click
- Myanmar widens war on ethnic groups click
- Burmese Forces Seize Drugs Near China Border click
- Civil War Knocking At Burma’s Doors click
- Effect on Burmese living standard click
- China: UN Seeks Access To Newly- Arrived Myanmar Refugees click
- Security Tight on Anniversary of Monk-led Uprising click
- Burma’s Attack against Ethnics Poses China Dilemma click
- ဆီဆွမ်းလောင်းအလှူပွဲတွင် အာဏာပိုင်မှ လုံခြုံရေးတင်းကြပ်ထား click
- နအဖတပ်များ စွမ်းအားရှင်အသင်းဝင် စုဆောင်း click
- မယ်လဒုက္ခသည်စခန်းတွင် ၀က်သက်ရောဂါဖြစ်ပွားမှု များပြားလာ click
- မြန်မာအလုပ်သမားတဦးအတွက် နစ်နာကြေး ဘတ် (၂၅၀,၀၀၀) ပေးရန် တရားရုံး အမိန့်ချ click
- “ကြာပါတယ်ကွာ” ဆိုတဲ့ Jenny… (အင်တာဗျူး) click
- သောကြာစကားဝိုင်း (စက်တင်ဘာ ၄၊ ၂၀၀၉) click
- Explosives plant found near China border click
- Burma’s Attack against Ethnics Poses China Dilemma click

အပြည့်အစုံသို့...

Friday, September 4, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၉-၀၉)

- သံဃာများညီညွတ်ဖို့ စာသင်သားရဟန်းများ တိုက်တွန်းလှုပ်ရှား click
- ဖုန်ကြားရှင်နဲ့ မူးယစ်ဆေးသတင်း နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖော်ပြ click
- မုန်းလားဒေသခံများ တရုတ်ပိုင်နက်ထဲ ပြေးဝင်နေကြ click
- မြန်မာ-တရုတ်နယ်စပ် ဒုက္ခသည်များ ပိုမိုထွက်ပြေးနေ click
- ကိုးကန့်ဒုက္ခသည် ကုလ တွေ့ခွင့်တောင်း click
- တရုတ်-မြန်မာနယ်စပ်မှ လက်နက်များဖြင့် ပါလက်စတိုင်း စစ်သွေးကြွများအား ပံ့ပိုး click
- ကချင်က အရေးပေါ် လူထုအစည်းအဝေး ကျင်းပမည် click
- ကချင်တပ်ဖွဲ့က နယ်ခြားစောင့်ရေး ထပ်မံစဉ်းစားဦးမည် click
- စစ်အစိုးရနှင့် KIO ကချင်အဖွဲ့ ဆွေးနွေးရန် ပြင်ဆင် click
- KIO ကချင်အဖွဲ့နှင့် စစ်အစိုးရတို့ နောက်အပတ်မှာ ဆွေးနွေးရန် ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကြားနာဖို့ တရားရုံး သဘောတူ click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်အယူခံမှု တရားရုံးလက်ခံ click
- တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့်ကို ထောင်ဒဏ် (၂) နှစ် စီရင် click
- စစ်တွေတွင် ထောက်လှမ်းရေးများ ဥပုသ်သည်ဟန်ဆောင်၍ သတင်းယူ click
- ဒီနေ့ အဓိကဦးတည်လုပ်သင့်တဲ့ လုပ်ငန်း (ဆောင်းပါး) click
- မြ၀တီခရိုင် ရဲမင်းကြီး အခွန်လွတ်စနစ်ဖြင့် ကားပွဲစားလုပ်နေ click
- တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သောကြောင့် တရုတ်ပစ္စည်းများ ဈေးတက် click
- ရန်ကုန်ဆင်ခြေဖုံး အမှိုက်တွေဖုံးလွမ်း (ဗွီဒီယိုသတင်း) click
- မြန်မာ့စာပေဆုရှင် ဒေါ်ခင်နှင်းယုနဲ့ သူ့ဝတ္ထုတွေအကြောင်း အတ္ထုပ္ပတ္တိ click
- မရှိလည်း ကောင်း ရှိမကောင်း သို့မဟုတ် စာပေကင်ပေတိုင် (ဆောင်းပါး) click
- NATO လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှာ လူ (၉၀) ကျော် သေဆုံး click
- ယူရေနီယံသန့်စင်မှု နောက်ဆုံးအဆင့် ရောက်နေပြီလို့ မြောက်ကိုရီယား ကြေညာ click
- အာဖဂန်အရပ်သား သေကြေမှု နေတိုး စုံစမ်းမယ် click
- ထိုင်းတောင်ပိုင်းက ကွန်မြူနစ်ဟောင်းကြီးတွေ click
- Burmese Court Agrees to Aung San Suu Kyi Appeal click
- WHO: H1N1 flu widespread in South Asia click
- Pandemic (H1N1) 2009 - update 64 click
- 10,731 Myanmar border inhabitants return to Kokang after fighting ends click
- A Tangled Webb in Burma click
- UNHCR urges China grant access to Myanmar refugees click
- More Chinese Flee Burma as Kokang Remain Stranded in China click
- တော်သလင်းလပြည့်နေ့တွင် သံဃာတော်များ ဆန္ဒပြရန် ကြိုးစား click
- သံဃာတော်တပါးကို အာဏာပိုင်များက လှည့်ဖြား၍ ဖမ်းဆီး click
- လောက်ကိုင်တွင် ကုလသမဂ္ဂ ၀န်ထမ်း (၈၀) ခန့်ကို နအဖက ပိတ်ဆို့ click
- ကိုးကန့်ပြဿနာ ပြည်မထဲသို့ ဆွဲသွင်းပါဟု ဗကပ ရဲဘော်ဟောင်း ပြော click
- နိုင်ငံရေးလိုအပ်ချက် မတူတော့သည့်အတွက် ကိုးကန့်အရေး စစ်အစိုးရ ဖန်တီးခဲ့ဟု ဗကပ ပြော click
- ကိုးကန့်နှင့် နအဖတိုက်ပွဲကြောင့် ကိုးကန့်နှင့် ၀ လုပ်ငန်းရှင်များ မထိခိုက်နိုင် click
- ဝေ နှင့် စစ်အစိုးရ ပေါင်းမိလျှင် UWSA မလွယ် click
- ဖုန်ကြားရှင်းတို့အား လွှဲအပ်ပေးရန် ၀ တပ်ဖွဲ့ထံ နအဖတပ်မှူး စာရေးတောင်း click
- မိုင်းလားတပ်ဖွဲ့ထံ စရဖ ညွှန်ချုပ် စာရေးချွေးသိပ် click
- စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့ပါက အသက်အန္တရာယ် စိုးရိမ်ရ click
- ကေအိုင်အိုကိုယ်စားလှယ်များ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့မည် click
- အပစ်ရပ် မွန်ဒေသတွင်လည်း မတည်မငြိမ်ဖြစ်နေ click
- တယောက်အားနဲ့ဆိုသော် မရ (အယ်ဒီတာ့အာဘော်) click

ဦးဖုန်ကြားရှင်၏ နေအိမ်နှင့် လောက်ကိုင်မြို့မြင်ကွင်း (ပေးပို့ - nyotun)
- ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ခွင့်ရ click
- ရန်ကုန်တိုင်းတရားရုံး ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာ တင်သွင်း click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ တိုင်းရုံးက လက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းတရားရုံးမှာ ဒီနေ့အယူခံတင်သွင်း click
- တကိုယ်တော်ဆန္ဒပြ ဗိုလ်ကြီးဟောင်း ထောင်ဒဏ် ၂ နှစ် click
- လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ မစ္စဆူဆန်ရိုက်စ် မြန်မာ့အရေး ဆွေးနွေးမည် click
- လေဒီရှရီရမ်ကောလိပ်ကျောင်းက မြန်မာ့ဒီမိုကရေစီအရေး မှတ်တမ်းရုပ်ရှင် ပြသ click
- ဦးရွှေအုန်းနှင့် တတိယအင်အားစု မဟာမိတ်အဖွဲ့ ဖွဲ့စည်းမည် click
- ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့ (ဆောင်းပါး) click
ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
- မင်းသားကြီး ထွန်းဝေ၏ ဓာတ်ပုံနှင့် နာမည် ဖော်ပြခွင့်ရ click
- မြန်မာ့အထည်ချုပ် တူရကီနှင့် ဒေါ်လာ (၆) သန်းခွဲဖိုး သဘောတူ click
- အမျိုးသမီးများ၏ မလုံမခြုံ ခန္ဓာပုံများ ခိုးရိုက်သူ ထောင်ကျ click
- ရန်ကုန်ရပ်ကွက်များစွာ ရေမရ ပြည်သူများ ဒုက္ခရောက် click
- တိုင်းရင်းဆေးနှင့် ငရုတ်ဆီများ ထပ်မံပိတ်ပင် click
- ရောင်းသူရော စားသုံးသူပါ ကုန်သွယ်ခွန်ပေးရမည် click
- မြန်မာလူငယ်လေး မောင်သောင်ဒီ ဂျပန်နိုင်ငံသို့ သွားခွင့်ရ click
- စက္ကူလေယာဉ်ချန်ပီယံ မြန်မာကလေးကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ click
- စက္ကူလေယာဉ်ချန်ပီယံ မြန်မာကလေးငယ်ကို ထိုင်းက ပတ်စ်ပို့ ထုတ်ပေးပြီ click
- အသက် (၁၂) နှစ်အရွယ် မြန်မာနိုင်ငံသား ထိုင်းနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရ click
- သူခိုး (၀တ္ထုတို) click
ဘယ်သူပျက်ပျက် ဂက်စ်အတွက်ဆို Yes (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- Burma agrees to hear Aung San Suu Kyi's appeal against house arrest click
- Court Accepts Suu Kyi’s Appeal click
- Unhcr wants refugee access click
- Myanmar police seize drugs click
- Passport for stateless boy click
- Letter: Myanmar's Constitution click
- ILO Turns Spotlight on Burma to End Forced Labor click
- Junta paying greater attention to US concerns over narcotics production and smuggling click
- Over 9,300 Myanmar border inhabitants return to Kokang after fightings end click
- Myanmar seizes some stimulants in Kokang region click
- Foreign Weapons Kill the Blockade on Burma click
- Moderate earthquake hits NE India, 4th in one month click
- International red cross to help build schools in Myanmar cyclone-hit areas click

အပြည့်အစုံသို့...

Thursday, September 3, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၉-၀၉)

- စာသင်သံဃာများကို ၀ါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက် click
- ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အယူခံတင်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာတင်သွင်း click
- အပစ်ရပ် ဒေသခံတို့ နေရာပြောင်းရွှေ့ click
- ကိုးကန့်ဒေသ ဖောက်ထွင်းလုယက်သူ စစ်အစိုးရတပ်သာဖြစ်နိုင် click
- ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် click
- ထိုးစစ်ကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များ (ဗွီဒီယို) click
- စစ်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် နိုင်ငံခြားခရီးသည် လျော့ကျ click
- ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး စစ်အစိုးရ ပြင်ဆင်နေ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ စည်းရုံးရေးလိုက်ဆင်းနေ click
- မြန်မာ့စွမ်းအင်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု click
- မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု စွပ်စွဲခံထားရသူကို ရုံးထုတ် (Update) click
- ဂျပန်ပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား ထိုင်းခရီးသွားလက်မှတ်ရပြီ click
- ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန်သွားနိုင်ပြီဟုဆို click
- မိုးရာသီ အီလက်ထရွန်းနစ် ပစ္စည်းရောင်းချပွဲ click
- ဒိုင်နာကို ကန့်သတ်ပြီး ကားကြီးများ အစားထိုးမည် click
- ဂက်တီ (ခရီးသွားဆောင်းပါး) click
- အာဖဂန်စစ် အနိုင်ရရေး အမေရိကန်ဗျူဟာသစ် အချိန်ပေးဖို့လို click
- တရုတ် ရှင်ဂျန်းပြည်နယ် လူမျိုးရေးအဓိကရုဏ်း ထပ်ဖြစ် click
- ၀က်တုပ်ကွေး ကာကွယ်ဆေး တရုတ် အတည်ပြု click
- ဆေးထိုးအပ်နဲ့ ထိုးလို့ ရှင်ဂျင်းမှာ ဆန္ဒပြပွဲတွေ ပြန်ဖြစ် click

ကာတွန်း စောငို (မိုးမခ၀က်ဘ်ဆိုက်)
- Aung San Suu Kyi to Appeal Conviction click
- Suu Kyi’s Lawyer Lodges Appeal against Her Conviction click
- Junta pressures Mon party leaders click
- Kokang Conflict Highlights Tatmadaw Xenophobia click
- China Fails to Prevent Myanmar’s Ethnic Clashes click
- Quake hits India, Myanmar click
- Who's next for the Rambo 'liberation' treatment? click
- Junta Continues its Campaign against Burmese Diversity click
- BURMA: ILO Turns Spotlight on Officials to End Forced Labour click
- မေတ္တာပို့လမ်းလျှောက်ဖူးတဲ့ သံဃာတော်များ ထိန်းသိမ်းခံနေရ click
- သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ် click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ မနက်ဖြန် တင်သွင်းမည် click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတင် click
- ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ပြီ click
- ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့သည့် ကျောင်းတွင် မြန်မာ့မှတ်တမ်းရုပ်ရှင် ပြသ click
- ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း (ဆောင်းပါး) click
- ဝ ဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင် click
- အပစ်ခတ်ရပ်နယ်မြေအတွင်းရှိ ဒေသခံလူထု တိုက်ပွဲများအတွက် စိုးရိမ်နေ click
- KIO ဌာနချုပ်ရှိ ဒေသခံများ တရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်က လက်မခံ click
- ကိုးကန့်ဒေသတွင် စစ်အစိုးရတပ်က လူမျိုးရေးခွဲခြားဆက်ဆံ နှိပ်စက်ညှဉ်းပန်း click
- ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန် click
- ကိုးကန့်ပဋိပက္ခ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကို ဖော်ပြ (ဆောင်းပါး) click
- ကိုးကန့်နှင့် နအဖစစ်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်တွင် မငြိမ်မသက်ဖြစ် click
- ကိုးကန့်နယ်မြေ တည်ငြိမ်အေးချမ်းပြီဟု အစိုးရပိုင် သတင်းစာက ဖော်ပြ click
- ဘူးသီးတောင်မြို့တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းမည် click
- ဒီကေဘီအေ ၉၉၉ တပ်များ ထိုင်းရွာကို လုယက်တိုက်ခိုက် click
- ငွေတောင်းခံခြင်းကြောင့် မွန်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွား click
- မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းနှင့် နအဖတိုင်းမှူး ထပ်မံတွေ့ဆုံ click
- စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင် ငြိမ်းချမ်းရေးဟာ အနှုတ်လက္ခဏာ (ဆောင်း ပါး) click
- လွှတ်တော်ဆောက်ရန် သိန်း (၅၀) အထက် အလှူခံ click
- ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် (၁၈) နှစ်အထက် လူဦးရေစာရင်း ကောက်ယူ click
- သတင်းပေးသင်တန်းအတွက် လူရှာရန် ကြံ့ဖွံ့ ညွှန်ကြား click
- ဂြိုဟ်တုစလောင်းမတပ်ရန် ပြည်သူများကို တားမြစ် click
- မြို့နယ်ဥက္ကဌ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုကို အောက်ခြေဝန်ထမ်းများ မကျေနပ် click
- နယ်ချဲ့တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့သူ ဗိုလ်မှူးစိုးလွင် ကွယ်လွန် click
- ထွက်ပြေးသည့် ကလေးစစ်သားကို ပြည်ခိုင်ဖြိုးက ဖမ်းဆီး၍ ဆုငွေယူရန် ကြိုးစား click
- အာဏာရှင်ဘောလုံးအသင်းနဲ့ ဒီမိုကရေစီဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ဘောပွဲ (အသံဖိုင်) click
- မြန်မာ့အဏုမြူစီမံကိန်းကို အနီးကပ်စောင့်ကြည့်ဖို့ အချိန်တန်ပြီ click
- ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ (ဆောင်းပါး) click
- ဓာတ်ခွဲခန်းကားဖြင့် အစားအသောက်များတွင် ဆိုးဆေးသုံးမှု ရှောင်တခင်စစ်ဆေး click
- ငွေချပေးမှု မလုံလောက်သဖြင့် လမ်းများ အချိန်မီမပြင်နိုင် click
- နာဂစ် (၁) နှစ်နှင့် (၄) လ ပြည့်ပြီ၊ လိုအပ်ချက်များ ရှိနေဆဲ click
- တနိုင်ငံလုံး ကြွပ်ကြွပ်အိတ်ကင်းစင်ရန် လုပ်ကိုင်သင့်ဟု FREDA ပြောဆို click
- ကြွပ်ကြွပ်အိတ်များက ရန်ကုန်အမှိုက်ပြဿနာကို ထပ်မံတိုး click
- စက်ရုံများတွင် ကိုယ်ပိုင် မီးအားထိန်းညှိစက် တပ်ရမည် click
- ရန်ကုန်အင်တာနေရှင်နယ်ကျောင်းသား (၅) ဦး လူတုပ်ကွေးရောဂါ ကူးစက်ခံရ click
- မြန်မာအလုပ်သမား (၂၄) ဦး အလုပ်ထုတ်ခံရ click
- မြန်မာမှ မှောင်ခိုစားဆီများ ဘင်္ဂလားက ဖမ်းဆီး click
- ထိုင်းသူဌေးများအလှူတွင် မြန်မာဆင်းရဲသားအများစု အလှူခံ click
- ထိုင်းနိုင်ငံဖွား မြန်မာကလေး ဂျပန်သွားရန် ထိုင်းအစိုးရ ခွင့်မပြု click
- အင်အားပြင်းငလျင်ကြီး အင်ဒိုနီးရှားမှ လှုတ်ခတ် click
- Burma's Suu Kyi appeals against conviction click
- Suu Kyi lawyers: Eleven reasons for appeal click
- Junta Targets Ethnic Rebels to Forge Unity Ahead of Polls click
- Analysis: US reignites debate over Myanmar sanctions click
- 26 Kokang local people arrested for looting during fightings click
- Burma's Rising Toll click
- The false and dangerous Allure of Nuclear Weapons click
- Over 7,800 Myanmar border inhabitants return to Kokang after fightings end click

အပြည့်အစုံသို့...

ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ ဗကပ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန် ချက် + Poisonous political thinking (Zaw Naing Wynn)

Pr4-2009+Poisonous Political Thinking (Zaw Naing Wynn)

အပြည့်အစုံသို့...

ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …

ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …
ဒေါက်တာလွဏ်းဆွေ

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်သို့ ကျနော်ရောက်သွားချိန်တွင် လူငယ်ကဗျာဆရာတချို့ အချင်းချင်း ဖက်ငိုသူ ငို၊ ကဗျာရွတ်သူရွတ်နှင့် ပေါက်ကွဲနေကြသည်။ မြေလတ်သား ကဗျာဆရာလေးတစ်ဦးက “ဆရာလွဏ်းရေ … ဆရာချော မရှိတော့ဘူးဗျ” ဟု ငိုသံပါကြီးနှင့်ပြောကာ ကျနော့်ကို ပြေးဖက်သည်။ ထို့နောက် သူက ကျနော့်ကို ဆရာမောင်ချောနွယ် ရုပ်ကလာပ် ပြင်ထားသည့် နေရာဆီ ခေါ်သွားသည်။

အခန်းလေးထဲ ကျနော်ဝင်လိုက်ချိန်တွင် မမမြင့်နှင့် သမီးအလတ်က အငိုမျက်နှာကိုယ်စီနှင့်ထလာပြီး ကျနော့် ကို ဖက်ငိုပြန်လေသည်။ မည်သို့နှစ်သိမ့်ရမည်မှန်း ကျနော်မသိ၊ မျက်ရည်မကျမိအောင်လည်း တင်းထားရင်း ဇာပုဝါပါးအဖြူကိုကပ်၍ ဆရာချောကို ကျနော် ငုံ့ကြည့်နေမိသည်။ ဆရာချောမျက်နှာ တော်တော်ချောင်ကျ သွားသည်။ ခန္ဓာကိုယ်ထဲက ကဗျာဓာတ်တွေကို မြေကမ္ဘာပေါ် အကုန်အစင် သွန်ချပေးခဲ့၍လားမသိ၊ ဆရာ ချောကို ကြည့်ရတာ လူလုံးနည်းနည်းပိုသေးသွားသလို ခံစားရသည်။ “အကိုရေ ဒီမှာ အကို တမေးထဲမေးနေ တဲ့ ဒေါက်တာလွဏ်း လာပြီလေ၊ ထကြည့်ပါဦး” ဟု မမမြင့် ဟစ်ငိုလိုက်ချိန်မှာတော့ ကျနော် စိတ်မထိန်းနိုင် တော့ဘဲ မျက်ရည်ပေါက်တွေ စီးကျလာတော့သည်။ ဆရာချောရုပ်ကလာပ်ကို ခပ်ဝါးဝါးမြင်နေရင်း ခွင့်လွှတ်ပါ ဆရာချောရေလို့ပဲ ကျနော် အသံတိတ် တောင်းပန်နေမိတော့သည်။

တကယ်တမ်းလည်း ဆရာချော အခုလောက် ခပ်မြန်မြန်ကြီး ထွက်ခွာသွားလိမ့်မည်ဟု ကျနော်ထင်မထားခဲ့။ သို့သော် ဆရာချောကိုယ်တိုင်က ထိုနှစ်အတွင်း သူ့ကိုယ်သူသိနေသည့် အရိပ်အယောင်တွေ ပြနေခဲ့တာကို ကျနော်အမှတ်ရနေသည်။ ထိုဆုံးမည့်နှစ် ဖေဖော်ဝါရီ (၃) ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသည့် အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အခမ်းအနား၌ ဆရာချောနှင့် ကျနော်တို့ ဆုံဖြစ်ကြသည်။ အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်း ကျနော် ကင်မရာလွယ်ပြီး လျှောက်နေစဉ် ဆရာချောက ကျနော့်ကို လှမ်းခေါ်သည်။ ဘုန်းကြီးကျောင်းအတွင်းရှိ စေတီလေးကို နောက်ခံထားပြီး သမံတလင်းပေါ်ထိုင် လျက် ဒူးထောင်ပြီး ဒူးပေါ်ကနေ လက်နှစ်ဖက်ကို တွဲလောင်းချထားသည့် အနေအထားနှင့် သူ့ကို ဓာတ်ပုံ ရိုက်ခိုင်းသည်။

ဓာတ်ပုံရိုက်အပြီး ဆရာချော ပြောလိုက်သည့် စကားကြောင့် ကျနော်လန့်သွားသည်။ ဆရာချောက ထိုဓာတ် ပုံကို သူသေလျှင် အခေါင်းမှာ ကပ်ပေးဖို့ ကျနော့်ကို ပြောခြင်းဖြစ်သည်။ ကျနော်က နိမိတ်မရှိ နမာမရှိ ဆရာ ချောရယ်ဟု ခပ်ဖော့ဖော့ ပြန်ပြောလိုက်သည်။ ထိုနေရာတွင် ဆရာချော အချိန်အတော်ကြာ ငေးငေးငိုင်ငိုင် ဆက်ထိုင်နေသည်။ ထိုနေ့က အခမ်းအနားအပြီး ထမင်းစားခါးနီးတွင် ဆရာချော ရှိုက်ကြီးတငင် ငိုနေလေ သည်။ ဆရာချော ဘာဖြစ်လဲ မေးလို့မရ။ မရပ်မနား ငိုနေသည်။ ဆရာချော အငိုရပ်အောင် မနည်းလမ်းလွှဲပြီး ဆရာချောနှင့် ဓာတ်ပုံတွေ စုရိုက်ကြသည်။ ထိုကတည်းက ဆရာချော သူ့ကိုယ်သူ သိနေပုံရသည်။ ဟုတ် လည်း ဟုတ်သည်၊ ထိုနှစ် စက်တင်ဘာ (၃) ရက်နေ့မှာပင် ဆရာချော ကွယ်လွန်ခဲ့သည်လေ …။

♠ ♠ ♠ ♠ ♠

ဆရာချောမဆုံးမီ နှစ်ပတ်ခန့်တွင် မြောက်ဒဂုံ၌ အိမ်ငှားနေသည့် ဆရာချောထံမှ ကျနော့်ဆီ စာတိုတစ်စောင် ရောက်လာသည်။

ဒေါက်တာလွဏ်း …

ဒေါက်တာလွဏ်း တွန်းလွှတ်ရှန်တိန်လုပ်လိုက်တဲ့ မောင်ချောနွယ်ဆိုတဲ့ ရထားကြီး မြောက်ဒဂုံမှာ ဆိုက်ကပ် နေပါပြီ။ အသည်းအသန် နာမကျန်းဖြစ်နေပါတယ်။ အဆင်ပြေရင် ဟဲမင်းဝေနဲ့ ဆေးဖိုးဝါးခလေး မစပါဦး။

သင့် …
ချော

ဆရာချောရေးသည့် စာသားအတိအကျကို ကျနော်မမှတ်မိတော့။ သို့သော် စာက ယခုအဓိပ္ပါယ်အတိုင်း တိုတို တုပ်တုပ်ပင်။ ဆရာချောမဆုံးမီ နှစ်ပတ်လောက်တွင် ဟဲမင်းဝေဆိုသည့် စာပေ၀ါသနာရှင်လေးနှင့် ထိုစာတို လေး ကျနော့်ဆီ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုနေ့ညနေက ၀ပ်ကျင်းရှိရာ (၂၇) လမ်း အောက်ဘလောက်ရှိ မြားနတ်မောင်မဂ္ဂဇင်းတိုက်ဆီသို့ ကျနော် ခပ် စောစော ပြန်ရောက်နေသည်။ အခါတိုင်းနေ့များတွင် ညနေ (၅) နာရီခန့်ဆိုလျှင် စာပေသမားများ ဆုံဆည်းရာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ကျနော် ပုံမှန်ချီတက်နေကျ။ လေထန်ကုန်း လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည့် ဧည့်သည်များနှင့်ရော မချိန်းဘဲတွေ့ရသည့် အနယ်နယ်အရပ်ရပ်မှ ကြုံရာဆုံရာ စာပေမိတ် ဆွေများနှင့်ပါ စကားဖောင်ဖွဲ့နေကျ၊ သို့တည်းမဟုတ် မဂ္ဂဇင်းအတွက် လိုအပ်သည့် ကိစ္စ၀ိစ္စမှန်သမျှ လုပ်စရာရှိ သည်ကို လုပ်၊ ပြီးလျှင် ရင်ဘတ်တူသူ မိတ်ဆွေအနုပညာသမား တစ်ဦးမဟုတ် သုံးလေးဦးနှင့် နေညိုချိန်ကို ဖြတ်သန်းရန် သင့်တော်သည့် စားသောက်ဆိုင် သို့မဟုတ် သေတင်းကုပ်တွေဆီကီု ချီတက်နေကျ။ ညဥ့်နက် နေကျ။

ထိုနေ့က ဘာကြောင့်ရယ် မမှတ်မိတော့။ မြားနတ်မောင်ဝပ်ကျင်းဆီကို ကျနော် စောစောပြန်ရောက်နေခဲ့သည်။ ဟဲမင်းဝေပြသည့် စာတိုလေးကိုဖတ်ရင်း အယ်ဒီတာစားပွဲတွင် ကျနော် ခေတ္တငိုင်နေမိသည်။ ဆရာချောစာ ကိုဖတ်ရင်း မျက်စိထဲတွင် “သတိ ပေါက်ကွဲတတ်သည်၊ တွန်းလွှတ်ရှန်တိန် မလုပ်ရ” ဟု ရေးထားသည့် ရထားတွဲကြီးများကို ပြေးမြင်သည်။ ကျနော်အကြံပြုတာ မှားသွားပြီးလား၊ ဆရာချောကို တကယ်ပဲ တွန်း လွှတ်ရှန်တိန် လုပ်လိုက်မိသလား တမဟုတ်ချင်း အတွေးတွေ စီတန်းသွားတော့သည်။ ဖျတ်ကနဲ သတိပြန် အကပ်တွင် အံဆွဲထဲမှ ငွေနှစ်ထောင်ထုတ်ပြီး ဟဲမင်းဝေကို ပေးလိုက်သည်။ သူက ဆရာချောဆီ ဘာမှာဦး မလဲ မေးသည်။ ဆရာချောကို လာကြည့်ဦးမည့်အကြောင်း ကျနော့်ပျက်ကွက်မှုများအပေါ် ဟဲမင်းဝေမှတစ် ဆင့် တောင်းပန်စကား ပါးလိုက်ပါသည်။

ဟဲမင်းဝေး ပြန်သွားပြီးနောက် အယ်ဒီတာစားပွဲတွင် ပြန်ထိုင်ပြီး ဆရာချောပေးလိုက်သည့် စာတိုလေးကို ကျနော် ပြန်ဖတ်နေမိသည်။ ဖတ်နေရင်း စိတ်ထဲကြေကြေကွဲကွဲ ခံစားရသည်။ ထိုစာလေးရပြီး နှစ်ပတ် လောက်အကြာတွင် ဆရာချော ဆုံးသည်။ မဂ္ဂဇင်း ဖောင်ပိတ်ချိန်၊ ရုံးတင်ချိန်တွေနှင့် တိုက်ဆိုင်နေသဖြင့် မဂ္ဂဇင်းကိစ္စတွေ ခေါင်းရှင်းသွားမှ ဆရာချောဆီ အေးအေးဆေးဆေး သွားမည်ဟု ပိုင်းဖြတ်ထားသော်လည်း ကွယ်လွန်ချိန်အထိ ဆရာချောဆီ ကျနော် မရောက်ဖြစ်ခဲ့။

♠ ♠ ♠ ♠ ♠

ထို့နေ့က ကျနော်နှင့် ဆရာချောနှစ်ယောက်တည်း အေးကဖီးတွင် လက်ဖက်ရည်သောက်ရင်း စကားပြောနေ ခဲ့သည်။ အေးကဖီးဆိုသည်က မြားနတ်မောင်မဂ္ဂဇင်းတိုက်ရှိရာ ပထမထပ်နှင့် မျက်စောင်းထိုးရှိ မြေညီထပ် အိမ်ဆိုင်ကလေးဖြစ်သည်။ စကားပြောရတာ အေးအေးဆေးဆေးရှိသည်။ ကျနော်က ဆရာချောကို သူ့မိ သားစုအတွက် အကြံပြုစကားတွေ ပြောနေမိသည်။ ဆရာချောကလည်း ကျနော်ပြောသည်ကို အသံတိတ် နား ထောင်ပြီး ခေါင်းငိုက်စိုက်ချ စဉ်းစားနေသည်။

“ဒီလိုပါ ဆရာချော … အိမ်ငှားဖို့အတွက် ဆရာချော ခဏခဏ စိတ်ပင်ပန်းနေရတာကို ကျနော် မခံစားနိုင်ဘူး။ ကြည့်လည်း မကြည့်ရက်ဘူး။ ဆရာချောအတွက် ထည့်ဝင်တဲ့ ရဲဘော်အားလုံးက ဆရာချောအပေါ် ရက် ရောပြီးသား၊ ဒါကိုလည်း သံသယ ရှိစရာမလိုဘူး။ ဒါပေမယ့် တစ်ခေါက်တလေ ဆရာချောလိုတဲ့အချိန်မှာ အဆင်မပြေတဲ့သူက မပေးနိုင်ခဲ့ရင် ဆရာချောလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော် အခုလို အကြံပြုတာပါ။ ဆရာချော လက်မခံဘူးဆိုလည်း ဆရာချောလိုတဲ့ အိမ်ငှားခကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျနော်ထည့်ဝင်မှာပါ။ အဲဒီအတွက်တော့ ဆရာချော ကျနော့်အပေါ် သံသ ယမရှိပါနဲ့။ ဒါပေမယ့် စမ်းချောင်းမှာ တစ်လ နှစ်သောင်းနဲ့ ခြောက်လတစ်ခါ ဆရာချော စိတ်ပင်ပန်းနေ ရတာထက်စာရင် ဒီငွေပမာဏပဲလေ ဆရာချော၊ မြောက်ဒဂုံလို နေရာမျိုးမှာ ခြောက်ထောင်လောက်နဲ့ ငှားနေ မယ်ဆိုရင် တစ်နှစ်ခွဲလောက် ဆရာချော စိတ်မပင်ပန်းရတော့ဘူးပေါ့။ အဲဒါဆို ကျနော်တို့လည်း ဆရာချော အတွက် ပိုစိတ်ချမ်းသာရမယ်။ ကျနော်က ဒီသဘော ပြောတာပါ။ ကျနော်ဆိုလိုတာကို ဆရာချော နားလည် မယ်ထင်ပါတယ်”

စကားပြောနေရင်း ဆရာချောကို ကျနော် အကဲခတ်ကြည့်ရှူနေမိသည်။ ဆရာချောကို ကြည့်ရသည်မှာ အား နည်းနေပြီး နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးရှိပုံ မပေါ်။ တစ်စုံတစ်ခု ဖိစီးနေသည့် အသွင်ပေါ်နေသည်။ ကျနော့် စကားအဆုံးတွင် ခေါင်းငိုက်စိုက်ချပြီး နားထောင်နေသည့် ဆရာချော နဖူးမှ ချွေးစေးတွေကို လက်နှင့်သပ်ချ ရင်း တိုးတိုညှင်းညှင်း စကားဆိုသည်။

“ဒေါက်တာလွဏ်း စေတနာကို ကျနော်နားလည်ပါတယ်။ နောက်ပြီး ဒေါက်တာလွဏ်းရဲ့ အကြံပြုချက်ဆိုရင် တော့ မမမြင့်ရော သမီးတွေကော လက်ခံမှာပါ။ ကျနော် အိမ်ရောက်ရင် အမြန်ဆုံး အရေးပေါ် အစည်းအဝေး ထိုင်လိုက်ပါမယ်။ ပြီးရင် ဒေါက်တာလွဏ်းဆီကို ပြန်လာခဲ့မယ်”

တစ်ရက်ခြားအကြာ နေ့လည်ခင်းတွင် မဂ္ဂဇင်းတိုက်ပေါ်သို့ ဆရာချောနှင့် မမမြင့် တက်လာသည်။ လင်မယား နှစ်ယောက်စလုံး အခန်းကျဉ်းလေးထဲရှိ ကျနော့်အယ်ဒီတာစားပွဲရှေ့တွင် ကျပ်ကျပ်တည်းတည်း ထိုင်ကြ သည်။ ထိုင်ထိုင်ချင်းပင် ဆရာချောက “ဒေါက်တာလွဏ်း အကြံပေးတာကို သမီးတွေကော တအိမ်သားလုံး ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီ။ အခုမြောက်ဒဂုံမှာ အိမ်ငှားဖို့ သမီးအလတ် စုံစမ်းနေတယ်။ ရတာနဲ့ ပြောင်းကြမယ် … ဒေါက်တာလွဏ်း ၀မ်းသာရအောင် မမမြင့်ကိုပါ ခေါ်လာပြီး လာပြောပြတာ” ဟု ၀မ်းသာ အားရ ပြောလေသည်။ မမမြင့်ကလည်း ပြုံးပြုံးပြုံးပြုံးနှင့် ထောက်ခံပြောဆိုသည်။ ကျနော်လည်း အတိုင်းမသိ ၀မ်းသာသွားပြီး ဆရာချောအား ကတိပြုထားသည့်ငွေကို အံဆွဲထဲမှ ချက်ချင်းထုတ်ပေးလိုက်သည်။ ဆရာ ချောတို့လင်မယား ပြုံးပြုံးရွှင်ရွှင် ပြန်သွားသည်ကို ကြည့်ရင်း ကျနော်ကြည်နူးနေမိပါသည်။

ဆရာချောအိမ်ငှားခါနီးတိုင်း ၀ိုင်းဝန်းထမ်းပိုးကြသည့် ရဲဘော်တစ်ကျိပ်ကျော်လောက်ရှိသည်ဟု ကျနော်မှတ်မိ နေသည်။ ပြည်ကနေ ဖောင်ဖျက်လာပြီး ဆရာချောတို့မိသားစု ပထမဆုံးအခေါက် အိမ်ငှားနေဖို့ ကြိုးပမ်းစဉ်က ဖြစ်သည်။ တစ်ရက်တွင် ဆရာချောနှင့် မမမြင့် မဂ္ဂဇင်းတိုက်ပေါ်ရောက်လာသည်။ အခြေအနေကို အကျဉ်းရုံး ပြောပြသည်။ ထို့နောက် ဆရာချောက ကျနော့်ကို စာရွက်လေးတစ်ရွက် ပေးဖတ်သည်။ စာရွက်ပေါ်တွင် နာမည်တွေ တန်းစီရေးထားပြီး အမည်တစ်ခုချင်းဘေးတွင် ငွေပမာဏတွေကို စီရေးထားတာတွေ့ရသည်။ ကျနော့်နာမည်အပါအ၀င် နာမည်တစ်ဒါဇင်လောက် ရှိမည်ထင်သည်။ ဆရာမောင်သစ်မင်း၊ ဆရာသုခမိန်လှိုင်၊ ဆရာဝင်းမင်းထွေး၊ ဆရာမုတ်သုန်၊ ဆရာမောင်ပြည့်မင်းတို့၏ နာမည်တွေကိုတော့ ကျနော်မှတ်မိနေသည်။ စာဖတ်အပြီးတွင် ဆရာချောက “အဲဒါပဲ ဒေါက်တာလွဏ်းရေ … ကျနော့်မှာလည်း အရေးအကြောင်းဆို စိတ်ချလက်ချ ဖက်တွယ်ရဲတဲ့ ရဲဘော်က တစ်ကျိပ်ပိုပိုရယ်” ဟု ပြောပြီး ကျနော့်ကို နွမ်းနယ်သည့်အပြုံးနှင့် ကြည့်နေလေသည်။ ကျနော် ဆရာချောအပြုံးကို အလျင်အမြန် နားလည်လိုက်ပြီး “အိုကေ ဆရာချော၊ နိုးပရော်ဘလမ် … ဘယ်နေ့လောက်ရရင် ဆရာချော အဆင်ပြေမလဲ၊ အခုလောလောဆယ်တော့ မဂ္ဂဇင်းမဖြန့် ရသေးလို့” ဟု ပြောကာ ရက်ချိန်းသာ ပေးလိုက်ပါတော့သည်။

ထိုမှ တစ်ခေါက် … နှစ်ခေါက် … သုံးခေါက်မြောက်တွင် ဆရာချောအား အထက်က အကြံပြုစကားကို ကျနော် ပြောဖြစ်ခဲ့ခြင်း ဖြစ်မည်ထင်သည်။

♠ ♠ ♠ ♠ ♠

တကယ်တော့ ဆရာချောကို ကျနော်တို့ ထမ်းပိုးနိုင်ခဲ့သည်က နှမ်းတစ်စေ့လောက်တောင် ရှိမည်မထင်။ သို့ သော် ဆရာချော ကျနော်တို့အပေါ် ကြဲချပေးခဲ့သည့် ကဗျာကောင်း၊ စာကောင်းတွေကတော့ နှမ်းပုံကြီးတစ်ပုံ စာမက အတိုင်းအဆမရှိ ထုထည်ကြီးမားလွန်းခဲ့ပါသည်။ ဆရာချော၏ ကဗျာကျေးဇူးတွေကို ဆပ်မည်ဆိုလျှင် မိခင်နို့ဖိုးကို ကျေအောင်ဆပ်ဖို့ ကြိုးစားသလိုပင် ဖြစ်လိမ့်မည်ထင်သည်။ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ် တွင် ပေးဆပ်သူ သူရဲကောင်းများက ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်း မဖောက်မပြန် မွေးမြူပေးဆပ်ခဲ့ကြ သော်လည်း ရယူခဲ့ကြသည့် ကျနော်တို့က တာဝန်ကျေအောင် မထမ်းပိုးနိုင်ခဲ့ကြ။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ တွင် တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်ခဲ့ကြရသည့် ကျနော်တို့အနေနှင့် ဆရာချောအပေါ် တာဝန်မကျေ နိုင်ခဲ့သလို အခြားအခြားသော ထမ်းပိုးထိုက်သူ အားလုံးအပေါ်လည်း ကျနော်တို့ တာဝန်မကျေနိုင် ဖြစ်ခဲ့ရ သည့်အတွက် တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသည်။ သို့ပေမယ့် ဆရာချောတို့လို ပေးဆပ်သူ တွေက ခွင့်လွှတ်နားလည်ပေးခဲ့ကြသည်လေ။

ဆရာချောတို့က ခွင့်လွှတ်လေလေ ကျနော်တို့မှာ ပိုကြေကွဲရလေ ပိုပြီးလွမ်းဆွတ်ရလေပါ ဆရာချော …
အဲဒီလွမ်းဆွတ်မှုတွေနဲ့ပဲ ဆရာချောတို့အပေါ် ကျနော်တို့ရဲ့ တာဝန်မကျေခဲ့မှုတွေကို ဖြေသိမ့်ပါရစေတော့ … မြားနတ်မောင်မှာ ရေးဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ တာဝန်ခံအယ်ဒီတာစကား (ကဗျာ) လေးနဲ့ပဲ ဆရာချောကို နှုတ် ဆက်ဂုဏ်ပြုပါရစေတော့ …

ကဗျာဆရာ မောင်ချောနွယ် (သို့မဟုတ်) ဟိမ၀န္တာကျားသစ်နက်

“ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာကျားသစ်နက် ဖြစ်ခဲ့ပါတယ်။”

မောင်ချောနွယ်
(ရေနံအစမ်းတွင်းတစ်တွင်းရဲ့ အိုင်ထွန်းမှုမှ …)

၅-၉-၂၀၀၂
‘ကိုချောရေ … သွားတော့’
ဒီအသံနက်ကြီးထဲ ကြက်သီးမွေးညင်းထခဲ့
မမေ့နိုင်စရာ
အဘိဓမ္မာတူသူတွေရဲ့ ဆို့နင့်သံ
ယုံကြည်ချက်တူသူတွေရဲ့ ကြေကွဲသံ
ခံစားချက်တူသူတွေရဲ့ ပင့်သက်ရှိုက်သံ
ကဗျာဆရာတွေရဲ့ ပေါက်ကွဲငိုကြွေးသံ
…………….. အသံတွေ
…………….. အသံတွေ
နျူကလီးယား မှိုပွင့်ကြီးအလား
ပေါင်းစည်းလွင့်တက်သွား
ဆရာချော ကောင်းရာသုဂတိလားပါစေ။

၅၃ နှစ်သား
ဟိမ၀န္တာကျားသစ်နက်ကြီးရေ …
မသေချာမှုတောနက်ထဲ ကျင်လည်ကျက်စားရင်း
ကဗျာမြားအစင်းစင်း ပစ်ခွင်းရင်း
သေချာမှုတစ်ခုနဲ့ ထွက်ခွာသွားခဲ့ပြီလား
ကျွန်တော်တို့ နှလုံးသားတွေထဲက
နားလည်မှုတေးသွားတွေကတော့
အပြာရောင်မိုးကောင်ကင်ထက်မှာ
ထာဝရ လွင့်ပျံနေမှာပါ။

ခွေးခြေပုကလေးတွေမှာ ထိုင်ရင်း
ကျွန်တော်တို့ ကျောချင်းကပ်ခဲ့ကြတယ်၊
ဖန်ခွက်ချင်း ထိခတ်သံတွေနဲ့
ကျွန်တော်တို့ ရင်ချင်းအပ်ခဲ့ကြတယ်လေ။

၃၃ လမ်း လေထန်ကုန်းမှာ
မြားနတ်မောင် အယ်ဒီတာစားပွဲမှာ
၂၇ လမ်းက အေးကဖီးမှာ
စမ်းချောင်းက ဆရာချောနဲ့ မမမြင့်တို့ရဲ့ ချစ်ရိပ်မြုံမှာ
၃၅ လမ်းက ငွေနှင်းဖြူနဲ့ ရှမ်းရိုးရာမှာ
ကဗျာစကား စာစကားတွေ
ထွေရာလေးပါး ပြောကြရင်း
နှလုံးသားချင်း ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ချစ်ခြင်းမေတ္တာပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ရင်း
ကျွန်တော်တို့ နွေးထွေးခဲ့ကြတယ်လေ။

သေခြင်းနဲ့ ရှင်ခြင်းအကြား
ရယူခြင်းနဲ့ ပေးဆပ်ခြင်းအကြား
ဗျာများနေကြတဲ့ လူတွေထဲမှာ
ဆရာချောဟာ
မြေကမ္ဘာကို ကဗျာတွေနဲ့
သေတစ်ပန်သက်တစ်ဆုံး အလုပ်အကျွေးပြုခဲ့သူပါ။

အဖိုးမဖြတ်နိုင်တဲ့
ဆရာချောရဲ့ ကဗျာကျေးဇူးတွေဟာ
တန်ဖိုးသိသူတွေရဲ့ နှလုံးသားမှာ
ထာဝရ မှတ်ကျောက်တင်ရစ်နေမှာပါ။

ကြေကွဲခြင်းများစွာနဲ့
နောက်ဆုံးနှုတ်ဆက်ဆုတောင်းလိုက်ပါတယ်
‘ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှု
ရိုးသားမှုနဲ့ အမှန်တရား
စာနာမှုတရားနဲ့ ချစ်ခြင်းမေတ္တာ
ကဗျာနဲ့ အလှသစ္စာတရား
တစ်ဘ၀လုံး ဖက်တွယ်သွားတဲ့ ဆရာချော
မြင့်မြတ်သောဘုံသို့ ရောက်ရှိစံပျော်နိုင်ပါစေ’ ။ ။

(၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလထုတ် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ …)

ဒေါက်တာလွဏ်းဆွေ

(ဒုတိယအကြိမ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

အပြည့်အစုံသို့...

Wednesday, September 2, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၉-၀၉)

- ကေအန်ယူ တပ်မဟာ (၅) ကို တိုက်ခိုက်ရှင်းလင်းဖို့ ဒီကေဘီအေကို စစ်အစိုးရ ညွှန်ကြား click
- ရွာသားများ ရွာပြင်မထွက်ရန် DKBA အမိန့်ထုတ် click
- တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်နေ click
- ကချင်မြေကို မြန်မာစစ်တပ် ဆက်လက်ထိုးစစ်ဆင်မည့် သတင်းထွက် click
- စစ်အစိုးရက ကေအိုင်အိုကို တိုက်မည့်သတင်းကြောင့် ဒေသခံများ ပြောင်းရွှေ့နေ click
- ကိုးကန့်စစ်ပြေး (၆) ထောင်ခန့် နေရပ်ပြန် click
- ကိုးကန့်ဂယက် ၀ ဒေသကို ရိုက်ခတ် click
- ဖုန်ကြားရှင်၏ မိသားစုပိုင် ပစ္စည်းများကို စစ်အစိုးရ သိမ်းယူနေ click
- ကိုးကန့်ဒေသမှာ တိုက်ပွဲငယ်များ ထပ်မံဖြစ်ပွား click
- ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရစဉ်က ကိုးကန့်အဖွဲ့နှင့် ဘယ်လိုပူးပေါင်းခဲ့ကြသလဲ click
- မွန်ပြည်သစ်နှင့် စစ်တိုင်းမှူး ထပ်မံတွေ့ဆုံ click
- သံဃာတော်များ စောင့်ကြည့်ခံနေရ click
- သံဃာတပါးကို အာဏာပိုင်များ ထပ်မံဖမ်းဆီး click
- ခန္တီးထောင်မှ ကိုထင်ကျော်၏ အခြေအနေ click
- လုံခြုံရေးကောင်စီ စက်တင်ဘာလအတွင်း မြန်မာ့အရေး မျက်ခြေမပျက် စောင့်ကြည့်သွားမည် click
- ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးကို စာပေစိစစ်ရေး ပိတ်ပင် click
- သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ် click
- ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် စိတ်ဝင်စားသူနည်း click
- ဗန်းမော်-လွယ်ဂျယ် ကားလမ်းရှိ ကုန်သွယ်မှု အာဏာပိုင် ပိတ်၊ ကုန်သည်နှင့် ကားသမား အခက်တွေ့ click
- ကွမ်းလုံဆည်တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းသဘာဝအဖွဲ့ တောင်းဆို click
- မဲဆောက်တွင် စီးပွားရေးကျပ်တည်းမှုကြောင့် လုယက်မှု များပြားလာ click
- ရန်ကုန်လျှပ်စစ်မီး စတင်ပျက်ပြီ click
- ကျောင်းသား (၅) ဦး ၀က်တုပ်ကွေးဖြစ်ပွား click
- ငွေအကြွေအဟောင်းများကို ရခိုင်တွင် လှဲလှယ်ပေးခြင်း မရှိသေး click
- စည်ပင်သာယာက ရေမီတာတပ်ခိုင်းပြီး အခွန်ထပ်ကောက်မည့်အတွက် မြို့ခံများ အခက်တွေ့ click
- ခေါင်းနှစ်လုံးနှင့် ကလေးငယ် သေဆုံး click
- အသေခံဗုံးခွဲမှုကြောင့် အာဖဂန်အရှေ့ပိုင်းမှာ လူ (၂၃) ဦး သေဆုံး click
- အာဖဂနစ္စတန်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသာစွာကျဆင်း click
- ဖတ်မိသမျှ ပြည်တွင်းက ဂျာနယ်အပိုင်းအစ click
- ရန်ကုန်ရှုခင်း - စက်တင်ဘာ ပထမပတ် click
- Lull in fighting lets Myanmar refugees return click
- Myanmar offensive tests vital China ties click
- Nearly 6,000 Kokang war refugees back home: Junta click
- Burma/Sri Lanka: Recent Show Trials In Asia click
- Seeking A Stable Burma click
- Burma — the Conflict Will Continue click
- Clouds of war move over Shan State click
- S Korea to train Myanmar technicians on nuclear energy click
- China Hedges its Energy Bet with Move into Bangladesh click
- Rangoon School Closed because of Swine Flu click
- Actual winners of 'engagement' click
- Sanctions don't impoverish Burma click
- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် နေပြည်တော် ခေါ်ယူစစ်ဆေးခံနေရ click
- လွယ်ဂျယ်ဒေသခံများ တရုတ်ပြည်ဘက်သို့ ပစ္စည်းများရွှေ့ပြောင်း click
- ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများ တရုတ်ဘက် ရွှေ့ပြောင်း click
- ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်းအတွက် မြေနေရာတိုင်း click
- ကချင်ဒီမိုကရေစီသစ်တပ်မတော် နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြင်ဆင် click
- မူးယစ်ဆေးဝါးနဲ့ လက်နက်မှုကြောင့် တိုက်ပွဲဖြစ်ရသည်ဟု နအဖ ရှင်းလင်း click
- ရခိုင်ပြည်နယ်အတွင်း လူထုအုံကြွမှုများအား ကိုင်တွယ်ရန် လုံထိန်း ရဲတပ်ရင်းများကို အင်အားဖြည့် click
- ဒီကေဘီအေတပ်သား (၃) ဦး ကေအဲန်ယူ ဖမ်းမိ click
- မဲ့ကသာဒေသကို ဒီကေဘီအေတပ်များ ၀င်ရောက်တပ်စွဲ click
- အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ရှိသူ click
- အိန္ဒိယလူမျိုး မြန်မာ့ဒီမိုကရေစီ ဓာတ်ပုံမှတ်တမ်းစာအုပ် ထုတ်ဝေ click
- လယ်သိမ်းခံရသည့်အပြင် ကျေရွာအာဏာပိုင်များ၏ အလွဲသုံးစားလုပ်ခြင်းပါ ခံရ click
- ဒေါ်အောင်ဆန်းစုကြည်ပြီးရင် နယ်ခြားမစောင့်တဲ့ ပုဂ္ဂိုလ်တွေအလှည့်ပါပဲ (ဆောင်းပါး) click
- တပ်မတော်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ (ဆောင်းပါး) click
- ချိုကုပ်ဒူးကြီး ငြိမ်းချမ်းရေးဝါဒ (ဆောင်းပါး) click
- လူကုန်ကူးခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက် click
- မလေးရှားရှိ အချုပ်ကျ မြန်မာများ ကျန်းမာရေးစိုးရိမ်ရ click
- စီးတီးအက်ဖ်အမ်က မီးပျက်မည် ကြေညာ၊ ပြည်သူများ စိတ်ပျက်လက်ပျက်ဖြစ် click
- နောက်နှစ်မှစ အရက်ကြော်ငြာမထည့်ရဟု စာပေစိစစ်ရေးက ချမှတ် click
- ရန်ကုန်ယူနိုက်တက်က ပရိသတ်ကို တီရှပ် (၂) သောင်း ဖြန့်ဝေ click
- “နန်းတော်ရှေ့က ကိုလေပွေ” ကို ပြန်လည်ဖော်ထုတ်မည် click
- လူငယ်ဒါရိုက်တာ ယှဉ်ပြိုင်ပွဲ ကျင်းပမည် click
- ဖီးနစ်ဂျာနယ် အပိတ်ခံရမှုအပေါ် RSF နဲ့ BMA ကန့်ကွက် click
- ချီလီရဲနဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေကို ဖမ်းဝရမ်းထုတ် click
- Daewoo puts Myanmar gas fields investment at $3 bln click
- Myanmar boy gets special passport to compete in Japan click
- Over 5,800 Myanmar border inhabitants return to Kokang as of Tuesday click
- Threat of attack raises Burma-China border tension click
- Myanmar agricultural experts to undergo training in China click
- A/H1N1 influenza cases reach 31 in Myanmar click

အပြည့်အစုံသို့...

အမေကျော် ဒွေးတော်လွမ်း၊ တလွဲဆံပင်ကောင်း၊ ဒေါင်းယောင်ဆောင် ကျီးမိုက်

အမေကျော် ဒွေးတော်လွမ်း၊ တလွဲဆံပင်ကောင်း၊ ဒေါင်းယောင်ဆောင် ကျီးမိုက်
သီဟသူ (ကမ္ဘောဇ)
ကာတွန်း - ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)

ကျနော်တို့ ငယ်ငယ်တုန်းက “ကြောင် ဘယ်သူခြူဆွဲ၊ အဖြူ မည်သူအမဲဆိုးသလဲ” ဆိုတဲ့ စာတွေ ထင်ရှားခဲ့ပါ တယ်။ စာရေးဆရာ မောင်သာရနဲ့ ဆရာမင်းကျော်တို့ ပေးခဲ့တဲ့ စာအုပ်အမည်တွေ ထင်ပါတယ်။

ခုတခါ အရွယ်ရောက်ခဲ့ပြီး မျက်မှောက်ကာလမှာလဲ အလားတူဇာတ်လမ်းတပုဒ်ကို (နအဖ) စစ်ကောင်စီအစိုး ရက ဖန်တီးခဲ့တာ မြန်မာသာမက ကမ္ဘာကပါ သိကုန်ပြီး ရွှေဉာဏ်တော်စူးရောက်လှပြီလို့ သူ့ကိုယ်သူ အထင် ကြီး၊ ဘ၀မြင့် ဘုရင်ရူးရူးနေတဲ့ ဗိုလ်သန်းရွှေတယောက် နောက်ဇာတ်လမ်းတခုဆက်ရေးပြီး ကမ္ဘာကို မျက်စိ လှည့်နေပြန်ပါပြီ။

ဒါကတော့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူ ဆန်းကြယ်တဲ့ စိတ်ကူးစိတ်သန်းနဲ့ လူထူးလူဆန်း တယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ခွင့်ပြုချက်မရဘဲဝင်ခဲ့ရာက အပြစ်မရှိတဲ့ နိုဘယ်ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်တခါ ထပ်ဆင့်တီထွင် ပြင်ဆင်တိုးမြှင့်တဲ့ နေအိမ်အကျယ်ချုပ် (သို့မဟုတ်) ဗိုလ်သန်းရွှေ စိတ်မထင်ရင် သူ့အပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို မကျိုးနွံခဲ့ရင် “ဆိုင်းငံ့အပြစ် ဒဏ်” ဆိုတဲ့ (သားရေကြိုး ဆိုင်းငံ့ထောင်ဒဏ်) တနှစ်ခွဲကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံစေရမယ့် ဖန်တီး ချက်ဖြစ်ပါတယ်။

တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေရှိတဲ့ နအဖအကြီးအကဲ ဗိုလ်သန်းရွှေဟာ မြန်မာနိုင်ငံတိုင်းသူပြည်သားတွေရော ကမ္ဘာကိုပါ မျက်စိလှည့်နားလှည့် နိုင်ငံရေးကစားကွက်အမျိုးမျိုးကို က စားပြီး ကိုယ့်ရဲ့အာဏာပါဝါ သက်တမ်းရှည်ဖို့ ကြိုးစားနေပါတယ်။

ခုနောက်ဆုံး အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကို မယုံကြည်နိုင်လောက်အောင် မြန်မာ ပြည်ကိုလာခွင့် ရှောရှောရှူရှူပေးပြီး နေပြည်တော်မှာ ပြုံးပြုံးရွှင်ရွှင် ပျူပျူငှာငှာ လက်ခံတွေ့ဆုံ၊ နောက်ဆုံး ကု လအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလို ထင်ရှားကျော်ကြားသူ ခေါင်းဆောင်တဦးကိုတောင် တွေ့ခွင့်မပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ပေး၊ အပြန်လက်ဆောင်အဖြစ် မစ္စတာယက်တောကို ထောင် (၇) နှစ်နဲ့ အလုပ်ကြမ်းထောင်ဒဏ်ချထားရာကနေ အိမ်ပြန်၊ လွတ်လပ်ခွင့်ပေးလိုက်တာဟာ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ ဗိုလ်သန်းရွှေရဲ့ လတ်တလော နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။

အစကချီပြီး တပိုင်းစီကြည့်ကြရအောင် …။

အဓိကဇာတ်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် နေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့ ဇာတ်လမ်းအ ခေါင်အထွဋ် (Climax) ရည်မှန်းချက်နဲ့ ဂျွန်ဝီလျံယက်တော ခေါ် နိုင်ငံခြားသားဇာတ်ကောင်တဦးကို ဇာတ်ရံအ ဖြစ် ထပ်ဖြည့်ပြီး ယုတ္တိမတန် အပေါ်ယံရွှေမှုန်ကြဲ၊ အကြံအဖန်တွေနဲ့ ကမ္ဘာတ၀ှမ်းလုံး စိတ်ဝင်စားအောင် “အ ယုတ်ပြ၊ အရွှန်းထင်၊ ရာဇ၀င်တွင်မဲ့ ဇာတ်ကားကြီး” ရိုက်ခဲ့တယ်လို့ ဆိုချင်ပါတယ်။

ပထမဆုံးအကြိမ် မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းထဲ ၀င်ခဲ့တဲ့ သတင်းကို နအဖ သိရတဲ့ အခါမှာ ဗိုလ်သန်းရွှေဟာ အကွက်ကောင်းဝင်ပြီလို့ ဆင်ကြံကြံ၊ လက်ခမောင်းခတ်ခဲ့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ဆင့်ထပ်ဆင့် နေအိမ်အကျယ်ချုပ်တွေ တိုးတိုးချနေရလို့ ပြစရာ အကြောင်းပြ ချက် ရှားပါစွာရှာနေရချိန်မှာ ဖင်လိမ်ကွင်းက ကချင်တဲ့ ဗိုလ်သန်းရွှေတယောက် ယက်တောလိုလူမျိုး ရှားတွေ့ ခြင်းဟာ သူ့အဖို့ တချပ်မှောက်ဖဲကစားသူ လိုချင်တဲ့ဖဲ ရသွားသလို အူမြူး ၀မ်းအသာကြီးသာပြီး စိတ်ထဲမှာ “ကျေးဇူးတင်လိုက်တာ ကိုယက်တော … ရယ်” တဖွဖွ ပြောနေမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ရဲ့ ကျေးဇူးရှင်ကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ရော အပေးအယူလုပ်တဲ့ ခြေလှမ်းအစအနေနဲ့ ရော ယက်တောကို ရက်ရက်ရောရောကြီး အပြစ်ဒဏ်တွေ ပယ်ဖျက်၊ အမေရိကန်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ကို မျက်နှာလုပ်၊ အိမ်အပြန်လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ နောက်ထပ် လူတကာ (မြန်မာရော ကမ္ဘာမှာပါ) ထင်မြင်ချက်အမျိုးမျိုးတွေပေး၊ အကောင်းမြင် အဆိုးမြင်တွေ အားပြိုင်အလုပ်ရှုပ် တွေဝေအောင် လုပ်လိုက်ပြန်ပါပြီ။

နအဖဟာ သူတို့အကျိုးစီးပွား၊ သူတို့ကို အကောင်းစကားပြောမယ့် နိုင်ငံခြားသားကိုသာ ပြည်ဝင်ခွင့်ဗီဇာ အ လွယ်တကူ ပေးလေ့ရှိတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလိုလူတောင် သူတို့ကို အပြစ်တင် မယ့်စကား၊ အပေါ်စီးစကား ပြောမယ်ဆိုရင် မြန်မာပြည်လာခွင့် ပြည်ဝင်ခွင့်ဗီဇာ အလွယ်တကူ ပေးတာမ ဟုတ်ပါဘူး။ သူတို့လိုချင်တဲ့ (Preconditions) ကြိုတင်လိုက်နာရမယ့် စကားတွေ သဘောတူမှ လာခွင့်ပေး တာဖြစ်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာတင်မျိုးဝင်းတို့က ဂျွန်ဝီလျံယက်တော ပထမအကြိမ် ခွင့်ပြုချက်မရ ဘဲ ၀င်ရောက်ခဲ့ခြင်းအပေါ် အာဏာပိုင်တွေကို သတင်းပို့တိုင်ကြား အစီရင်ခံခဲ့တာကို မထင်မရှား မသိကျိုး ကျွံပြုသလို အပြင်ဘန်းမှာရှိခဲ့ပေမယ့် ဗိုလ်သန်းရွှေနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ကမ္ဘာကျော် ဇာတ်ကားတခုရိုက်ထုတ်ဖို့ အကြံကောင်းကြီး ရသွားတာပါပဲ။

တကယ်လို့သာ ဗိုလ်သန်းရွှေ မသေသေးဘဲ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဖြစ်ခဲ့ရင် ဒါမှမဟုတ် မော်စီတုံး၊ ဗိုလ်နေ၀င်း၊ လီကွမ်ယူတို့လို ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီး ဆက်ဖြစ် နေခွင့်ရခဲ့ရင် မစ္စတာယက်တောကို သူကောင်းပြုပြီး “သတိုးသီရိသုဓမ္မာ မဟာသရေစည်သူ အဂ္ဂမဟာဥမ္မ ဇောတိက” မဟာ့မဟာရှည်လျားတဲ့ ဘွဲ့ထူးကြီးတွေ ဆက်ကပ် ကျေးဇူးဆပ်ဦးမှာပါ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ယက်တော” တို့အမှု အဆုံးသတ်ပုံကိုလည်း ကြည့်ပါဦး။

အစပထမ ဥပေဒမှာ ချို့ယွင်းချက်တွေရှိလို့ဆိုပြီး ရက်ရွှေ့ဆိုင်း၊ ဇာတ်ရှိန်တင်၊ မွေးစားပထွေး ပေါက်ဖော်ကြီး ဆီကို ပြေးတိုင်ပင်၊ စစ်ကူတောင်းပြီး နောက်ဆုံး ဗေဒင်ဆရာပေးတဲ့ ရက် နာရီကို ဗြုန်းစားကြီး အရှက်မရှိ စီ ရင်ချက်ချမှတ်၊ ပြဇာတ်တိုက်ထားသလို မတရားသူကြီးမင်းများ ဇာတ်စင်မှ ထွက်ခွာ၊ လူကြမ်းမင်းသား မင်း တိုင်ပင် ကပ်ဖားဝန်မင်းက အမိန့်တော်ပြန်၊ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော ပြဇာတ် ကြီး။

ဇာတ်နာအောင်ကပြသလို မျက်နှာဖြူ လူထူးကြီးကို အဖြူမုန်းတဲ့ ဇာတ်ရှုပ်ဆရာကြီးက အလုပ်ကြမ်းနဲ့ ထောင် ဒဏ် (၇) နှစ်ပေးပြီး မစုလေးကိုတော့ ငါသနားချင်ယောင်ဆောင်ပြလိုက်မယ်ဆိုကာ သူတော်ကောင်း ‘ဒေါင်း’ ယောင်ဆောင်တဲ့ ‘ကျီး’ လို စာနာထောက်ထားမှု အမျိုးမျိုးတွေ အကြောင်းပြပေမယ့် နောက်ဆုံးမှာ ကြိုတင် စီ ရင်ချက်ချမှတ်ရေးပြီးဖြစ်တဲ့ “နောက်ထပ် နေအိမ်အကျယ်ချုပ် (သို့မဟုတ်) နိုင်ငံရေးမြင်ကွင်း (Political Arena) က ဖယ်ရှားထားရေး အစီအစဉ်” ကို ဖော်ထုတ်လိုက်တာပါပဲ။ တုတ်တဘက်၊ ရေတခွက်နဲ့ အာဏာပါး ကွက်သားက ရာဇ၀တ်သားကို သနားဟန် သရုပ်ဆောင် မင်္ဂလာအမှတ်ယူတာမျိုးပါ။

ငါဆင်တဲ့ဇာတ်ကွက် ဘယ်လောက်လှ ဘယ်လောက်ပိုင်သလဲလို့ ဗိုလ်သန်းရွှေတယောက် စိတ်ကြီးဝင်၊ ဘ၀င် ခေါက်ခိုက်ပေမယ့် ကျီးမိုက်ကြီးရဲ့ ဇာတ်လမ်းမှာ ပြန်လှန်မေးခွန်းထုတ်စရာတွေက တပုံတပင်ကြီးပါပဲ။

လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ “ဗိုလ်ချုပ်အောင်ဆန်း” ရဲ့ သမီးမို့လို့ဆိုတဲ့ စကားကိုသုံးရင်း အစကရော ဘာ ဖြစ်လို့ ခေါင်းဆောင်ကြီးရဲ့ သမီးလို မဆက်ဆံ၊ အသိအမှတ်မပြုဘဲ ခုတ်လို့ရတဲ့ ကြွက်ကလေးကို မစားသေး ဘဲ ဆော့ကစားတဲ့ ကြောင်အိုကြီးလို လုပ်ရတာလဲ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ၊ ဗိုလ်နေ၀င်းရဲ့ပုံတွေ အကုန်ဖယ်၊ ငါ့ပုံသာချိတ်ဆိုပြီး ဘာဖြစ်လို့ နိုင်ငံခေါင်းဆောင် ကြီးအပေါ် မိုက်လုံးကြီး ရိုင်းစိုင်းယုတ်မာစွာ ဖယ်ရှားရတာလဲ။ ဘာဖြစ်လို့ လွတ်လပ်ရေးဗိသုကာကြီးနဲ့ ပတ် သက်သမျှ သတင်း၊ မီဒီယာ၊ ပြည်သူလူထုရဲ့ အာရုံမြင်ကွင်းက မှေးမှိန်ပပျောက်အောင် လုပ်ရတာလဲ။

အမျိုးကောင်းသားသမီးဆိုရင်၊ ဗုဒ္ဓဘာသာ သာကီဝင်နွယ်ဆိုရင်၊ သူတောင်ကောင်းဆိုရင် ဗုဒ္ဓဆုံးမ သြ၀ါဒစ ကားတွေနဲ့ ဆန့်ကျင်တာတွေ ဘာဖြစ်လို့လုပ်နေသလဲ။ ရှက်တတ်ရင် လဲသေလိုက်ဖို့ ကောင်းတယ်။

ဟန်ဆောင်ပန်ဆောင်နဲ့ အမှုစီရင်ချက်မှာ စကားလုံးလှလှတွေ သုံးခဲ့ပေမယ့် သုံးသမျှ ပြန်လှန်မေးချင်စရာ၊ မေးခွန်းတွေက တပုံကြီးရှိတဲ့အပြင် မင်းသားခေါင်းဆောင်းထားတဲ့အောက်က ဘီလူးရဲ့အစွယ်က ပြနေတယ်။ အဲဒါကတော့ ငါ့ကို ဦးမညွတ်၊ ငါ့စကား နားမထောင်ရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁) နှစ်ခွဲပေးပြီး ထောင် ထဲမှာ သွားနေခိုင်းမယ်ဆိုတဲ့ အချက်ပါပဲ။

ခုတခါ အမေရိကန်လွှတ်တော်အမတ် လာမယ်ဆိုတော့ ဖုတ်သွင်းရထားဆိုက်သလို အကွက်ဝင်ပြန်ပြီ။ အာဆီ ယံ ဒီနှစ်အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နအဖတင်းမာမှုတွေ ပျော့ ပျောင်း၊ ဒီမိုကရေစီအပြောင်းအလဲတွေ တကယ်လုပ်မယ်ဆိုရင် ပိတ်ဆို့မှုတွေဖယ်ရှား မြန်မာနိုင်ငံကောင်းစား ဖို့ ကူညီမယ်ဆိုတုန်းက ဟီလာရီကလင်တန်ကို မြန်မာသတင်းစာတွေမှာ ဝေဖန်လိုက်ကြတာ။ ခုကျတော့ ဂျင်မ် ၀က်ဘ်ကို “အပြုသဘောဆောင်သူ” လို့ မဟာချီးမွမ်းခန်းထုတ်နေပြန်ပြီ။ သူတို့နဲ့ ဂျင်မ်ဝက်ဘ် ဘာ ‘အပေးအ ယူ’ တွေ လုပ်ကြတယ်ဆိုတာတော့ သူတို့ပဲသိမှာပါ။ သေချာတာကတော့ “ပိတ်ဆို့မှု ဖယ်ရှားရေးကိစ္စ” မှာ အ ရေးပါတဲ့သူတယောက်ကိုတော့ မျက်နှာချိုသွေးပြပြီး မျက်လှည့်ပြဦးမှာပါ။

အမေရိကန်အစိုးရကတော့ ပြောင်ပြောင်ကြီး ပြောနေပါတယ်။ ဒီအမတ်ဟာ အမေရိကန်အစိုးရကို ကိုယ်စား ပြုတာ မဟုတ်ပါဘူးတဲ့။

အချုပ်ဆိုရရင် “ဒေါ်အောင်ဆန်းစုကြည်အမှု” ဆိုတဲ့ “ကလိန်စေ့ငြမ်းဆင်” ဇာတ်ကားကြီးရဲ့ အဓိကတရားခံ၊ ဇာတ်ကောင် ‘ယက်တော’ ကို သဘောထားကြီးစွာ ပြန်လွှတ်ပေးလိုက်ပြီး (‘ပြည်နှင်ဒဏ်ပေးလိုက်တယ်’ လို့ ကျယ်ကျယ်လောင်လောင်ပြောသံမကြားရ) ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အာဃာတကြီးစွာ အငြိုးအတေး ကြီးစွာနဲ့ နောက်ထပ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ (သားရေကြိုးဥပဒေ) နဲ့ ဆက်ချထားတာတွေကတော့ တ လွဲဆံပင်ကောင်း၊ ခေါင်းပေါင်းပေါင်း သမ္မတလုပ်ချင်တဲ့သူ၊ အမေကိုကျော် ဒွေးတော်လွမ်းချင်တဲ့ (ကျီးမိုက် ဇာတ်ရှုပ်ကြီး) ရဲ့ ‘ဒေ၀ဒတ်’ ဉာဏ်တွေသာ ဖြစ်ကြောင်းပါ။

သီဟသူ (ကမ္ဘောဇ)

အပြည့်အစုံသို့...

မြန်မာစစ်အစိုးရ၏ စစ်လက်နက်အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ

ဗဟိန်း
ba hein

အပြည့်အစုံသို့...