Sunday, May 28, 2017

''ခွဲမထွက်ရ'' စာသားနဲ့ ကျနော့်အမြင်

"ပြည်ထောင်စုမှ ခွဲမထွက်ရ" ဆိုတဲ့ တိုင်းရင်းသားတွေကို မယုံကြည်တဲ့သဘောဆောင်စေတဲ့ (တုပ်နှောင်တဲ့သဘောဆောင်စေတဲ့) စာသားကို လုံးဝမထည့်သင့်ဘူးလို့ မြင်ပါတယ်။

တကယ်ဆို တိုင်းရင်းသားတွေဘက်က " - - နှစ်အကြာ ခွဲထွက်လိုက ခွဲထွက်နိုင်သည်" ဆိုတဲ့ စာသားမျိုး ထည့်ဖို့ မတောင်းဆိုတာနဲ့တင် ကျေနပ်အားရရှိသင့်နေပါပြီ။

မထည့်မဖြစ် ထည့်ချင်ပါက ''ပြည်ထောင်စုကြီး အစဉ်သဖြင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်ညီလက်ညီ လက်တွဲဆောင်ရွက်သွားကြမည်။'' ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ စာသားမျိုးပဲ အားလုံးသဘောတူ ထည့်သင့်တယ်လို့ မြင်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၉း၅၃ နာရီ
၂၈ မေ ၂၀၁၇

No comments: