Wednesday, June 4, 2014

ဘင်္ဂလားနှင့် စစ်ဖြစ်လာပါက မြန်မာ့တပ်မတော် အမှုန့်ဖြစ်သွားနိုင်ဟု ဗိုလ်ချုပ်ဟောင်းတစ်ဦး ပြောကြား

Maung Tha Dins's Facebook Status
အမှန်တကယ် ဘင်္ဂလားနှင့်မြန်မာ စစ်ဖြစ်လာပါက မြန်မာထက်နှစ်ဆ စစ်လက်နက်အင်အား ပိုင်ဆိုင်ထားသည့် ဘင်္ဂလားစစ်တပ်သည် နိုင်ငံတကာတပ်များနှင့် လေ့ကျင့်ရေး ပြည့်ဝထားသလို နိုင်ငံတကာတွင် တာဝန်ထမ်းဆောင်နေသည့် ကြေးစားတပ်မတော်များ ရှိကာ ခေတ်မီ ဥရောပထုတ် တင့်၊ တိုက်လေယာဉ်၊ စစ်သင်္ဘောများဖြင့် တည်ဆောက်ထားပြီး မြန်မာ့တပ်မတော်မှာမူ စစ်ခေါင်းဆောင်များမှ ပြည်သူ့ဘဏ္ဍာ အိတ်တွင် ထည့်ပြီး တရုတ်ထုတ် တင့်ဟောင်း၊ လေယာဉ်စုတ်၊ သင်္ဘောပျက်များဖြင့် တည်ဆောက်ထားကာ စစ်သည်များ၏ အတွေ့အကြုံမှာလည်း တိုင်းရင်းသားများကို သတ်ဖြတ်၊ မိန်းကလေးများကို မုဒိမ်းကျင့် အတွေ့အကြုံသာ ရှိပြီး ဘာသာစကား တတ်ကျွမ်းမှုမရှိသည့်အတွက် နိုင်ငံတကာမှ ခေါ်ယူအသုံးပြုခြင်းလည်း မခံရပေ။ ဖြစ်နိုင်ရင် သံတမန်နည်းဖြင့် ဖြေရှင်းတာ အကောင်းဆုံးပါ။ နည်းပညာခေတ်မှာ လူများတိုင်း စစ်ပွဲမနိုင်ဘူး။ ဒါ နပမ်းပွဲ မဟုတ်ဘူး။ မြန်မာ့စစ်တပ်က နိုင်ငံတကာနှင့်ယှဉ်ရင် ဓားပြဂိုဏ်းသာသာပဲ ရှိတာပါ။ အခု ဘင်္ဂလားနှင့်သာ ယှဉ်ကြည့်၊ ကိုယ်တို့အခြေအနေ သိလိမ့်မယ်။ ဘင်္ဂလားဟာ ကမ္ဘာမှာ သူတောင်းစားနိုင်ငံအဆင့်ပဲ ရှိတာပါ။ အဲလိုနိုင်ငံထက် နိမ့်ကျနေသေးတယ်ဆိုတော့ ကိုယ်တို့နိုင်ငံ ဘယ်အဆင့်လဲဆိုတာ စစ်ဗိုလ်ချုပ်တွေ မသိတာလား …။

28 comments:

  1. ဒေါက်တာ လေ့လာပါအုန်းဗျာ ပညာရှိတယောက်ရဲ့ ဘလော့က ခပ်ညံညံ ဆောင်းပါးတွေမတင်ပါနဲ့လား မေတ္တာရပ်ခံတာပါ

    ReplyDelete
  2. ကြည်းမှာ တင့်တွေ ဟောင်ဝှစ်ဇာတွေ ကိုယ်တိုင်ထုတ်နိုင်တယ် ရေမှာ အမြန်တိုက်ခိုက်ရေးရေယာဉ်ကစပြီး ၁၀၈မီတာဖရီးဂိတ်တွေ ဆောက်တတ်တဲ့တိုင်ပြည် လေမှာ mig 29 4gen အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံကို ဘကုန်းမပြောနဲ့ ဗီယက်နမ်တောင် စစ်ပြုဖို့အတော် စဉ်းစားရအုန်မှာပါ

    ReplyDelete
  3. သတင်းအမှားတွေ မဖြန့်ပါနဲ့ခင်ဗျာ

    ReplyDelete
  4. ဘယ်ဗိုလ်ချုပ်အဟောင်းလဲ
    နာမည်ပြောပြပါလား
    ဗိုလ်ချုပ်ဟောင်းအစစ်မဖြစ်နိုင်ဘူး
    ဗိုလ်ချုပ်ရူးအစစ်ဖြစ်လိမ့်မယ်

    ReplyDelete
  5. ဘင်္ဂလားဒေရှ့်
    ----------------
    အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ် ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါ တယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊ ပါလီမန် ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါ တယ်။စီးပွားရေးတိုးတက်နှုန်းက တစ်နှစ် ကို ၅ % ကနေ ၆% အထိတိုးတက်နေပါတယ်။ ဒါပေ မဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥ တုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အတွက် ဒီထက် တိုးတက်အောင် မပြုလုပ်နိုင်ပါဘူး။ အဓိက၀င်ငွေရနေတာ ကတော့အထည် ချုပ် လုပ်ငန်းတွေ ၊ ပြည်ပမှ သူတို့နိုင်ငံသားတွေ ကနေပြန်ပို့ တဲ့ ငွေတွေ ဖြစ်ပါ တယ်။ နောက် ၀င်ငွေကတော့ ကုလသမဂ္ဂရဲ့အောက်မှာသူတို့ တပ်ရင်း ၃ ရင်းလောက်က ကြေးစားအဖြစ်နဲ့ အမှုထမ်းပြီး သူတို့နိုင်ငံအတွက်ဝင်ငွေ ရှာပေး နိုင်ပါတယ်။

    ReplyDelete
  6. အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံတကာဘာသာ စကား တတ်ကျွမ်း လာတယ်၊ စစ် သည်တွေ အပိုဝင်ငွေရသလို သူတို့ရဲ့ကာ ကွယ်ရေးဝန်ကြီးဌာန ကို ထောက်ပံ့ပေးနိုင် ပါတယ်။
    သူတို့ရဲ့တပ်မတော်နဲ့ပတ်သတ်လို့ တန်းပြည့်စစ်မှုထမ်းတဲ့အင်အားက ကြည်းတပ်မှာ ၁၂၆၁၅၃ ၊ လေတပ်မှာ ၁၄၀၀၀ နဲ့ ရေတပ်မှာ ၁၆၉၀၀ ဖြစ်ပါတယ်။ အရန်စစ်အင်အား အနေ နဲ့ ဘင်္ဂလားရိုင်ဖယ် လို့ခေါ်တဲ့အင်အားက ၃၈၀၀၀ ၊ ရဲအင်အားက ၅၀၀၀ ၊ Ansars (Security Guards) လို့ခေါ်တဲ့အစောင့်တပ်က ၂၀၀၀၀ ကျော်၊ ကမ်းခြေစောင့်ရဲ တပ်ဖွဲ့က ၉၀၀ ကျော် ရှိပါတယ်။ သူတို့နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျယ်ရှင်းမပြတော့ပါဘူး။သူတို့ကြည်းတပ်ရဲ့ ဖွဲ့စည်းပုံတွေ အနေနဲ့ ကတော့ ပြည်နယ် ၇ ခုခွဲထား လို့ခြေလျင်တပ် မပေါင်း ၁၇ ခု (တပ်ရင်းပေါင်း ၆၈ ခု) ၊ တပ်ရင်းကြီး ၆ ခု၊ တပ်မဟာ ၁ ခု၊ လေကြောင်း ရန်ကာ ကွယ်ရေးတပ်မ ၁ ခု၊ လေကြောင်း ချီတပ်မ ၂ ခု၊ ကွန်မန်ဒို တပ်ရင်း ၁ ခု၊ အမြောက်တပ်ရင်း ၂၀ ခု၊ ဆက်သွယ်ရေးတပ်မ ၁ ခု တို့နဲ့ဖွဲ့စည်း ထားပါတယ်။ သူတို့ရဲ့ စစ်လက်နက်နဲ့ စစ်ယာဉ်တွေကတော့ ပင်မတိုက် ပွဲဝင်တင့် MBT အမျိုးအစားက Type 58 က ၂၃၂ စီး၊ Type 69 က ၁၇၄ စီး၊ အပေါ့စားတင့်အနေနဲ့ Type 62 က ၈စီး၊ သံချပ်ကာ သယ်ယူ ပို့ဆောင်ရေး ယာဉ် APC က MTLB က ၂၂၆ စီး၊ BTR 80 က ၉၂ စီး၊ Otocar က ၁၇ စီး ဖြစ်ပါတယ်။အမြောက်တပ်ဖွဲ့အနေ နဲ့ ၁၀၅ မမ ၃၄၃ လက်၊ model 56 pack howitzer က ၁၁၄ လက်၊ M-30 (Type 54 နဲ့ 54-1 )က ၅၇ လက်၊ D-30 ဟောင်ဝစ်ဇာက ၅၄ လက်၊ ၁၃၀မမ M-46(Type 59-1) က ၆၂ လက်ဖြစ်ပါတယ်။ စိန်ပြောင်းနဲ့မော်တာတွေ အနေနဲ့က ၈၁မမ M29A1 က ၄၇၂ လက်၊ ၈၂မမ (Type -53/87/M-31) က ၃၆၆ လက်၊ ၁၂၀မမ က ၉၅ လက် ရှိပါတယ်။ နောက်ပွင့်ရိုင်ဖယ် အနေနဲ့ ၁၀၆ မမ M40A1 က ၂၃၈ လက်ရှိပါတယ်။လေကာလက်နက်တွေအနေနဲ့ ၃၇ မမ ၁၆၄ လက်၊ ၅၇ မမ က ၇၄ လက် နဲ့ Type-59 (S-60)က ၃၄ လက်ရှိပါတယ်။ SAM လို့ခေါ်တဲ့ Missile တွေက HN-5Aက အလက် ၂၀ ၊ QW-2 နဲ့အစားထိုး ဖို့လုပ်နေပါ တယ်။ရေတပ်အနေနဲ့ကတော့ ကျတော်ထည့်မရေးတော့ပါဘူး ၊ ဖရီးဂိတ်က ၂ စီး ကတော့ သေချာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အနေ နဲ့လည်း ဖွဲ့စည်းထားပါတယ်၊ မိုင်းရှင်ယာဉ် ၄ စီး၊ ကြည်းရေနှစ်တန် သွားယာဉ်က အနည်းဆုံး ၁၀ စီးရှိပါတယ်။ patrol board လေးတွေ ကတော့ တော်တော်များများပိုင်ဆိုင်းထားပါတယ်၊ရေငုပ် သဘောင်္ လည်းပိုင်ဆိုင်ထားပါတယ်။လေတပ်အနေနဲ့က တိုက်ပွဲ ၀င်လေယာဉ်က ၇၄ စီး၊ F-7MB/ F-7BG က အစီး ၃၀၊ A-5 Fantan က ၁၈ စီး၊ Mig-29 Fulcrum က ၈ စီးကနေ ၆ စီး၊ Mig-29 UB က ၂စီး၊ FT-6(Mig-19UTI) Farmer က ၁၀ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်က တစ်အုပ်၊ အဲ့အထဲမှာ C-130B hercules က ၄စီးပါတယ်။ ကျန်တာက An-32 က ၃စီး၊ 1 squd စာပါ။ Heli တွေအနေနဲ့က တော့ Mi-17 အုပ်က ၅ အုပ်စာ (Mi17 က ၁၇ စီး၊ ၊ ဘဲလ်၂၀၆ က ၂စီး၊ ဘဲလ် ၂၁၂ က ၁၁စီး ဖြစ်ပါတယ် ၊ တိုက်ခိုက်ရေး အုပ်တွေတော့ မတွေ့သေးပါဘူး။ ကျန်တာတွေကတော့ Trainer အမျိုးအစားတွေထဲမှာ PT-6 အမျိုးအစား၊ T-37B Tweet နဲ့ L-39ZA Albatros တွေပဲဖြစ်ပါတယ်။ အရေအတွက်ကတော့ ၁၀ စီး၊ ၁၂ စီးနဲ့ ၃၀ စီး ဖြစ်ပါတယ်။ AAM တွေ အနေနဲ့ကတော့ AA-2 Atoll လို့ပဲပေါ်ပါတယ်။
    ဒါတွေက သူတို့ရဲ့တပ်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ကျွန်တော်တို့ကို လည်း သူတို့ကြည့်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်သိတာမြင်တာ ကို ရေးပြ လိုက်တာပါ၊ နောက်တစ်ခုက သူတို့ ရဲ့ MI တွေသည် ကျွန်တော်တို့ တွေအထဲကို ထိုးဖောက်နေပါတယ် ၊ အထူးသဖြင့်သူတို့နဲ့ ဘာသာတူတွေလို အသွင်ယူပြီး ရခိုင်မြေပေါ်မှာရှိနေပါတယ် ၊ သူတို့ အဖွဲ့ကို ဘယ်အုပ်ချုပ်မှုအောက်မှာထားလဲ ဆိုတာတော့ သိပါတယ်။ ဒီ့ထက်အနုစိတ်ရင်လည်း အဆင်မပြေတော့ဘူး ခင်ဗျ..... ရန်သူ့အကြောင်း ကို သိထားတော့ ကောင်းတာပေါ့ ဗျာ၊ နောက်ကျန်တာ တစ်ခုက သူတို့ရဲ့ရုံးသုံးစကားက ဘင်ဂါလီလိုဆိုပေမဲ့ အင်္ဂလိပ်စာတော့ အတိုင်းအ တာ တစ်ခုအထိကောင်းပါတယ်။ သူတို့ကို စစ်လက်နက် အဓိကထောက် ပံ့နေ တဲ့ နိုင် ငံတွေကတော့ China. France, Germany, Russia, Turkey, United Kingdom, Indonesia, United States, Malaysia, South Korea တို့ပဲဖြစ်ပါတယ်။အနာဂတ်မှာ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့က ခုချိန်မှာအတိုင်းအတာတစ် ခုလောက် ဂျွမ်းပြန်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုကျွန်တော်ရေး ထားတာတွေ အပြင်သူတို့မှာ ၀ှက်ဖဲတွေရှိနေပါ တယ်။ အဲ့ ၀ှက်ဖဲတော့ ချမပြတော့ ပါဘူး .... ဗဟုသုတ အဖြစ်ရေးပေး တာပါ။ရန်သူလို့သတ်မှတ်ထားရင် ကြောက်စရာလည်းမလိုသလို အထင်ကြီး စရာလည်းမလိုပါဘူ .. သိပ်ကြောက်နေရင်လည်း အသက်ပေး လိုက် ရနိုင်သ လို သိပ်အထင်သေးရင်လည်း အသက်ပေး သွားရပါလိမ့်မယ် ။ အနီးစပ် ဆုံး ဒေတာတွေ တိကျပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခုကျွန်တော်ရေးပေး ထား တာတွေက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ India က ရေးထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ် ၊ စိတ်ကြိုက်သဘောထားကွဲလွဲနိုင်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားတို့ဘယ်တော့မှ မမေ့နဲ့ ဒီမြေမှာနေဒီရေသောက်ပြီး လူဖြစ်လာ တယ်ဆိုတာကို .....
    ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်

    ReplyDelete
    Replies
    1. ကချင်ကိုအနိုင်တိုက်အုံး

      Delete
  7. ပြောချင်တာကတော့ ဘင်္ဂလားဒေရှ့်ကို
    မြန်မာ့တပ်မတော်က သနားတယ်လို့
    အေးအေးဆေးဆေးနေချင်ရင်
    အေးအေးဆေးဆေးနေလို့ပြောချင်တယ်
    မီးလာမမွှေးနဲ့ ပြာဖြစ်သွားမယ်
    မြန်မာ့တပ်မတော်ကထုတ်မသုံးသေးတဲ့လက်နက်တွေရဲ့
    စမ်းသပ်ခံစက်ပစ်ကွင်းဖြစ်သွားမယ်

    ReplyDelete
  8. ဒေါက်တာတတ်တိုင်းပညာရှိရင်ဆိုရင် ဒေါက်တာသန်းထွန်တို မိုးဇလကဒေါက်တာ ထွန်လွင်တိုကို ဒီထက်ပိုပြီး ဘွဲ့ပေးသင်နေပါပြီ ဘယ်သူ့ အထောက်အပံ့နဲ့ဒီ post တင်လဲ မသိပါ ဒါပေမဲ ဒီpostေ၇းတဲ့သူက မြန်မာ စိုတာယုံ ဖို့ခက်ပါတယ် fregate ကို ကိုယ်တိုင်ထုတ်နိုင်တဲ့ နိုင်ငံ MLRS ကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ နိုင်ငံ ကိုယ်တိုင်ကျည်ကာအင်္ကျီ နဲ့ စစ်တိုင်ထွက်တဲ့နိုင်ငံ က အရာရာသူများစီက၀ယ်ရတဲ့နိုင်ငံ နဲ့ ရည် ရှည်စစ်ဆင် ရင် အသာရမှာ အမှန်ပါပဲ ဒေါက်တာ ခင်ဗျာ မြန်မာ့ တပ်မတော် ကို အထင်သေးလွန်းနေပြီ အဲ့ဒီ ပြောတဲ့ ဗိုလ်ချုပ်ကြီးဆိုတာ ခင်ဗျာကိုယ်တိုင်ပဲဖြစ်မှာပါ ခင် ဗျာ အမေကျော် ဒွေးဒေါ်မလွန်းပါနဲ့ဗျာ နော် ခင် ဗျာ မြန်မာနာမည် ပေးထားရင် မြန်မာလိုတွေးပြီး မြန်မာ လို စကားပြောပါ မြန်မာ့အားနည်ချက်က ခင်ဗျား စီးပွားရေးဆိုရင် နာမည်ပြောင်းပေးပါ ကျေးဇူးအထူးတင်နေမှာပါ...

    ReplyDelete
  9. မှန်လိုက်လေခြင်း

    ReplyDelete
  10. မီဒီယာတွေ လုပ်လုပ်စားနေတဲ့..တပ်မတော်သားဟောင်းတစ်ဦးတို့..အငြိမ်းစားဝန်ထမ်းတစ်ယောက်တို့..တောင်သူလယ်သမားတစ်ဦးတို့ဆိုတဲ့ခေတ်က ကုန်ပီလေဗျ...
    အဲ့ပြောတဲ့ဗိုလ်ချုပ်နာမည်ပါရမယ်..ပြီးတော့ ဘယ်ခေတ်ကာလက တာဝန်ထမ်းခဲ့တာလည်းပါရမယ်...ဒါမှ သတင်းက သူပြောတာမှန်မမှန် စဉ်းစားလို့ရမှာပေါ့....
    ဒီဗိုလ်ချုပ်သာ အမှန်ဆိုရင် ဗိုလ်ချုပ်တို့ခေတ်က ရဲဘော်သုံးကျိပ်ဝင်ထဲက တစ်ယောက်ဖြစ်မယ် ဘာလို့လဲဆို မြန်မာစစတပ်မှာ မောင်းပြန်သေလောက်ပဲ ကိုင်နိုင်တာ နဲ့ခေတ်ပဲ၇ှိတာကိုး.....နောက်တစ်ချက် ဗိုလ်ချုပ်အစစ်ဆိုရင်...စစ်သားအစစ်ဆိုရင် အမေရိကန်ကိုတောင် အန်တုပြီး မနိုင်ရင်တောင် နိုင်အောင်တို့ဖို့ ငါတို့မှာ စိတ်ဓါတ်ရှိတယ်ဆိုတာ ပြောတယ်..စစ်တပ်လူတွေသွေးကြောင်းရင် ဒီနေ့ခေတ်မှာ စစ်တပ်၇ှိမှာတောင်မဟုတ်ဘူး ..တရုတ်က ထောက်ပံ့ပြီး ပြည်တွင်း လောက်တွေ နဲ့ပေါင်းတဲ့ ဗကပ ကို အမြောက်ရယ် ရိုင်ဖယ်ရယ် နဲ့ အမှုန့်ချေလာတာ..သမိုင်းကို သေချာလေ့လာ..စစ်တပ်အကြောင်းပြောချင်ရင် အရင်လေ့လာအုန်း...စစ်သားနိုင်ငံရေးထဲမပါရဘူးဖင်ပိတ်အော် ..ပြီးရင် ခင်များတို့ပဲ စစ်တပ်အကြောင်းမသိပဲ ကျွန်ပါးဝနေကြတာ...ကျုပ်တို့ကတော့ ဖတ်ခေါ်တယ် နိုင်ငံရေးသမားတွေ စစ်ထဲဝင်ကြပါ..ဒါမှ နားလည်မှာ

    ReplyDelete
  11. ဟုတ်လားအမှိုလာရှင်းပေးမလို့လား

    ReplyDelete
    Replies
    1. အချောက်ကြီးရာမြန်မာ့တပ်မတော်အဲ့လောက်မညံပါဘူးတပ်ထဲမှာခင်းဗျားနေတုန်းကထမီဝတ်ထားဘူးလားမင်းဘယ်လိုဗိုလ်ချုပ်ဖြစ်တာလဲနိုင်ငံတကာတပ်နဲ့ပေါင်းတိုင်းပြာဖြစ်ရမှာလားလက်နက်ကောင်းတိုင်းနိုင်မှာလားမြန်မာကွဝါးရင်းတုတ်ရှိရင်တောင်စစ်တိုက်ရဲတယ်ရှင်းလားခင်ဗျားလိုပြည်သူပေးတဲ့လစာယူပြီးသေမှာကြောက်နေတာမှတ်လားတပ်ထဲမှာကလေးဘဝကလိုတောင်ဒိုင်းညောင်လို့သေနတ်ပြစ်ဘူးလားဟဟဟရယ်စရာတွေမပြောနဲ့ အချောက်မကြီး

      Delete
  12. ဒေါက်တာဒို့လိုလူတွေရှိရင်ပိုဆိုတာပေါ့ .

    ReplyDelete
  13. "ဘင်္ဂလားစစ်တပ်သည် နိုင်ငံတကာတပ်များနှင့် လေ့ကျင့်ရေး ပြည့်ဝထားသလို "
    တခြားဘာမှမပြောချင်ဘူး
    ဘယ်လောက်ကြီးတဲ့ လက်နက်ဖြစ်ဖြစ် စမ်းသပ် ပစ်ခတ် လေ့ကျင့်မှုမရှိရင်တော့ မှိုတက်သွားနိုင်တယ်နော
    သိပ်စိတ်ကူးမယဉ်ကြစမ်းပါနဲ့
    မျက်ကန်း တစ္ဆေမကြောက်ဆိုတာ ဒါပဲနေမှာ
    ကိုယ့်ငါးပိကိုယ်ပိ သိပ်မလုပ်နဲ့

    ReplyDelete
  14. အော် မြန်မာ့တပ်မတော်(ရဲ့)အမှုန့်ဖြစ်မှာပါ

    ReplyDelete
  15. စိတ်​ဓာတ်​နဲ့တည်​​ဆောက်​ရမယ့်​ မသမချင်းမှတ်​ထား မြန်​မာကွ ​ကြောက်​​သွေးပါ၇င် ​ဖောက်​ထုတ်​လိုက်​မယ်

    ReplyDelete
  16. စမ်း ကြည့် ရ အောင်

    ReplyDelete
  17. ဒီစစ်ကိုတိုက်သင့်တယ်
    ဒါမှဗမာ့အရည်အချင်းဘကုန်းတွေပိုသိရသလို သန်းရွှေတပ်အင်အားလဲလျော့သွားမှာ

    ReplyDelete
  18. စမ်းကြည့်ပါ့လား

    ReplyDelete
  19. ကျနော်ထောက်ခံပါတယ်. . .. . အခု ဗမာနဲ့ ကုလာ ပြသာာက. . . .ပြန်ပြီးဆင်ရင်တော့. . နိုင်ငံရေးသမားတွေရဲ့လဲ့ကွပ်တွေလာမသိပါပူး. . . .. .. . .2015 ရွေးကောက်ပွဲကြီးမပေးဖြစ်စေချင်လို့နေမှာပေါ. . . . . . . အခုကုလာပြသာာနာတွေမကုံနိုင်သေးတာ

    ReplyDelete
  20. ရူးနေလား။ဒေါက် တာဘွဲ့ခံပြီး နည်းနည်းပါးပါး လေ့လာ လိုက်ဦး

    ReplyDelete
  21. * သတ္တိနဲ. လက်ရှိစစ်အင်အား မြန်မာ .... ဘက်ကသာပါတယ် ၊
    ဒါပေမယ်. မွတ်စ် တွေဘက်က SURFACE TO AIR
    MISSILE , ANTI TANK ROCKET နဲ. အယ်လ်ကိုင်ဒါ စစ်သွေးကြွ
    တွေ အများကြီး ၀င်လာမှာက စစ်ပွဲ ချိန်ခွင်ရှာ ကိုပြောင်း
    လဲသွားစေနိုင်တယ် ။
    * ဒါပေမယ်. ဘင်္ဂလားဒေရှ် ကမြန်မာ ကို စစ်ပွဲ စတင်ပြီး
    ဘယ်တော.မှ မဆင်နွဲ ဘူးဆိုတာ ယုံ ကြ ။
    ..
    ***** ဘာကြောင်.လဲဆို ဘူးသီးတောင် ၊ မောင်းတော
    က မွတ်ဆလင် (သပ်လှျှို ထားတဲ.)သိန်းချီ ကို အဆုံးရှုံး
    (လုံးဝ) မခံနိုင် လို.ပါ ။

    ReplyDelete
  22. လွမ်းဆွေဆိုတဲ့သောက်ရူးကတစ်မှောင့်

    ReplyDelete
  23. ယုံစမ်းပါ ချာသိပ်တွေ. . . . တကယ်လို့များ နိုင်ငံရေးသမားတွေရဲ့ လဲ့ကွက်မပာုတ်ပူးဆိုရင်. . . . . . . I တို့ဒီပြသာာကို လက်ပိုက်ပြီးငြိမ်နေမှာမပာုတ်ပူး. .နော်. . .

    ReplyDelete
  24. ကျွန်တော်ထင်ပါတယ် ခင်ဗျား မြန်မာနံမည် ယူထားတဲ့ ကုလားပဲဖြစ်ရမယ် ဟုတ်တယ် မဟုတ်လား လွဏ်းဆွေ

    ReplyDelete
  25. ဟုတ်မှလဲ ရေးပါဆရာကုလားရယ်ခင်ဗျားဟာကြီးကလဲဟားးးးးးးး

    ReplyDelete
  26. လက်နှက်အရည်အတွက်နဲ့တင်ဖိသတ်လို့ ရတယ် တိုက်လေယဉ်လား ၄ဆကွာတယ်ခလေးရဲ့ တင့်ကားအရေအတွက်လား မြန်မာမှာ MBT-2000 300 ရှိတယ် ဘမှာ ၄၀ T-72s 300 ကျော်ရှိတယ် ဘမှာမရှိဘူး တို့ ဆီကလေ့ကျင့်ရေးသုံးနေတဲ့တင့်ကိုသူတို့ က အဓိကသုံးနေတာ လက်ညောင်းတယ်ဆက်မရေးတော့ဘူး မသိသေးရင် ချက်ဘောက်ကလာမေး ပြောပြမယ် လဝတွေများလို့  ငိငိငိ

    ReplyDelete