တောင်သာဗိုလ်နှင့် ဗိုလ်ရွှေမန်း
တူမောင်ညို
အကြမ်းဖက်သမား စွမ်းအားရှင်များက မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး ...အစရှိသော မြို့များမှ အကြမ်းဖက်မှုများတွင် တုတ်/ဓားကိုင်ပြီး အစွမ်းပြပါသည်။ သင်္ကန်းဝတ် စွမ်းအားရှင်က “မျိုးစောင့်ဥပဒေ” နဲ့ အစွမ်းပြပါသည်။ ယင်းသို့ အစွမ်းပြမှုများကို “တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်” ဆိုသည်ဖြင့် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်ခုပ်တီး၍ သြဘာပေးလိုက်သည်။ ရပ်တည်ပြလိုက်သည်။ အကြမ်းဖက်မှုများနောက်ကွယ်တွင် ကြံ့ဖွံ့အစိုးရ ရှိနေသည်ကို ကိုယ်ထင်ပြလိုက်ခြင်းဖြစ်သည်။
တကယ်တော့ ကြံ့ဖွံ့အစိုးရ ထုတ်ပြန်ခဲ့သည့် “တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်” ဆိုသည်မှာ ကြံ့ဖွံ့ပါတီ၏ သဘောထားပင်ဖြစ်သည်။ ကြံ့ဖွံ့အစိုးရကို ကြံ့ဖွံ့ပါတီ၏ ဦးဆောင်မှုဖြင့် ရွေးချယ် တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ ကြံ့ဖွံ့အစိုးရသည် ကြံ့ဖွံ့ပါတီကို နာခံရမည်။ (နအဖ) ဥက္ကဋ္ဌ ဗိုလ်သန်းရွှေက ကြံ့ဖွံ့ပါတီထံ အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဤအချက်ကို ကြံ့ဖွံ့ပါတီ အတိုင်ပင်ခံအဖွဲ့ဝင် (ဗိုလ်) ဦးအောင်သောင်းက ထုတ်ပြောခဲ့သည်။
ခန့်မှန်းကြည့်ရလျှင် “တောင်သာဗိုလ်” က “NLD နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်” ဆိုသည်ထက် “စာကပ်သွေးခွဲနေတဲ့ ၉၆၉ အဖွဲ့အစည်းများကို အရေးယူဆောင်ရွက်မှာဖြစ်တယ်” လို့ အမေရိကန်ခရီးစဉ်၌ (ဗိုလ်) ဦးရွှေမန်း ပြောကြားချက်အပေါ် ပစ်မှတ်ထားပုံပေါ်ပါသည်။ သို့ဖြင့် “၉၆၉” များကို အရေးယူမယ်ဆိုသော (ဗိုလ်) ဦးရွှေမန်း ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းအတွင်းစည်းထဲ၌ ရှုံးနိမ့်သွားပုံပေါ်သည်။ ယင်းသို့ ရှုံးနိမ့်သွားသည့်အတွက် “တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်” ပေါ်ထွက်လာခြင်း ဖြစ်နိုင်ပါသည်။
အမေရိကန်ခရီးစဉ်တွင် လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်း ပြောခဲ့သည့် “NLD နှင့် ညွန်ပေါင်းအစိုးရဖွဲ့မည်” ဆိုသည်မှာ ဘာမျှပြောလောက် ဆိုလောက်သည့် ကိစ္စမဟုတ်ပါ။ “ထီပေါက်လျှင် မြင်းဝယ်စီးမည်” ဟူသည့် သဘောမျှလောက်သာဖြစ်ပါသည်။
“စာကပ်သွေးခွဲနေတဲ့ ၉၆၉ အဖွဲ့အစည်းများကို အရေးယူဆောင်ရွက်မှာဖြစ်တယ်” ဆိုသည့်ကိစ္စမှာ “တောင်သာဗိုလ်” အပါအဝင် ကြံ့ဖွံ့ဗိုလ်အများစုအတွက် “ကုလစင်မြင့်ကို ခရူးရှာ့ ဖိနပ်နှင့် ခေါက်သည့်ကိစ္စ” မျိုး ဖြစ်သွားပုံရသည်ဟု ထင်ပါသည်။
ထို့အပြင် ထိုစကားကို ပြောသူကလည်း မကြာခင်ကမှ ဝါစဉ်အလိုက် ဥက္ကဋ္ဌဖြစ်လာသူ (ဗိုလ်) ဦးရွှေမန်း ဖြစ်နေသည်။ ဥက္ကဋ္ဌကို ဒုတိယဥက္ကဋ္ဌများ အပါအဝင် ဗဟိုကော်မတီများအနက် မည်သူမျှ ပြန်လှန်မေးခွန်းထုတ်၍ မဖြစ်နိုင်။ မထုတ်ဝံ့ကြ။ သို့အတွက် ကြံ့ဖွံ့ပါတီ အတိုင်ပင်ခံအဖွဲ့ဝင် “တောင်သာဗိုလ်” ပွဲထွက်လာရခြင်း ဖြစ်မည်ဟု ယူဆပါသည်။
တူမောင်ညို
(၂၀၁၃ ဇွန်လ ၂၄ ရက်)

သင်္ကန်းဝတ် စွမ်းအားရှင်သုံးတဲ့ကောင်.. မိုက်ရိုင်းလှချည်လား
ReplyDeleteလူတော မတိုးဝံ့တဲ့ စည်ဝိုင်းအပြင်က ကလောင်ပုံး စွမ်းအားရှင်ရ ဟောင်ချင်သလိုသာ ဟောင်ပါတော့။
ReplyDeleteဘေးမဲ့ပေးထားလိုက်ပါမယ်။
Tu mg Nyo
ReplyDeleteI always disagree with you but this time I absolutely agree with you!
အင်တာဗျူးတစ်ခုမှာ.. ဦးအောင်သောင်းက ဦးရွှေမန်းကို အာချောင်တဲ့အတွက် အပစ်တင်တဲ့လေသံတွေ၊ ကမ္ဘာ့အဖြစ်အပျက်တွေနဲ့ ဥပမာပေးခိုင်းနှိုင်းပြီး ဦးရွှေမန်း ပြုတ်ကျသွားနိုင်တယ်ဆိုတဲ့ သဘောတွေကို.. ဘယ်သူ့အားကိုးနဲ့များ ပြောရဲနေရသလဲ။
ReplyDeleteတချက်တချက် နောက်ကွယ်က လက်မဲကြီးကို ရိတ်ကနဲ မြင်လိုက်ရ သလိုလို..။
ဦးအောင်သောင်းက သူ့အကျင့်စရိုက်အတိုင်း မှင်သေသေ ဗြောင်လိမ်ဗြောင်စား၊ ဖိန့်ဂွိန့်တွေနဲ့ ရောင်တော်ပြန်လွှတ်နေသလားလို့ စဉ်းစားစရာဖြစ်တယ်။
တူမောင်ညိုဆက်အိပ်၊ထမကြည့်နဲ့၊အိပ်ရေးပျက်တယ်။
ReplyDeleteသာသနာကိုမထိခိုက်အောင်ပြောဆိုနေထိုင်ကြပါ။
ReplyDelete