Monday, June 9, 2014

အဖမ်းကြမ်းတဲ့ အင်းတကော် ရဲများကြောင့် ဆိုင်ကယ်စီးလာသူ သေဆုံး

Nga Thant's Facebook Status
ဘုရား ... ဘုရား မြင်ရကြားရတာ စိတ်မချမ်းသာစရာတွေချည်းပါပဲလား။ ပြည်ပျက်တော့မယ့်အလားပဲ ... ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင် ဆိုင်ကယ် ၃ ယောက်စီးခြင်း၊ နောက်ကြည့်မှန် တပ်ဆင်မှုရှိ မရှိ၊ နံပါတ်ပြား လိုင်စင် မှန် မမှန် စစ်ဆေးဖမ်းဆီးရာတွင် အင်းတကော် ရဲတပ်ဖွဲ့စခန်းမှ ရဲများသည် ဆိုင်ကယ်စီးလာသူတို့အား ဦးထုပ်ဖြင့် ပစ်ဖမ်းခြင်း၊ သဲနှင့် ပက်ဖမ်းခြင်း၊ လက်ထိပ်နှင့် ပစ်ဖမ်းခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀:၃၅ နာရီတွင် ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာအား လက်ပြန်ဖြင့် ရိုက်လိုက်စဉ် မျက်နှာအား ထိ၍ ကားအောက်သို့ ရောက်သွားကာ ဆိုင်ကယ်စီးလာသူ သေဆုံးခဲ့ပါသည်။ ယခု သေဆုံးမှုမှာ ဒုတိယအကြိမ်ဟုလည်း သိရှိရပါသည်။

3 comments:

  1. ရဲ = ရ ကောက် နောက် ပစ်

    တလုံးချင်းဖတ်ပါ

    မရ ရင် ပြသနာရှာတာပေါ့

    ReplyDelete
  2. ဒီလိုတော့မဖြစ်သင့်ဘူ ဒါပေမဲ့စည်းကမ်းမလိုကနာသူတွေကိုတော့ဥပဒေအရ ထိထိရောက်ရောက်အရေးယူရမယ်။ ရဲကလည်း တာဝန် အရ ထိထိရောက်ရောက် ဖမ်းရမယ် အကြမ်ဖက်ရမယ်လို့မဆိုဘူနော်

    ReplyDelete
  3. ယခုလက်ရှိ မြန်မာနိုင်ငံအနေအထား နေရာတိုင်း နေရာတိုင်း တစ်စစီ တစ်စစီ ..မြင်တွေ့ကြားသိနေရပါဘီ...
    နေရာတိုင်း အမျိုး၊ဘာသာ၊သာသနာ၊ဒီထက်ဆိုးပါအုံးမည်။
    အလွန်တရာ ၀မ်းနဲ ကြေကွဲရပါသည် ။.....

    ReplyDelete