နိုင်ငံတကာပုံရိပ်
ရိုဟင်ဂျာအရေးကြောင့် ဒီမိုကရေစီအိုင်ကွန်အဖြစ်နဲ့ ရထားခဲ့တဲ့ ဆုတွေ တဆုပြီးတဆု ရုပ်သိမ်းခံရပြီး လက်ရှိအခြေအနေမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုတောင် မတက်ရဲတော့တဲ့ အနေအထား တနည်း နိုင်ငံတကာတောမတိုးဝံ့လောက်အောင် ပုံရိပ်တွေ ကျဆင်းနေတဲ့ အနေအထား၊
နေ့တဓူဝ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးနှစ်ခုကို ရယူပြီးနောက်ပိုင်း နေ့တဓူဝ အလုပ်ခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပတ်ထားသူတွေက (ဦး)ကျော်တင့်ဆွေ၊ (ဦး)ကျော်တင်၊ (ဦး)သောင်းထွန်း၊ (ဦး)မင်းသူ၊ (ဦး)ဇော်ဌေး တို့လို စစ်အုပ်စု အမာခံလူတွေ၊ အလုပ်ခွင်ပြင်ပမှာ အနီးကပ် ရှိနေသူကလည်း (ဒေါ်)ဥမ္မာမိုးမြင့်လို ခရိုနီ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်၊ မှန်ကန်တဲ့ မြေပြင်အချက်အလက်နဲ့ နိုင်ငံရေးအမြင် မရနိုင်တော့တဲ့ အနေအထား၊
သွားလာလှုပ်ရှားရမှု
ပြည်တွင်း လှည့်လည်သွားလာရတဲ့ သတင်းဓာတ်ပုံတွေကို ကြည့်ရင် စစ်ဝန်ကြီးနှစ်ပါး ခြံရံပြီး စစ်အုပ်စုက ပေးထားတဲ့ လုံခြုံရေးအထပ်ထပ်နဲ့ သွားလာရတာမို့ ဒေါ်အောင်ဆန်းစုကြည် အနားကို ကပ်ဖို့ ပြည်သူ မပြောနဲ့ NLD ထိပ်ပိုင်းပုဂ္ဂိုလ်တွေတောင် အနားသီဖို့ အလွယ်တကူမဖြစ်နိုင်တဲ့ အနေအထား ယုတ်စွအဆုံး လေလည်ချင်ရင်တောင် အသံထွက်ပြီး မလည်ဝံ့တဲ့ အနေအထား၊
ကျန်းမာရေး
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်တယ်ထင်ရပေမယ့် အရယ် အပြုံး အမူအရာတွေအရ စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့ လိုအပ်မယ့် အနေအထား၊
မျှော်လင့်စရာ
စစ်အုပ်စု ပြုသမျှ နုနေရတဲ့ အနေအထားမို့ ဒေါ်အောင်ဆန်းစုကြည်ဆီက ဒီမိုကရေစီရေးအတွက် ဘာမှ မျှော်လင့်စရာမရှိတော့တဲ့ အနေအထား (အသက်အရွယ်အရလည်း နိုင်ငံရေးကနေ အနားယူသင့်တဲ့ အနေအထား)၊
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နေ့လယ် ၁၂း၂၃ နာရီ
၁၀ အောက်တိုဘာ ၂၀၁၉

No comments:
Post a Comment