Thursday, September 7, 2017

ယုံတမ်းစကားများကို အဆုံးသတ်​ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ​ဖော်ထုတ်​ခြင်း

(Aung Naing Moe's Facebook Status မှ ကူးယူဖော်ပြပါသည်။)

၂၀၁၂ ခုနှစ်​ ရခိုင်​ပြည်​မှာ စစ်​အစိုးရက ရိုဟင်​ဂျာ​တွေအ​ပေါ် နှိပ်​ကွပ်​အပြီးမှာ သာမန်​ကျိုး​ကြောင်းဆင်​ခြင်​ဉာဏ်​နဲ့ ဘယ်​လိုမှ ယုံကြည်​လက်​ခံနိုင်​စရာမရှိတဲ့ ဝါဒမှိုင်းတခု ​ပေါ်ထွက်​လာခဲ့ပါတယ်​။ အဲ့ဒီဝါဒမှိုင်းက​တော့ ရိုဟင်​ဂျာ (မျိုးချစ်အစွန်းေ​​ရာက်​များအ​ခေါ် ဘင်္ဂလီ)​တွေဟာ ကိုယ့်​အိမ်​ကိုယ်​ မီးရှို့ထွက်​​ပြေးတယ်​ဆိုတဲ့ လှိမ့်​လုံးပါပဲ။ မျိုးချစ်​နလပိန်းတုန်း​တွေကလွဲလို့ စဉ်းစားဉာဏ်​ရှိတဲ့ ကမ္ဘာ​ပေါ်က ဘယ်​သူကမှ ဒီလှိမ့်​လုံး၊ ဖြီးလုံးဖြန်းလုံးကို မယုံကြည်​ကြပါဘူး။

ဒါ​ပေမယ့်​ ဒီက​နေ့မှာ​တော့ ဒီဖြီးလုံးဖြန်းလုံးဟာ အတိုင်​ပင်​ခံရုံးညွှန်​ချုပ်​ ​ဇော်​​ဌေး ​ခေါ် မှူး​ဇော်​​ကျေးဇူး​ကြောင့်​ ဆက်​လက်​ရှင်​သန်​ခွင့်​မရဘဲ နိဋ္ဌိတံသွားပါပြီ။

သိကြတဲ့အတိုင်း မြန်​မာအစိုးရနဲ့​စစ်​တပ်​​ပေါင်းပြီး ဘူးသီး​တောင်​၊ ​မောင်း​တော​ဒေသမှာ နယ်​​မြေရှင်းလင်း​ရေးလုပ်​လိုက်​တာ က​လေး၊မိန်းမ၊သက်​ကြီးရွယ်​အိုအပါအဝင်​ ရိုဟင်​ဂျာ အများအပြား ​ ​သေကြပျက်​စီးပြီး အိမ်​​ပေါင်းများစွာ၊ ရွာ​ပေါင်းများစွာ မီးအရှို့ခံရပါတယ်​။ အာရှလူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​ရေးအဖွဲ့ကြီးက ဂြိုလ်​တုက ရိုက်​ကူးထားတဲ့ မီး​လောင်​​နေတဲ့ အိမ်​​​တွေ၊ ရွာ​တွေရဲ့ မှတ်​တမ်းဓာတ်​ပုံ​တွေကို ထုတ်​ပြန်​ထားပါတယ်​။

ထုံးစံအတိုင်း မြန်​မာလူမျိုး​ရေးအစွန်း​ရောက်​​တွေနဲ့ ​အောင်​ဆန်းစုကြည်​ရဲ့ အတိုင်​ပင်​ခံရုံးက သတင်းထုတ်​ပြန်​​ရေး တာဝန်​ရှိသူ မှူး​ဇော်​တို့က ဒါဟာ မွတ်​စလင်​​တွေ ကိုယ့်​အိမ်​ကိုယ်​ မီးနဲ့ ရှို့​ပြေးတာလို့ လိမ်​ညာ​ပြောကြားပြန်​ပါတယ်​။ ဒါ​ပေမယ့်​ ဒီတကြိမ်​မှာ​တော့ သူတို့ အမှားကြီးတရပ်​ကို ကျူးလွန်​ခဲ့ပါတယ်​။

အဲ့ဒါက​တော့ ​မောင်း​တောမြို့အထက်​တန်း​ကျောင်းတခုမှာ ဖွင့်​လှစ်​ထားတဲ့ ဒုက္ခသည်​စခန်းမှာ ခိုလှုံလာတဲ့ ဟိန္ဒူမိသားစု​တွေထဲက တချို့​တွေကို မွတ်​စလင်​လို ဝတ်​စား​စေပြီး အိမ်​​တွေကို မီးရှို့​နေတဲ့ပုံ​တွေ လုပ်​ဇာတ်​ခင်း ဓာတ်​ပုံရိုက်​ကူးပါတယ်​။ အဲ့ဒီ လုပ်​ဇာတ်​ဓာတ်​ပုံ​တွေကို မှူး​ဇော်​က တွစ်​တာမှာ တင်​ပြီး ဝါဒဖြန့်​ပါတယ်​။.ဒါ​ပေမယ့်​ ခဏအတွင်းမှာပဲ သူ့ရဲ့ လုပ်​ဇာတ်​က ဘူး​ပေါ်သလို ​ပေါ်သွားလို့ ​ဇော်​​ဌေးဟာ အဲ့ဒီဓာတ်​ပုံ​တွေကို တွစ်​တာက ပြန်​ဖြုတ်​သွား​ပေမယ့်​ Screen shot အဖြစ်​ သက်​​သေ အေ​ထာက်​အထား​တွေ ​ကျန်​ရစ်​ခဲ့ပါတယ်​။ သူ့ဓာတ်​ပုံ​တွေထဲမှာပါတဲ့ အကြမ်းဖက်​မွတ်​စလင်​အ​ယောင်​​ဆောင်​ ဟိန္ဒူအမျိုးသားကို မဇ္ဇျိမသတင်းက ရိုက်​ကူးထားတဲ့ အခြားသတင်းဓာတ်​ပုံထဲမှာ ​တွေ့ရတာအပြင်​ မွတ်​စလင်​လို ဝတ်​စားထားတဲ့ အမျိုးသမီးနဲ့အမျိုးသား​တွေရဲ့ ဝတ်​စားဆင်​ယင်​မှု မှားယွင်းချက်​၊ လိုအပ်ချက်​​​တွေကပါ လုပ်​ဇာတ်​ကြီးမှန်း သိသာထင်​ရှားလွန်းလို့ အများ​ထောက်​ပြစရာ၊​ပြောဆိုစရာ ဖြစ်​လာခဲ့ပါတယ်​။

ဒီအဖြစ်​အပျက်ဟာ ​ပေါ့​သေး​သေး ရာဇဝတ်​မှု မဟုတ်​ပါဘူး။ ပြည်​သူတရပ်​လုံးနဲ့ ကမ္ဘာသူကမ္ဘာသား​တွေကိုပါ အစိုးရက သူတို့ကျူးလွန်​​နေတဲ့ လူမျိုးတုန်းသတ်​ဖြတ်​မှုကြီးကို ဖုံးကွယ်​လိမ်​လည်​လှည့်​စားဖို့ ကြိုးပမ်းအားထုတ်​ချက်​ကြီး ဖြစ်​ပါတယ်​။ ပြည်​သူတို့ရဲ့ အသက်​အိုးအိမ်​စည်းစိမ်​ကို ကာကွယ်​ဖို့ တာဝန်​ရှိတဲ့ အစိုးရရဲ့ အတိုင်​ပင်​ခံရုံးက ထွက်​တဲ့သတင်း​တွေဟာ အလိမ်​အညာ လုပ်​ဇာတ်​​တွေဖြစ်​​နေတာ စိတ်​ပျက်​စရာပါ။

ဆက်​ပြီး စဉ်းစားရင်​ ရဲကင်းစခန်း​တွေကို အကြမ်းဖက်​သမား​တွေ ဝင်​စီးခဲ့တယ်​ဆိုတဲ့ သတင်းက​ရော အခုလိုပဲ အစိုးရရဲ့ လုပ်​ဇာတ်​တခုမျှသာပဲလား။

နောက်​ပြီး ရန်​ကုန်​၊ မန္တ​လေး၊ ​နေပြည်​​တော်​၊ ​မော်​လမြိုင်​ စတဲ့မြို့ကြီး​တွေမှာ အကြမ်းဖက်​တိုက်​ခိုက်​မှု​တွေ ဖြစ်​လာနိုင်​တယ်​လို့ ကြိုတင်​​သတိ​ပေးထားတာက​ရော အစိုးရရဲ့ ​နောက်​ထပ်​လုပ်​ဇာတ်​​တွေပဲလား။ ပြည်​သူ​တွေရဲ့ အသက်​နဲ့ရင်းပြီး လုပ်​ဇာတ်​မခင်းကြပါနဲ့​တော့။ ပြည်​သူရဲ့ ​သွေးကို စ​တေးပြီး စစ်​တပ်​က နိုင်​ငံ​ရေးဦး​​ဆောင်​ကဏ္ဍမှာ ထာဝရ​နေရ​အောင်​ ​ထောက်​ခံမှုရှာ​နေတာကို ရပ်​တန်းက ရပ်​ပါ​တော့။

ပြည်​သူလူထုအ​နေနဲ့ အစိုးရက ပြည်​သူကို အခုလို ရည်​ရွယ်​ချက်​ရှိရှိ မမှန်​မကန်​ လုပ်​ကြံဖန်​တီးထားတဲ့ သတင်း​တွေကို ထုတ်​ပြန်​​နေခြင်းက​နေ ရပ်​တန်းက​နေရပ်​ဖို့ ဆန္ဒပြဖိအား​ပေး​တောင်းဆိုသင့်​တယ်​။

No comments: