Friday, November 26, 2010

ဂီရိ

ဂီရိ
နှင်းဆီဖြူ

သောက်စရာ ရေမရှိဘူး
စားစရာ ဆန်မရှိဘူး
ဝတ်စရာ အ၀တ်မကျန်ဘူး
နေစရာ အိမ်ပျောက်ခဲ့ပြီ
ပြုံးပြစရာ အင်အားတွေ မရှိတော့ ...။

နောင်နှစ်မိုးဦးမှာ ဘယ်စပါးကို ပျိုးကြမလဲ
ဒီနှစ်နွေမှာရော ဘယ်အစာရေစာနဲ့ အသက်ဆက်ကြမလဲ
မိုးစရာ အမိုးအတွက် ဓနိတောတွေလည်း ပြုန်းခဲ့ပြီ
အိမ်တွေ ပြန်ဆောက်ဖို့ သစ်တောတွေ လဲလဲပြိုပြို ရစရာကို မကျန်တော့
သောက်စရာ ရေတွေက ငန်ကျိကျိ
အဲဒီငန်နေတဲ့ ရေတွေက ဆောင်းလယ်ရောက်တဲ့ထိ ခံပါ့မလား ...
သောကတွေပွေ ...။

အစကတည်းက မဖွံ့ဖြိုးနိုင်တဲ့ဒေသ
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ကံဆိုးသူတို့ သွားရာ မိုးလိုက်လို့ ရွာ ...။

တိုင်းရင်းသားပါတီက အနိုင်ရတော့
ရောက်သင့်တဲ့ အကူအညီတွေ ပိုနည်းခဲ့ပြီ
ခက်ခဲလှတဲ့ လမ်းပန်းခရီးကြမ်းကို ကျော်ဖြတ်
လှူချင်လို့ ရောက်လာသူတွေ
လိုသလောက်ကိုတောင် ကျေနပ်အောင် လှူခွင့်မရ ...
ယာယီတဲတွေ မကြာခင် ပြန်အပ်ကြရဦးမတဲ့ ...
ဆန်ဝေချင်ရင် တမိသားစု (၅) ပြည်ထက် မပိုစေနဲ့
အကုန်လုံး ငပျင်းတွေ ဖြစ်ကုန်လိမ့်မတဲ့ ...

အိုး ... ဆိုးလိုက်တဲ့ ဂီရိရယ်
ယူစရာရှိတာ အသက်ပါ ပါအောင် ယူသွားတာမဟုတ်
လာရောက် လှူဒါန်းသူတွေထံ
ဒေသခံတွေ တောင်းပန်လိုက်ပုံက
“ဗျိုင်းသတ်ဆေးလေး ပေးရင် ပိုကောင်းမယ်” တဲ့ ...။ ။

နှင်းဆီဖြူ

5 comments:

yoo said...

"အိုး ... ဆိုးလိုက်တဲ့ ဂီရိရယ်
ယူစရာရှိတာ အသက်ပါ ပါအောင် ယူသွားတာမဟုတ်"

ဆိုးလိုက်တဲ့ ဂီရိကြောင့်
အဲဒီဒေသကလူထု အသက်ပါ၊ မပါတော့မပြောတတ်ဘူး။
ဒီကဗျာဖတ်တဲ့ တို့ တွေ သွေးတိုး၊ဦးနှောက်သွေးကြော
ပြတ်ပြီး အရင်ဆုးံ အသက်ပါ၊ကိစ္စချောမှာ။

ဖွဲ့ နွဲ့ ထားလိုက်တာ ရစရာကို မရှိတော့ဘူး။

အချစ်မှာ မင်းသားရာမက လူဆိုးဖြစ်၊ လူဆိုးဒသဂီရိက မင်းသားဖြစ်အောင်ရေးနိုင်တဲ့
ချစ်ဦးညိုတောင် နှင်းဆီဖြူ ကိုအဘလို့ ပြန်ခေါ်ရမဲ့ကိန်းဆိုက်နေပြီ။

ကဗျာကိုအုပ်ပြီး ကလောင်နာမည်လေးပဲဖတ်လိုက်ရင်
နှင်းဆီဖြူ..တဲ့။ သင်းပျံမွှေးကြိုင်ပြီးရင်ထဲကို အေးမြသွားတာပဲ။

ကဗျာလဲဖတ်လိုက်ရော၊ မိုးမွှန်သွားတာပဲ။
ကလောင်နာမည် နဲ့ ကဗျာ ပြဒါးတလမ်း၊သံတလမ်း။
တကယ်ဆို ကလောင်နာမည်က "ဆူးပင်"၊ "ဆူးခက်"၊
နှင်းဆီကို ကြိုက်သပဆိုလဲ "နှင်းဆီဆူး" ပေါ့။

ခုနေ၊ အဲဒီကဗျာနဲ့ အဲဒီဒေသတွေမှာ ကဗျာရွတ်ဖတ်ပွဲ ဆင်နွဲလိုက်လို့ ရတော့၊
အဲဒီအခါကျမှ သောက်သောက်လဲ အသက်ပါ၊ကိစ္စချောမှာ။
နာဂစ်ကတောင် ဂီရိကို အဖေ ပြန်ခေါ်သွားရလိမ့်မယ်။

ဒီလောက်လဲ ဟုတ်သေးပါဘူး။

အက်သံပါသောလေသံကြီးနဲ့ ရှေ့အကွေ့ က
အသူတရာချောက်ထဲ ခုန်ချသွားရှာတဲ့ "စိုးနေလင်း"
ဆိုးလှပြီမှတ်တာ။

သူ..သိပ်..သိပ်ကဲတာပဲ။
လူဆိုးနော်..နှင်းဆီဖြူလူဆိုး။

mg said...

လှူချင်တိုင်း လှူလို့မရဘူး?တကယ်လား?တကယ်လှူချင်ရင် ဆက်သွယ်ပေးပါ့မယ်။မလှူရလို့ စိတ်မကောင်းဖြစ်နေတာလား?လှူလို့ တားမြစ်တယ်ဆိုတာ မရှိပါဘူး။

အပိုတွေမပြောမိဖို့တော့လိုတယ်နော်

Unknown said...

အမှန်တရားတွေကို ပြောနေတော.လည်း မလိုသူတွေက နားခါးပေါ. ငတ်နေပါတယ်ဆိုမှ ဓားပြလာတိုက်မယ်.သူက ရှိသေး မုန်တိုင်းကြောင်. ဒုက္ခရောက်နေတဲ. သူတွေကို ပေးဖို.ကမ်းဖို. နေနေသာသာ ရထားလမ်းကို အကြောင်းပြ ရဲစခန်း ဆောက်လုပ်စရာလိုလို. ပြော ဒုက္ခသည်တွေကို ချောဆွဲ... အတင်း လုပ်အားပေးခိုင်း ဒီထက် စာနာစိတ်ရှိတဲ. သူတွေ မြန်မာတွေထဲမှာ မရှိကြတော.ဘူးလား နာဂစ်တုန်းက လှူမယ်.သူတောင် ရှိသေး အခုက လှူမယ်.သူတွေကိုတောင် တားနေကြ နိုင်ငံတကာက ဘာမှ အကူအညီ လက်မခံ သောက်စရာ ရေက နတ္တိ ဆိုးနေပါတယ်လို. ပြောတာကို ဖွဲ.နွဲထားတယ်လို. မလိုသူတွေက ပြော အသည်းနှလုးံ စာနစိတ်မရှိတဲ. လူတွေ လု/လူ/လူးတဲ. ဘယ်အမျိုးအစားထဲမှာ ပါသလဲ ကိုယ်ကိုကိုယ် ဆန်းစစ်ကြည်.မလှူသည်.အပြင် ဒုက္ခနွံထဲမှာ ရောက်နေတဲ.သူကို အပြစ်မြင်ချင်သေး တော်တော် စိတ်ပျက်စရာ ကောင်းတဲ. လူတွေ ဗုဒ္ဒဘာသာလို. လက်ကိုင်ထားပြီးတော. အမြင်ကျဉ်းမြောင်းတဲ. လူတွေ စာနာမှုဆိုတဲ. စကားကို အိမ်က အဖေ/အမေကို သွားမေးကြည်.လိုက်ပါဦးကိုယ်လူ။

yoo said...

ကို minsoehtwee က
"ဖွဲ့ နွဲ့ ထားတယ်လို့ မလိုသူတွေက ပြော " တဲ့လား။

ဂီရိကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေ တွေကို
ကွင်းကွင်းကွက်ကွက် မြင်ရအောင်ကို
ရေးသားဖွဲ့ နွဲ့ သီကုးံနိုင်တဲ့
ကဗျာဆရာရဲ့ စွမ်းပကားကို ဂုဏ်ပြုရေးထားတာလေ။
ဘာဖြစ်လို့ လဲ။

အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝေဖန်တာဆိုလို့ 
" ဒီလောက်လဲ ဟုတ်သေးပါဘူး။ "ကနေ စတဲ့ နောက်ဆုးံပုဒ်စကားစုပဲရှိတယ်။

Unknown said...

မလှုခြင်ကနေပါ၊မနှောက်ယှက်ကြပါနဲ့ ။လှုခြင်သူတွေ
တစ်ကယ်မလှုရဘူးဆိုတာဖြစ်နိုင်တယ်၊နာဂစ်တုံးက
တောင်ဖြစ်နေသေးတာပဲ။အခုလည်းအဲဒီလိုတွေမဖြစ်ဘူး
လို့ ဘယ်သူတွေကပြောနိုင်လဲ၊အဲဒီတော့လှုခြင်တဲ့သူ
တွေက လှု မလှုခြင်ရင်နေ။မနှောက်ယှက်နဲ့ ။