Tuesday, March 12, 2013

NLD သဘာပတိ ဦးဝင်းတင်၏ ၈၃ နှစ်မြောက်မွေးနေ့ အမှာစကား (မတ်လ ၁၂ ရက်နေ့ )

“ပြည်သူတွေဟာ အပြောင်းအလဲကို တောင်းဆိုရမယ်။ မရရအောင် တောင်းဆိုရမယ်။ တောင်းဆိုနေတဲ့ အသံတွေဟာ ကျယ်လောင်နေရမယ်။ တိုင်းသိ ပြည်သိ ကမ္ဘာသိကို ဖြစ်အောင်လုပ်ရမယ်။ ရဲရဲတောင်းကြပါ။ တောင်းဆိုချက်တွေ လုပ်ကြပါ။ ကိုယ့်ရဲ့နစ်နာချက်တွေ၊ ခံစားချက်တွေ၊ မပြည့်စုံမှုတွေ၊ မပြည့်ဝမှုတွေ အဲ့ဒါတွေအတွက် တောင်းဆိုကြပါ။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ဒါတွေနဲ့ တွဲပြီး လှုပ်ရှားကြပါ။ အဲ့ဒီထဲမှာ NLD လည်း ပါတယ်။”
(ခွန်ဒီးယမ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

7 comments:

yoo said...

တို့ ဘကြီးကတော့လေ...

နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊
ကျောင်းသားအဖွဲ့အစည်းတွေ...
ဒါတွေနဲ့ တွဲပြီး လှုပ်ရှားကြပါ..လို့ ဆော်သြနေပြန်ပြီ..။

ဘကြီးရဲ့ အဖွဲ့အစည်းတွေကဖြင့်...
ပြည်သူတွေ တောင်းဆိုနေတဲ့ အသံတွေ
ကျယ်လောင်မှ...လာတွဲကြတာ...။

ဒါတောင်..
ပြည်သူတွေ ရဲ့ အသံက
တိုင်းသိ ပြည်သိ ကမ္ဘာသိ မှ လာတွဲကြတာနော်..။

တော်ယုန်တန်ယုန် လောက်ကတော့..
ဟူး.......။

ဘကြီး မှာလဲ...
ခုချိန်ထိ..
ပြည်သူတွေကို ဖောက်ထွက်ခိုင်းနေတုန်းပဲ..။

ဘကြီး လူတွေကဖြင့်..
ထွက်ပေါက်တွေကိုပဲ..
ဆောင့်ကြောင့် ငုတ်တုတ်ထိုင်ရင်ထိုင်၊
မထိုင်ရင် စောင် ခေါင်းမြီးခြုံအိပ်ပြီး
စောင့်နေကြတာ..။
အချဉ် တော့ မဟုတ်ဘူး။

Unknown said...

Uncle U Win Tin, I am 100% totally admire and appreciate your words that mentioned the truth.Till now,The Regime and their Families,their cronies,and the blind supporters,are in the profits,to trust to their Democracy of Lies,to the World,and to all, But, we ,civilian,are still suffering worst than before,because,nothing has change in Burma.We must claim loudly about to gets the real Democracy in our land.

Unknown said...

စိတ်ဓါတ်အင်အား ပြည့်ဝ လွန်းသော ဘဘ ဦးဝင်းတင် သက်တော်ရာကျော်ရှည်ပါစေ ပြည်သူ့ အပေါ်မတရားမှုတွေကို ချေဖျက်နိုင်ပါစေ

Unknown said...

ဘဘ သက်တော်ရာကျော်ရှည်ပါစေ ပြည်သူကို မတရားလုပ်သော ကိစ္စ မှန်သမျှ တွန်းလှန်နိုင်ပါစေ

S.Maung Chain said...

Yes !!!!!!!!
This is the right things we have to do around the country.Nothing to do except marching to the big strike.

But I think mother of democracy and (88) were dislike this action cause they got stupid democracy from U Thein Sein already.

a said...

အန်ကယ်ကျန်းမာပျော်ရွှင်အသက်ရှည်ပါစေ။

Anonymous said...

အဖိုးကြီး အခုထိကန့်လန့်ပြောတုံးပါလား။ မွေးနေ့က သေ နေ့ ဖြစ်သွားမယ် ။ ခင် ဗျားနေရာ မရတာနဲ့ ဟောင် မ နေနဲ့