Thursday, January 2, 2020

အီတလီအတွက် ကျတဲ့မျက်ရည် - ဒေါက်တာလွဏ်းဆွေ

ဆန်းစသော်တာစာပေ

အီတလီအတွက် ကျတဲ့မျက်ရည် - ဒေါက်တာလွဏ်းဆွေ
(မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကားများ)
တန်ဖိုး- ၃၀၀၀ကျပ်
ပထမအကြိမ် ၊ဇန်နဝါရီလ ၊ ၂၀၂၀

မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၅ခုနှစ်ကြားကာလသည် မြန်မာစာပေလောက၏ အမှောင်မိုက်ဆုံးသောနှစ်ကာလများဟု ပြော၍ရပေသည်။ စာပေစိစစ်ရေး အတားအဆီးများကို ဖြတ်ကျော်၍ ထုတ်ဝေခဲ့ရသည်မှာ စိတ်မော လူမော ရင်မောခဲ့ရသည်။ ထိုကာလများကို ပြန်လည်ငဲ့စောင်းကြည့်ရင်း ရေးဖြစ်ခဲ့သည့် တာဝန်ခံအယ်ဒီတာ စကားများထဲမှ ၈၂ ပုဒ်ကို ရွေးထုတ်ကာ စာအုပ်အနေဖြင့် စုစည်းတင်ဆက်လိုက်ရပါသည်။

စာအုပ်ကို အခန်း ၃ ခန်းခွဲ၍တင်ဆက်ထားပါသည်။ အခန်း ၁ တွင် စာဖတ်ပရိသတ်ထံသို့ ကျွန်တော်ပေးချင်သော အတွေးစိတ်ကူး သဘောထား မျှော်လင့်ယုံကြည်ချက် ၊ ခံယူရပ်တည်ချက် ၊ထင်မြင်ယူဆချက် ၊ သတင်းစကားများပါဝင်သည့် အယ်ဒီတာ စကားများ ၊ အခန်း ၂ တွင်မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၏ မူ ၊ကဏ္ဍများဆိုင်ရာ အယ်ဒီတာစကားများနှင့် အခန်း ၃ တွင် ကျွန်တော် နှမြောတသခြင်းကြီးစွာဖြင့် အထူးကြေကွဲလွမ်းဆွတ်မိသော စာပေ ဂီတပညာရှင်များအကြောင်း ဂုဏ်ပြုရေးသားခဲ့သည့် တာဝန်ခံအယ်ဒီတာ စကားများကို တင်ဆက်ထားပါသည်။
- (စာရေးသူ၏ အမှာမှ...)

(စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ)

-- အိမ်အရောက် ဝန်ဆောင်မှု အနေဖြင့်
** ( စာအုပ်တန်ဖိုး + ပို့ခ ၅၀၀ ကျပ် ) **
----------------------------------------------
- (လေကြောင်းဖြင့် ပို့ရသော မြို့များအတွက် ပို့ခနှုန်း
ထား ပြောင်းလဲမှု ရှိပါသည်။)
- မှာယူလိုပါက စာတိုက်မှတဆင့် ပို့ဆောင်ပေးပါသည်။
- အမည်
- ဖုန်းနံပါတ်
- မှာယူလိုသော စာအုပ်အမည်
- နေရပ်လိပ်စာ အပြည့်အစုံ (အိမ်အမှတ် ၊လမ်း၊ ရပ်ကွက် ၊ မြို့ / ခရိုင် , တိုင်းဒေသကြီး ) တို့အား Message ပို့၍ ဖြစ်စေ , ဖုန်း ၀၉ ၃၃၃၄၂၆၀၈ သို့ဆက်သွယ်၍ ဖြစ်စေ မှာယူ ရရှိနိုင်ပါသည်။

No comments: