Saturday, April 22, 2017

ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်နိုင်

ကျနော့်တဦးတည်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်နိုင်ဘူးလို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ...

၁။ တပ်မတော်က အရပ်သားအစိုးရရဲ့အမိန့်အာဏာအောက်မှာ မရှိခြင်း

၂။ နောက်ကြောင်းပြန်အရေးယူခံရမှာကို စိုးရွံ့ထိတ်လန့်နေကြတဲ့ (ပြည်တွင်းငြိမ်းချမ်းရေးရရင် ဖွဲ့စည်းပုံပြင်ဆင်ရမှာကို စိုးရွံ့ထိတ်လန့်နေကြတဲ့) ယခင်စစ်အာဏာရှင်ဟောင်းများက လက်ရှိ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် သြဇာညောင်းနေသေးပုံရခြင်း

၃။ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာချုပ်ကိုင်မှု အသာစီးရနေတဲ့ လက်ရှိ ထိပ်ပိုင်း တပ်မတော်ခေါင်းဆောင်များအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ် လိုလားမှုရှိမရှိ(ပြည်တွင်းငြိမ်းချမ်းရေးရရင် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်း ရှိမရှိ)ကို မသိရှိနိုင်ခြင်း

၎။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြောင်း ဒေါ်အောင်ဆန်းစုကြည် ဂဃနဏ သိပုံမရခြင်း

၅။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုရှိလာအောင် မတည်ဆောက်နိုင်ခြင်း (တည်ဆောက်ဖို့ အခြေအနေမပေးတာ/ စစ်ခေါင်းဆောင်တွေက အခွင့်အရေးမပေးတာလည်းဖြစ်နိုင်)

၆။ ရှုပ်ထွေးပြီး မပြီးနိုင်မစီးနိုင်လောက်အောင် ရှည်လျားပေများမည့် လုပ်ငန်းအစီအစဉ်များကို ဦးသိန်းစိန်စစ်တပိုင်းအစိုးရထံမှ အမွေဆက်ခံလုပ်ဆောင်နေရခြင်း (လူများပြီး ပွဲမစည်မယ့် လုပ်ငန်းအစီအစဉ်တွေကို ဆက်ခံလုပ်ဆောင်နေရခြင်း)

၇။ အစိုးရနဲ့ တပ်မတော်ဘက်မှ ဦးဆောင်ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေ မပါဝင်ခြင်း

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၈း၄၅ မိနစ်
၂၂ ဧပြီ ၂၀၁၇

No comments: