Tuesday, May 27, 2014

တချိန်မှာ လူထုက ပေးတဲ့ ကျိန်စာတွေ ရလိမ့်မယ်

(Aye Mar's Facebook Status)
ဆွံအ နားမကြား
အတိုက်အခံတွေ
လူထုအော်သံ ငိုကြွေးသံက
သင်တို့အတွက် ပါမစ်တွေလား
မြေနေရာတွေလား။

လယ်သိမ်း ယာသိမ်း မြေသိမ်း ကျူးတွေဆိုပြီး မြေလှန်နေချိန်မှာ
ကားတွေ ရမယ်၊ မြေတွေ ရမယ် ပါမစ်တွေ ရမယ်ဆိုပြီး
ရွေးကောက်ပွဲကော်မရှင်က တရားဝင် စာထုတ်ပြောတယ်ဆိုတာ
အတော်ထူးခြားတဲ့ တိုင်းပြည်ပဲ။

ရွေးကောက်ပွဲကော်မရှင်ဆိုတာ
နိုင်ငံတခုမှာ သမာသမတ်လုပ်ရမယ့် အဖွဲ့အစည်း
ဒါဟာ လာဘ်ထိုးစည်းရုံးနေတာဖြစ်တယ်။

ဘယ်သူတွေရဲ့ မြေတွေ ပေးမှာလဲ။

အဓမ္မသိမ်းထားတဲ့ မြေတွေကော
ပြန်ပေးလို့ ပြီးပြီလား။

မြေတောင်းသူတွေကိုတော့ မြေမပေး
အခုတော့ ဘယ်မြေတွေ ပေးမှာလဲ
မေးခွန်းထုတ်စရာ။

ဘာရရ ယူမယ်ဆိုတဲ့ ပါတီတွေ အတိုက်အခံတွေ
တိုင်းရင်းသားတွေ ကျောင်းသားတွေဟာ
တချိန်မှာ လူထုက ပေးတဲ့ ကျိန်စာတွေ ရလိမ့်မယ်ဆိုတာ
သတိထားသင့်တယ်။

2 comments:

  1. မောင်လွဏ်းဆွေရယ် အမပြောပြီးပါပကော၊ နောက်ဆုံးတော့လည်း ကိုယ်ကျိုးသမားချည်းပါပဲလို့ ၊
    ပြည်သူတွေကိုချစ်ပါတယ် တိုင်းပြည်ကိုချစ်လို့ ပါလို့ ဖင်ပိတ်အော်
    နေတာ စားပေါက်ချောင်အောင်လို့  စားကွက်ရှာနေတာ၊ ဒေါ်စုကြည့်ပါ့လား တော်တော်ချမ်းသာနေပြီ၊ စစ်အုပ်စုလည်းသူဌေးကြီးတွေဖြစ်၊ အတိုက်ခံတွေလည်းသူဌေးတွေဖြစ်၊ ပြည်ပြေးတွေလည်း လစာတွေကောင်းပြီး သူဌေးတွေဖြစ်နေပြီ တို့ ပြည်သူတွေဘဲချမ်းသာဖို့ ကျန်တော့တယ်၊ ဒီတစ်ခါ ဒီမိုကရေစီရရင်
    တို့ ပြည်သူတွေရဲ့ အလှည့်နော် ဘယ်သူမှမစားကြေး

    ReplyDelete