Aungmyo Tun's Facebook Status
အမျိုးသားလွှတ်တော်မှာ ပီအာစနစ်နဲ့  အမတ်ရွေးချယ်ရေးအဆိုကို မဲခွဲဆုံးဖြတ်ရာ ၆၀ ရာခိုင်နှုန်းခန့်  ထောက်ခံမဲရရှိပြီး ပွတ်ကာသီကာ အတည်ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် အစီအစဉ်ထဲမှာ မပါတဲ့ ပီအာစနစ် အကောင်အထည်ဖော်ရေးကော်မတီကို နေ့ ချင်းပြီး တက်သုတ်ရိုက် ဖွဲ့စည်းခဲ့လို့  အတိုက်အခံ ဒီချုပ်ပါတီ အမတ်တချို့ရဲ့ မကျေလည်မှုနဲ့ အတူ လွှတ်တော်ဥက္ကဌ ဗိုလ်ခင်အောင်မြင့်အပေါ် အမြင်မရှင်းသံများ ထွက်ပေါ်လာတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာစနစ် ကျင့်သုံးဖို့  စစ်အုပ်စုက ကြိုတင်စီစဉ်ပြီး ဖြစ်ပါတယ်။ အာဏာရပါတီက ပီအာစနစ်အဆိုကို စတင် တင်သွင်းသူအဖြစ် သမိုင်းတွင်ကျန်မှာကို မလိုလားပေမယ့် ပီအာစနစ် ဖြစ်ပေါ်လာရန် ပါလီမန်မှာ နေရာအများစု ရရှိထားတဲ့ ကြံ့ဖွံ့ ပါတီအမတ်များရဲ့ ထောက်ခံဆွေးနွေးမဲပေးမှု မလွဲမသွေ လိုအပ်တာကြောင့် လက်တွေ့ မဲခွဲခဲ့ချိန်မှာ ဥက္ကဌ သူရရွှေမန်း ဦးဆောင်တဲ့ အာဏာရပါတီအမတ်များက တက်ညီလက်ညီ လုပ်ပြခဲ့ပါတယ်။
ပီအာစနစ် အတည်ဖြစ်သွားခြင်းလုပ်ငန်းစဉ်ဟာ ဒီချုပ် ခေါင်းဆောင်ဆန္ဒနဲ့ ဖြောင့်ဖြောင့်ကြီး သွေဖယ်နေတဲ့အပြင် ပြည်သူအများစု လိုလားမှုနဲ့ လည်း ဆန့် ကျင်နေတဲ့အတွက် ပီအာစနစ် ထောက်ခံသူ ကြံ့ဖွံ့ အမတ်များဟာ လူမုန်းသူမုန်း ခံရမှုကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့ စည်းပုံထဲက ဒီမိုကရေစီ မကျဆုံး၊ စစ်အာဏာရှင်စရိုက် အလွှမ်းခြုံဆုံး လက္ခဏာတခုဖြစ်တဲ့ ကာချုပ် ခန့် အပ်တဲ့ စစ်အမတ် တမတ်သားတို့ ရဲ့  ပီအာစနစ်အပေါ် မဲပေးမှုဟာ နိုင်ငံရေးပရောဟိတ်များရဲ့ ခန့် မှန်းချက်နဲ့  တက်တက်စင်အောင် လွဲခဲ့ပါတယ်။ စစ်သားအလုပ် စစ်သားမလုပ်ဘဲ လွှတ်တော်ထဲ နိုင်ငံရေးလာလုပ်နေတယ်လို့ ပြစ်တင်ရှုံ့ ချကြတဲ့သူတွေ ပါးစပ်အဟောင်းသားဖြစ်သွားအောင် ပီအာစနစ်ကို ကန့် ကွက်မဲပေးလိုက်ပါတယ်။ “စစ်အမတ်တွေက ချစ်စရာ မကောင်းလား” ဆိုပြီး ပါးလာနမ်းချင်အောင် လုပ်ပြနိုင်ခဲ့တယ်။ စစ်တပ်နဲ့ မဆိုင်၊ ကြံ့ဖွံ့ ကြောင့်သာ ပီအာစနစ် အတည်ဖြစ်ခဲ့တာလို့  ကိုယ်လွတ် ရုန်းထွက်ကာ “စစ်အမတ်တွေကို မောင်းမထုတ်ချင်စမ်းပါနဲ့ ” ဆိုတဲ့ မက်ဆေ့ကို ၀င်သလောက် သွတ်ခဲ့ပါတယ်။
အဆိုကို အပြန်အလှန် ဆွေးနွေးပြီး မဲခွဲခဲ့တဲ့ ၃ ရက်အတွင်းမှာ စစ်အမတ်တွေရဲ့ ပီအာစနစ် မလိုအပ်သေးကြောင်း ပြောဆိုမှုတွေ စတင်ပေါ်ပေါက်လာချိန်မှာ အဆို စတင် တင်သွင်းသူ NDF ပါတီအမတ်က “ကျမ တခု မှားသွားပါတယ်၊
အဆိုကို လွှတ်တော်မှာ ဆွေးနွေးသင့်/မသင့် အဦးဆုံး မဲခွဲကြရာမှာ ကန့် ကွက်သူတွေထဲမှာ မပါဝင်ခဲ့တဲ့ အမတ်အားလုံးကို ပီအာစနစ် လိုလားသူတွေလို့ ထင်ခဲ့မိတာ မှားသွားတယ်” ဆိုပြီး ပြည်တွင်းမီဒီယာတခုသို့ ပြောခဲ့ခြင်းဟာ အမျိုးသားလွှတ်တော်ထဲက စစ်အမတ်များကို ရည်ညွှန်းတာ ဖြစ်တဲ့အပြင် “ပီအာကစားပွဲ” ကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ ရုပ်ကြန်အင်ကို မိတ်ကပ်လူး ရွှေသွင်းပေးလိုက်တာမျိုး ဖြစ်ပါတယ်။
အစိုးရ၊ လွှတ်တော်၊ စစ်တပ်ဆိုတဲ့ စစ်ဝါဒကြီးစိုးရေး ထောက်တိုင် ၃ ရပ်ဟာ တခုကိုတခု ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုသလို ဖိုခနောင့်ဆိုင် အမှီပြုနေကြတယ်။ ပွဲကြီးတခုကို လုံးဝနီးပါး စီးမိထားပေမယ့် ပရိသတ်ထပြန်မှာ စိုးရိမ်တဲ့အတွက် ဘဲဥကွဲအောင် ကိုယ့်ဘာသာကိုယ် ပြန်ခွဲတတ်ပါတယ်။ လိုအပ်လာတဲ့အခါ Own Goal များလည်း ဖန်တီးဖို့ တွန့် ဆုတ်ဝန်လေးနေသူများ မဟုတ်ကြောင်းနဲ့ သည်းထိတ်ရင်ဖို ဟင်ခနဲဟာခနဲ အပြများဟာ နောက်ရာသီအတွက် အကောင်းဆုံး ဆွဲဆောင်မှုဖြစ်ပါတယ်။ ။
ထင်သားဘဲ၊ အဲလိုမှပြောကြမလားလို့ ။
ReplyDeleteNone voters are not supporters or oppositers. None voters are neutral (abstain ) .
ReplyDeleteMyanmar parliament voting system are very bad system .