(၁) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခြေအနေက ပင်စင်ယူရမယ့် အသက်အရွယ်ကို တော်တော်ကြီး ကျော်လွန်လာပေမယ့် သူ့အတွက် မက်မောစရာကောင်းနေဆဲဖြစ်တဲ့ 'အာဏာ' ဆိုသဟာကြီးကို လက်မလွှတ်ရဲသေးတော့ (ပိုင်ဆိုင်မှုအရပ်ရပ်အတွက် စိတ်ချလက်ချ ရှိနိုင်ဖို့လည်း အာဏာကို လက်လွှတ်လို့က မဖြစ်သေးတော့) ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်ယူထားမလား၊ ဆက်ယူထားမယ်ဆိုရင် တပ်မတော်ထဲက အောက်ခြေရာထူးအဆင့်ဆင့် ကျေနပ်ငြိမ်သက်လက်ခံအောင် ဘယ်လိုကုလားဖန်ထိုး ဆောင်ရွက်မလဲ၊
(၂) ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ကန့်လန့်ကာနောက်ကို ၀င်ပြီး ကြိုးကိုင်နိုင်ဖို့ကျတော့ရော ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်ခံဖို့ တပ်မတော်ကို ကိုင်တွယ်ထိန်းကျောင်းနိုင်မယ့်သူ (စိတ်ချမီးသေတဲ့လူ)ကို တွေ့ပြီလား၊
(၃) ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ သမ္မတ တက်လုပ်ဖို့ကျတော့လည်း စစ်အမတ် ၂၅ % နဲ့ ကြံ့ဖွံ့အမတ် ပေါင်းရင် NLD အမတ်အရေအတွက်ကို ကျော်နိုင်ဖို့ သေချာမလား သို့တည်းမဟုတ် တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ခံအမတ်တွေကို NLD ဘက် မပါအောင် မက်လုံးပေး စည်းရုံးနိုင်မလား (ICC အရိပ်မဲကြီးကလည်း နောက်ကနေ တကောက်ကောက်လိုက်နေလေတော့ သမ္မတဖြစ်ဖို့အရေး တိုင်းရင်းသားပါတီတွေရဲ့ အမတ်တွေက ပူးပေါင်းချင်စိတ်ရှိပါ့မလား)၊
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀း၅၂ နာရီ
၁၀ အောက်တိုဘာ ၂၀၁၉

No comments:
Post a Comment