Wednesday, February 1, 2017

''ဂုဏ်ယူပါတယ် ကိုနေ၀င်း'' သံပြိုင်ဟစ်ကြွေးသံများနဲ့ ဈာပနမြင်ကွင်း (ရုပ်သံ)

ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ခံပြီး သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ကိုနေ၀င်းရဲ့ဈာပနမှာ လိုက်ပါပို့ဆောင်သူတွေက ''ဂုဏ်ယူပါတယ် ကိုနေ၀င်း'' လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူကို ကူညီဖမ်းဆီးရင်း သေနတ်ထိမှန် သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ဈာပနကို ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။

No comments: