Wednesday, June 18, 2014

အဆိုတော် ဦးအံ့ကြီး အသက် ၉၁ နှစ်ပြည့်ပြီ

The Irrawaddy (Burmese Version)'s Facebook Status
အဆိုတော် ကိုအံ့ကြီးလို့ ဆိုလိုက်ရင်''မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ် အတူတူခိုသူပျိုဖြူတွေရယ်'' ဆိုတဲ့ မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းနဲ့ တွဲဖက်လို့ သိကြမယ်ဆိုတာ မလွဲပါဘူး။

သူ့ရဲ့ အကောင်းဆုံးတေးတွေဖြစ်တဲ့ စစ်ကိုင်းတောင်၊ သုံးရာသီ၊ လူချွန်လူကောင်း၊ ပန်းပုသူဇာ၊ ပြုံးတုံလှယ် စတဲ့ သီချင်းတွေဟာ အခုတိုင် လူကြိုက်များလှသလို ပြန်လည်း သီဆိုနေကြဆဲပါပဲ၊ ဦးအံ့ကြီးဟာ သူ့ခေတ် သူအခါမှာကတော့ ခေတ်ရှေ့ပြေးနေတဲ့ အဆိုတော်ကြီးတဦးလို့ ဆိုရမှာပါ။

အနုပညာရှင်ကြီး ဦးအံ့ကြီးဟာ ယခုတိုင် အသက်ရှည်ကျန်းမာဆဲဖြစ်ပြီး၊ သူ့ရဲ့ ၉၁ နှစ်ပြည် မွေးနေ့နဲ့ ဇနီးမောင်နှံ အိမ်ထောင်သက် နှစ် ၆၀ ပြည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ကျပ် ၁၀ သိန်းကို ဒီကနေ့မှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

(နာရေးကူညီမှုအသင်း-ရန်ကုန်) မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment