Tuesday, August 15, 2017

ကိုယ့်ဖာသာ သီးခြားရပ်တည်ချင်ရင် ...

အဘယ်နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းမဆို ကိုယ့်ဖာသာ သီးခြားရပ်တည်ချင်ရင် ပြည်သူ ကျွေးတဲ့ ထမင်းကို မစားဘဲ (၀န်ထမ်းလစာကို မထုတ်ယူ မခံစားဘဲ၊ အဖွဲ့အစည်းအတွက် ဘတ်ဂျက်အသုံးစရိတ်တွေ မထုတ်ယူဘဲ) ကိုယ့်ထမင်းကိုယ်ရှာစားနိုင်အောင်၊ ကိုယ့်အသုံးစရိတ်ကိုယ်ရှာနိုင်အောင် အရင်ကြိုးစားကြည့်ဖို့ လိုပါမယ်။ အဲသလို စွမ်းဆောင်နိုင်မှ သီးခြားရပ်တည်နေတယ်/ချင်တယ် ဆိုတဲ့စကားမျိုး ပြောသင့်ပါတယ်။

ပြည်သူတွေဆီက အခွန်အတုပ်တွေ ကောက်ခံပြီး ပေးတဲ့ ၀န်ထမ်းလစာ၊ ဘတ်ဂျက်တွေကို အခံ့သား ထုတ်ယူသုံးစွဲခံစားနေသရွေ့ ပြည်သူက ခိုင်းစေဖို့ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ အမိန့်နဲ့ ဆုံးဖြတ်ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၉း၁၇ နာရီ
၁၅ သြဂုတ် ၂၀၁၇

1 comment:

Unknown said...

မှန်တာပေါ့..ပြည်သူ့ထောက်ပံ့ကြေးနဲ့ရပ်တည်နေ
ရင်ပြည်သူ့ဝန်ထမ်းပါဘဲ..ဝန်ထမ်းမှန်ရင်ပြည်သူ့အစိုးရရဲ့အစီအမံအောက်မှာဘဲရှိနေရမယ်..။