Sunday, September 25, 2011

ဧရာဝတီအတွက် အဓိက တိုက်ပွဲသဏ္ဍာန်

ဧရာဝတီအတွက် အဓိက တိုက်ပွဲသဏ္ဍာန်
ဦးအေးဆောင်

ဒီကနေ့ အဓိကတိုက်ပွဲသဏ္ဍာန်ဟာ လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ဖြစ်တာကို မြင်နိုင်တယ်။ ကချင်ဒေသက တိုက်ပွဲတွေဟာ ကေအိုင်အေကို ချေမှုန်းရေးရည်မှန်းချက်နဲ့ ရန်သူကြံ့ဖွတ်တပ်နဲ့ တရုတ်တွေ ညှိပြီး လုပ်ခဲ့ တာပါ။ ကချင်ပြည်သူတွေနဲ့ ကေအိုင်အေတပ်ဖွဲ့တွေ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်လို့၊ အက်စ်အက်စ်အေတွေက လည်း သူ့ဒေသမှာ ရန်သူကို တိုက်ခိုက်ခဲ့လို့ အားနည်းချက် များပြားလှတဲ့ ကြံ့ဖွတ်တပ်က အရှုံးပေါ်လာတာ ကြောင့် အလျင်အမြန် စေ့စပ်ရေးပရိယာယ်ကို ပြောင်းကျင့်သုံးလာရတယ်။ တရုတ်ကလည်း ကေအိုင်အေစ ခန်းတွေကို အလွယ်တကူ ကြံ့ဖွတ်တပ်က သိမ်းနိုင်မယ်လို့ ထင်ထားခဲ့ရာက ကချင်တပ်တွေရဲ့ စွမ်းပကားကို သိသွားသလို ကြံ့ဖွတ်တပ်တွေရဲ့ အားနည်းချက်တွေကို သိလာပြီး တရုတ်က ကချင်ပြည်သူတွေနဲ့ ကေအိုင် အိုအပေါ် သဘောထားပြော့ပြောင်းလာတယ်လို့ သုံးသပ်နိုင်တယ်။

ချုပ်လိုက်ရင် လက်နက်ကိုင်တိုက်ပွဲကို ရဲရဲရင့်ရင့် ဆင်နွှဲတဲ့ ကချင်ပြည်သူတွေနဲ့ ကေအိုင်အေတပ်က ရန်သူ ကို ဒီတိုက်ပွဲမှာ အောင်မြင်လိုက်တယ်လို့ ဆိုနိုင်တယ်။ ဒါဟာ စေ့စပ်အားမဟုတ်ဘဲ လက်နက်ကိုင်တိုက်ပွဲ ကြောင့်သာ ဖြစ်တာကို အလေးအနက်ထားရမယ်။

ဒီလိုပါပဲ တခြားဒေသတွေမှာ တိုက်ပွဲဝင်နေတဲ့ အက်စ်အက်စ်အေ၊ ကေအင်န်ယူ၊ ဒီကေဘီအေ၊ ကေအင်န်ပီပီ နဲ့ တခြားအဖွဲ့တွေရဲ့လက်နက်ကိုင်တိုက်ပွဲတွေဟာ ဒီနေ့ လူထုကြားထဲမှာ၊ ရန်သူ့ကြားထဲမှာ မျက်ကွယ်ပြုလို့ မရတဲ့၊ ဖုံးဖိလို့မရတဲ့တိုက်ပွဲတွေပါ။ ရန်သူကို နိုင်ငံရေးအရ၊ စစ်ရေးအရ အထိနာစေတဲ့ တိုက်ပွဲတွေဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ဖော့မတွက်စေချင်သလို ဒီလက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ကို ကြီးမားကျယ်ပြန့်အောင် လုပ်ဆောင်သင့်တယ်။ တိုက်ပွဲတွေဟာ ရန်သူ့တပ်ကို တိုက်ရိုက်ရိုက်ခတ်သလို လူထုရဲ့လှုပ်ရှားမှုကို တိုက် ရိုက်ထောက်ကူအားပေးနေတာကို “ဧရာဝတီမြစ်ဆုံရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှု” မှာ တွေ့နိုင်တယ်။

ဒီတော့ လက်နက်အားကိုးပြီး အနိုင်ကျင့်နေတဲ့ ကြံ့ဖွတ်တပ်ကို လက်နက်ကိုင်တိုက်ပွဲနဲ့သာ ဟန့်တားနိုင်တာ ကိုတွေ့နိုင်တယ်။ လက်နက်ကိုင်ထားတဲ့ ၀အဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေကိုလည်း နယ်ခြားစောင့်တပ်အဖြစ်ပြောင်း ရေးတောင်မပြောတော့ဘဲ သဘောတူညီချက်တွေ လုပ်လာရတယ်။ ဒီလိုလုပ်လာတာဟာ ရန်သူအနေနဲ့ သူ့ အကွက်နဲ့သူ ရွှေ့တာဖြစ်နေလည်း လက်နက်ကိုင်ထားလို့၊ တိုက်လို့ ဒီလို သူက ရွှေ့ရတာကို ကျနော်တို့ ဘက်က အလေးအနက် သိရမယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေမပါဘဲ စစ်အာဏာရှင်တွေဆီက ကျနော်တို့ မြင့် မြင့်မားမား ဘာမှမမျှော်လင့်နိုင်ပါ။ လက်နက်ကိုင်တိုက်ပွဲသာ စစ်အာဏာရှင်တွေကို ရင်ဆိုင်ရာမှာ ထိရောက် တာကို သိသာတယ်။

လက်နက်ကိုင်တိုက်ပွဲက အဓိအသွင်ဖြစ်နေတာကြောင့် တခြားလူထုတိုက်ပွဲတွေ၊ သပိတ်မှောက်ဆန္ဒပြတာ တွေ မလိုဘူးလို့ ပြောတာမဟုတ်တာကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲ ကို အကောင်အထည်ဖော်ရာမှာ လူထုလှုပ်ရှားမှုနဲ့ သပိတ်တိုက်ပွဲတွေက အစပျိုးရမှာ သဘာဝပါပဲ။ ဒါပေမယ့် အဆုံး အဖြတ်တိုက်ပွဲဟာ လက်နက်ကိုင်လူထုအင်အားနဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချရမှာကို စွဲစွဲမြဲမြဲ ဆုပ် ကိုင်ထားဖို့ လိုပါတယ်။ လစ်ဗျားနမူနာဟာ အကောင်းဆုံးပါပဲ။ လှည့်စားမှုတွေ၊ မြူဆွယ်မှုတွေ၊ အချောင်သ မားတွေ၊ အနှစ်မဲ့တဲ့ ငြိမ်းချမ်းရေးတွေ၊ အလံရှူးတွေရဲ့ တောခြောက်သံတွေကို ဖောက်ထွင်းမြင်ပြီး စစ်အာ ဏာရှင်တိုက်ဖျက်ရေးလမ်းက မသွေဖီဖို့ လူထုကို အမြဲမပြတ် ရှင်းလင်းပြနေရပါလိမ့်မယ်။

ဒီနေ့ ဧရာဝတီမြစ်ဆုံရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင်တိုက်ပွဲ လှုပ် ရှားမှုရဲ့ ဆုံချက်ဖြစ်နိုင်တာကို ကျနော်တို့ သိရှိသလို ရန်သူကလည်း သိနေမှာပါပဲ။ ဒါကြောင့်လည်း သူက တားဆီးနိုင်ရေးအတွက် “၀” နဲ့ မိုင်းလားကို အလျှော့ပေးပြီး ကတိုက်ကရိုက် သွားချော့မြူထားတာပါ။ ဒါက သူ့အလုပ်။ ကျနော်တို့ လတ်တလောလုပ်ရမယ့် ရည်မှန်းချက်က တိုင်းပြည်နဲ့ ပြည်သူတရပ်လုံးအတွက် ဧရာ ၀တီမြစ်ဆုံရေကာတာ ဆန့်ကျင်တိုက်ဖျက်ရေးကို ဘယ်လို အခက်အခဲတွေရှိပါစေ အပြတ်သားဆုံး ဆုံးဖြတ် ချက်နဲ့ အောင်မြင်အောင်လုပ်ရမှာက ကျနော်တို့အလုပ်ပဲ။ ပြည်တင်း မင်းမခံနိုင်ဆိုတာ၊ ပြည်သူဟာ စစ်အာ ဏာရှင်ကို အနိုင်တိုက်နိုင်တယ်ဆိုတာ ပြသရမှာပဲ။

မြစ်ဆုံရေကာတာဟာ ကြံ့ဖွတ်စစ်အာဏာရှင်တွေက တရုတ်နဲ့ လက်ဝါးရိုက်ပြီး တိုင်းပြည်တခုလုံးကို သွေး စုပ်မှုကြီးဖြစ်လို့ လွယ်လွယ်နဲ့ မလျှော့မှာသေချာတယ်။ ဒီတော့ ကျနော်တို့ပြည်သူဘက်ကလည်း သေမထူး နေမထူးဖြစ်နေမှတော့ ရေကာတာလှုပ်ရှားမှု အောင်မြင်အောင် အပြင်းအထန် အားထုတ်ကြိုးပမ်းကြရတော့ မယ်။ တရုတ်နဲ့ ပင်းပြီး ရေကာတာဆောက်တဲ့ ခေါင်းမာဂိုဏ်း လက်တဆုတ်စာ ကြံ့ဖွတ်စစ်အာဏာရှင်တွေ ကိုပါ ဆန့်ကျင်တိုက်ဖျက်ရေးအတွက်ပါ ထည့်တွက်ပြင်ဆင်ထားရလိမ့်မယ်။

ရေကာတာဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင်အင်အားစုတွေကို ပေါင်းစပ်ဖော်ဆောင်နိုင်အောင် လည်း ကြိုးပမ်းဖို့ လိုအပ်တယ်။ ဆန္ဒပြပွဲတွေဟာ ဘယ်လိုကြမ္မာနဲ့ ကြုံရတယ်ဆိုတာ ပြည်သူလူထုတွေ သိ နေပြီးဖြစ်နေတော့ လက်နက်ကိုင်အင်အားစုတွေက ဆန္ဒပြတဲ့ လူထုကို ကာကွယ်ပေးနိုင်ရေးတာဝန်ကို ယူ နိုင်အောင် စီစဉ်စဉ်းစားသင့်တယ်။ တရုတ်သံရုံးရှေ့ တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံရတဲ့ ကိုအောင်သိန်း ခေါ် ကိုကျော်ဝင်းလို လူတွေကအစ ကျနော်တို့ ကာကွယ်တဲ့ လုပ်ငန်းတွေကို၊ လွှတ်ဖို့တောင်းဆိုတဲ့ လုပ် ဆောင်မှုတွေကို လုပ်ကြရလိမ့်မယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာက ပြည်တွင်းလှုပ်ရှားသူတွေက ပိုသိမှာပဲ။

မြစ်ဆုံရေကာတာဆန့်ကျင်ရေးလှုပ်ရှားမှုဟာ လှုံ့ဆော်မှုသက်သက်မဟုတ်ဘဲ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ လူထုလှုပ်ရှားမှုအဖြစ် တပြည်လုံးအတိုင်းအတာဖြစ်လာအောင် လုပ်ပြီး နည်းမျိုးစုံနဲ့ ပြည်သူတိုင်း ပါဝင်တဲ့ မြစ်ဆုံရေကာတာဆန့်ကျင်ရေး၊ ကြံ့ဖွတ်စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဖော်ဆောင်ကြရမယ်။

ပြည်သူလူထုရဲ့စွမ်းပကားက “ပြန့်နှံ့ခြင်းနဲ့ အားကြီးခြင်း” ဖြစ်တာကြောင့် ဒီစွမ်းအင်နှစ်ရပ်ကို အပြည့်အ၀ အ သုံးချနိုင်အောင် အားထုတ်ကြရမယ်။ ကြံ့ဖွတ်အားကိုးတဲ့ ကြံ့ဖွတ်တပ်ဟာ လူထုက အော့နုလုံးနာနေတဲ့အ ပြင် အင်အားချို့တဲ့နေတယ်။ ယုတ်မာရက်စက်တဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်ဘ၀ကိုလည်း ရွံ့မုန်းနေကြ တော့ ပြည်သူတွေရဲ့တိုက်ပွဲဟာ အလားအလာ အများကြီးကောင်းတယ်။

ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုကိုသာ ကာလတစုံတရာ ရင်ဆိုင်ရရင် ကြံ့ဖွတ်စစ်အာဏာရှင်တွေ ကြာရှည်ခံနိုင်စရာမရှိဘူး။ နိုင်ငံတကာက အထင်သေးခံနေရတဲ့ မြန်မာပြည်သူတွေရဲ့သိက္ခာဟာ ထွန်းပြောင် လာပါလိမ့်မယ်။

မြစ်ဆုံရေကာတာကို လက်ရှိ တိုက်ရိုက်ဆန့်ကျင်နေရတဲ့ ကေအိုင်အိုအဖွဲ့ကို ကျနော်တို့ အားပေးထောက်ခံ ကြရမှာပဲ။ လှုပ်ရှားမှု တပြည်လုံးပျံ့နှံ့ရေးအတွက် ဒေသလူမျိုးမခွဲခြားဘဲ အားလုံးက တာဝန်သိသိ လုပ် ဆောင်ကြရမယ်။

ဧရာဝတီမြစ် ကယ်တင်ရေးအတွက် ပြည်တွင်းက လှုပ်ရှားမှုတွေ အရှိန်ရလာတာ အားတက်စရာ ကောင်းလှ တယ်။ ကြံ့ဖွတ်သိန်းစိန်က လူထုကို အာရုံပြောင်း လှည့်စားဖို့ ကြံဆောင်နေတယ်။ လူထုလှုပ်ရှားမှု ဖြစ်မလာ အောင် သွေးခွဲပြီး လှည့်စားဖို့၊ ခြိမ်းခြောက်ဖို့၊ တိုက်ခိုက်ဖို့ စီစဉ်မှာပါ။

ဒါပေမယ့် ဒါတွေဟာ ဧရာဝတီကို ချစ်မြတ်နိုးတဲ့၊ မြစ်ဧရာရဲ့တန်ဖိုးကိုသိတဲ့၊ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအ မျိုးမျိုးကို ခံနေရတဲ့ ပြည်သူတွေရဲ့တိုက်ပွဲကို ဘယ်နည်းနှင့်မှ ကြံ့ဖွတ်စစ်အာဏာရှင်တွေက တားဆီးနိုင်စွမ်း ရှိမည်မဟုတ်ပါ။ တိုက်ပွဲဝင်တဲ့ ပြည်သူတွေဟာ အောင်ပွဲသရဖူကို ဆောင်းရမှာပါပဲ။

မြစ်ဧရာအတွက် တိုက်ပွဲဝင်ကြ။
စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
အောင်ပွဲကို တိုက်ယူကြ။

ဦးအေးဆောင်
စက်တင်ဘာ ၂၂၊ ၂၀၁၁

8 comments:

ကျားလေး said...

ဟေ့ကောင် မြစ်ဆုံရေကာထာ ကိုဆန့်ကျင်တာနဲ့KIA နဲ့ အစိုးရ စစ်ဖြစ်တာကို လာမရောနဲ့။
မင်း KIA က မြစ်စုံရေကာထာဆောက်ဆောက်
မဆောက်ဆောက် တိုက်မှာပဲ။

ko said...

အဲဒီလိုလူမျိုးတွေကိုမကြိုက်တာ..
ကိစ္စပေါ်လာပြီဆို၇င်ဖြင့် ချဲတွက်သလို ပေါက်ဖော်လုပ်ပြ..ပြီးရင်ဆရာကြီးလေသံနဲ့ဘာလုပ်လိုက်ရင် ဘာဖြစ်နိုင်တယ်ဆိုပြီး လာအာသေး..
NO disrespect to BCP, ကြည့်လိုက်ရင် အနီယောင်ယောင် အပြာယောင်ယောင်..အာဂလောင်တွေလို လူတွေကပဲ အာတာ..

ကိုချစ်ဖေ said...

စစ်တပ်က ကောင်တွေ စစ်အုပ်စု ရဲ့ အရိုးအရင်း ကိုက်ရသူတွေကတော့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲ ပူးပေါင်းမှာကို မကြိုက်နိုင်ပါ စစ်အာဏာရှင်တွေ မကြိုက်တဲ့ လူထုတိုက်ပွဲကိုလဲ လုပ်နိုင်သလောက်လုပ်ကြမယ် လက်နက်ကိုင်တိုက်ပွဲကိုလဲ တိုးချဲ့မယ်ဆို မဲသခိုးအစိုးရ ရေရှည်မှာ မခံနိုင်ပါဘူး ခုတောင် ကြေးစားတပ်တွေ သွေးရှုးသွေးတန်းဖြစ်နေတာပါ။ စစ်အုပ်စုကို မည်သည့်နည်းဖြင့်မဆို တိုက်ပွဲဝင်တဲ့ သူတွေ အားလုံးကို လေးစား နေပါတယ်။

kz said...

မြန်မာ့တပ်မတော်ကမတိုက်ခြင်လို့ရှောင်
နေတော့ကေအိုင်အေတွေကတံတားတွေမိုင်းခွဲ ခြောင်းပြစ်
အရပ်ဘက်အစိုးရဌာနတွေကိုဝင်တိုက်
စကားကြီးစကားကျယ်တွေပြော နဲ့ အခုတကယ်ထိုးစစ်လဲလာ
ကော ''အင်အားသုံးတိုက်နေပါပီ ကယ်ကြပါဦး'' ဆိုပီးငိုပီးအော်
ဦးမှာပါ စောင့်ကြည့်ကြပါခင်ဗျား

မျိုးချစ် said...

အခု KIA နဲ တိုက်ပွဲဖြစ်နေတဲ့ အချိန် မှာတင်ဗမာစစ်သားတွေကယ်ကြပါဦးမိန်းမရယ်....ဘုရားရယ်ဆိုပြီး.. အော်ငိုညီးညူနေသာကို ခင်ဗျားလိုလူမျိုးငပိန်းတုန်း (kz) ကဘယ်သိနှိင်မှာလည်း...
ဟေး...ငပိန်းတုန်း(kz)..
ခင်ဗျားမိုက်ရင်ကိုယ်တိုင်KIA ကိုလာတိုက်လေး....ကယ်ကြပါဦး လို့ပြောချိန်တောင်မရလိုက်ဘဲ...နင့်လိုငပိန်းတုန်း ကို ငရဲပြည်ပို့လိုက်မယ်.....

Anonymous said...

နေပါဦး kz တပ်ရင်းတရင်းကို ထောင် ဂဏန်းက ၀င်လာ တာဘယ်ငတုံး ကအသေခံ ယှဉ်မလဲကွဲ့ လူမရှိလူဆုတ်လို့ ၀င်သိမ်းလိုက်တာ အာမကျယ်နဲ့ ခုချိန်မှာတောင် ပြန် သိမ်းယူတော့ မယ် လက်ထဲကနေ ဆင်သေပေါ် လိုက်လာတဲ့ကျီးကန်းတော့ ဖြစ်လာတော့မယ်နော်

Anonymous said...

KZ ..
ဟေလူ KZ .. ဘာတဲ့ ဘာတဲ့ KIA က ကယ်ကြပါဦးဟုတ်လား.. ဟားဟားဟား.. ခင်ဗျား KIA နဲ့ ခင်ဗျား ပထွေးတွေတိုက်ပွဲ သမိုင်းတွေ မကြာဖူးဘူးထင်တယ်.. ငြိမ်းချမ်းရေး မယူခင်တုန်းက ခင်ဗျား ပထွေးစစ်တပ် တပ်ရင်း ဘယ်နှစ်ရင်း ပြုတ်ပြီး ပြီလဲ ဆိုတာ .. ပြန်မေးကြည့်လိုက်ဦး.. ရီတောင်ရီချင်တယ်.. KIA က သနားတယ် ဟေလူ.. ခင်းဗျား လာတောင်ကြည့်လိုက်ဦး စစ်တပ်နဲ့ ပါတ်သက်ပြီး အစစအရာရာ စည်းစနစ်ကျတာ..ခင်ဗျား ပထွေး စစ်တပ်တွေထက် အများကြီးသာတယ်.. မှတ်ထားဟေလူ

Anonymous said...

gz
ဆောင်းပါးရှင် ရေးတာကို လက်င်္ခသည်
ပြည်သူကလည်း ပါဝင်ဖို.လိုသည်....