Wednesday, September 10, 2014

စစ်အစိုးရများ လုပ်ရိုးလုပ်စဉ် “ငြိမ်းချမ်းရေးတီးလုံး”

Aungmyo Tun's status

“၀” အထူးဒေသ (၂)၊ SSA နဲ့  မိုင်းလားအထူးဒေသ (၄)တို့ က ဥက္ကဌများမပါတဲ့ ကိုယ်စားလှယ်အဖွဲ့  ၃ ဖွဲ့ ဟာ ကြံ့ဖွံ့ အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတဗိုလ်သိန်းစိန်ကို နေပြည်တော်မှာရှိတဲ့ သစ်သီးဝလံစက်ရုံခန်းမတခုမှာ သြဂုတ် ၂၅ ရက် မွန်းလွဲပိုင်းက သွားရောက်တွေ့ ဆုံခဲ့တယ်။ သမ္မတဗိုလ်သိန်းစိန်နဲ့ တွေ့ ဆုံအပြီး နာရီပိုင်းမျှအကြာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ကို ရှေ့ ဆင့်နောက်ဆင့်ဆိုသလို တွေ့ ဆုံခဲ့ပါတယ်။ စစ်အုပ်စုထိပ်သီးနှစ်ယောက်နဲ့  အဖွဲ့  ၃ ဖွဲ့  တွေ့ ဆုံပွဲကို ပြန်ကြားရေးပိုင် မီဒီယာများကတဆင့် နောက်တနေ့ မှာ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ အခြားထိပ်သီးတယောက်ဖြစ်သူ လွှတ်တော်လူဗိုလ်ရွှေမန်းနဲ့ လည်း နောက်တရက်မှာ ထပ်မံတွေ့ ဆုံခဲ့ပါသေးတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်သွားခဲ့တဲ့ အဖွဲ့ အစည်းများဖြစ်တဲ့ “၀”နဲ့  မိုင်းလားအဖွဲ့ တို့ ဟာ နအဖ ဗိုလ်သန်းရွှေ စစ်အစိုးရလက်ထက်ကတည်းက အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့ နှစ်ဖွဲ့ ဖြစ်ပြီး SSA အဖွဲ့ ကတော့ ကြံ့ဖွံ့ အစိုးရခေတ် (၂၀၁၂ ခုနှစ်) ရောက်မှ အပစ်ရပ်နိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်လူမျိုးစုအဖွဲ့ ဖြစ်ပါတယ်။ အစိုးရမီဒီယာတွေက ရေးသားဖော်ပြချက်မှာ စစ်အုပ်စုခေါင်းဆောင်များရဲ့ ပြောကြားမှုများကိုသာ အကျယ်တ၀ံ့ချဲ့ ကားကြပြီး တိုင်းရင်းသားအဖွဲ့ များဘက်က ပြန်လည်ဆွေးနွေးမှုများကို အများပြည်သူသိရှိနိုင်အောင် ရေးသားတာမျိုးမတွေ့ ရပါ။ ဒါပေမယ့် ကာချုပ်နဲ့ တွေ့ ဆုံခဲ့တဲ့ မိုင်းလားအဖွဲ့ ဆွေးနွေးမှုကို ပြန်လည်တုံ့ ပြန်တဲ့ ၀ါဒဖြန့် ပြောဆိုမှုတွေကိုသာ ထပ်ပြီးရင်းထပ် လုပ်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ ဘက်က အချက်အလက် စုံစုံလင်လင်နဲ့ ပြန်လည်ဆွေးနွေးခဲ့တာမျိုးမရှိလို့ လား ဒါမှမဟုတ် တင်ပြဆွေးနွေးပါလျက်နဲ့  ပြန်ကြားရေးဌာနက မထုတ်ပြန်နိုင်လို့ လား (တွေ့ ဆုံသူအဖွဲ့ များဘက်က ထုတ်ပေးတဲ့သတင်းကို ဝေမျှတဲ့အဆင့်လောက်သာ လုပ်ခဲ့တာမျိုးလား) ရှင်းရှင်းလင်းလင်းမသိရပါ။ ဒါပေမယ့် တွေ့ ဆုံပွဲသတင်းများဟာ သတင်းဆိုတာထက် စစ်အုပ်စု နိုင်ငံရေးလုပ်ဆောင်မှုတွေ တဖက်သတ် ၀ါဒဖြန့် ပေးသလိုဖြစ်နေပါတယ်။ နောက်တမျိုးစဉ်းစားနိုင်တာက တိုင်းရင်းသားအဖွဲ့ များကိုယ်တိုင် လောက်လောက်လားလား ဆွေးနွေးပြောဆိုစရာမရှိဘဲ နေပြည်တော်ကိုတက်လာပြီး စစ်အုပ်စုဝါဒဖြန့် အလုပ်မှာ (မသိလိုက်မသိဘာသာ/သိသိနဲ့ ) အသုံးချခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီ ၃ ဖွဲ့ မှာ “၀”နဲ့ မိုင်းလားအဖွဲ့ တို့ ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အစိုးရအဆက်ဆက်ကို တောင်းဆိုထားခဲ့ပြီး လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံအရ ဖြစ်နိုင်ချေ နည်းပါးနေတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ရှေ့ ဆက်သွားရနိုင်ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ရွှေမန်းက ဖွဲ့ စည်းပုံကို သူတို့ လွှတ်တော်ဘက်က ပြင်ဆင်ဖို့  ဆောင်ရွက်နေပါတယ်လို့  အဆိုပါအဖွဲ့ များနဲ့ တွေ့ ဆုံစဉ် ပြောဆိုချက်ဟာ “၀”နဲ့ မိုင်းလားတို့ ရဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ရရှိဖို့ ရာ လမ်းစများဖြစ်လာမလာ ဆိုတာထက် “တနေ့ တော့ဖြစ်လာမှာပါ”ဆိုပြီး ကျောသပ်ဖင်ပုတ်လုပ်ကာ လက်ရှိ ရပ်စဲထားတဲ့ ပစ်ခတ်မှုများကို ကြိုးရှည်ရှည်နဲ့ လှန့် ထားတဲ့ အနံ့ ပေးနည်းနာတရပ် ဖြစ်နိုင်ပါတယ်။ ဒါမျိုးက ခေတ်အဆက်ဆက် စစ်အစိုးရများ လုပ်ရိုးလုပ်စဉ် “ငြိမ်းချမ်းရေးတီးလုံး”ဖြစ်ပါတယ်။ “စစ်မဖြစ်၊ ငြိမ်းချမ်းရေးမရ၊ လူလည်ကျကြတာ” လို့ ခေါ်ပါတယ်။

တိုင်းရင်းသားများနဲ့ တွေ့ ဆုံရာမှာ သမ္မတဗိုလ်သိန်းစိန်က “တပ်မတော်ကလည်း ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း“ဆိုတဲ့ စစ်တပ်ပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကတိက၀တ်တခုကို ထုတ်ဖော်ပြောဆိုသွားပါတယ်။ စစ်ပွဲများ အလုံးစုံရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးရရှိဖို့ မှာ အဓိကပါဝင်ပတ်သက်နေတဲ့ စစ်တပ်ရဲ့  စစ်ရေး၊ နိုင်ငံရေးသဘောထားဟာ အလွန်အခရာကျပါတယ်။ ဒါကြောင့်လည်း ဒီစကားတခွန်းကို သမ္မတက ထုတ်ပြောရတာလို့  အပေါ်ယံယူဆနိုင်ပေမယ့် လက်ရှိ ဖွဲ့ စည်းပုံအရ တိုင်းပြည်ရဲ့ အာဏာအရှိဆုံးအဖွဲ့ အစည်းဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)ဖြစ်ပြီး ဒီ့ထက်သရုပ်ခွဲကြည့်ပါက ကာလုံဟာ စစ်တပ်သာဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်အာမခံတဲ့ “ကျနော့အစိုးရအဖွဲ့ နောက်က စစ်တပ်လိုက်ပါ့မယ်” စကားကို ၂၀၀၈ ဖွဲ့ စည်းပုံဆန်ခါဗန်းပေါ်တင်ပြီး ဘယ်ညာလှုပ်ခါ စစ်ချလိုက်ရင် ဆန်ခါပေါ်တင်ကျန်ရစ်ဖို့  ဆယ်လေးတလေးမျှပင် မဖြစ်နိုင်ပါ။

သမ္မတရဲ့ စကားကို နားထဲသွင်းပြီးနောက် နာရီပိုင်းမျှအကြာမှာ တွေ့ လိုက်ရတဲ့ စစ်တပ်အခေါင်အချုပ်ဖြစ်သူ ဗိုလ်မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ ကို စစ်တပ်ဘက်က ကိုင်စွဲထားတဲ့ “ငြိမ်းချမ်းရေးမူ (၆)ရပ်”အကြောင်း ခရေစေ့တွင်းကျ ရှင်းလင်းခဲ့ပြန်ပါတယ်။ “သမ္မတက ဒါပြောပြီးရင် ကာချုပ်က ဒါကိုပြော”၊ ပြီးရင် “လွှတ်တော်လူက ဒီလိုအသံပေး”ဆိုပြီး ဇာတ်လမ်းဆင်ထားတာမျိုးပါ။ ခြင်းသမား သုံးယောက်ကြားထဲက ခြင်းလုံးလေးလိုဖြစ်နေပါတယ်။ စစ်တပ်ဆုတ်ကိုင်ထားတဲ့ ငြိမ်းချမ်းရေးမူ (၆)ရပ်ကို အနည်းငယ်မျှ လိုတိုးပိုလျှော့မလုပ်နိုင်၊ ဈေးဆစ်မခံနိုင်ရင် တကယ့်ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးဆိုတာ ပါဝင်ပတ်သက်သူများအပြင် သာမန်နိုင်ငံသားများပါ နားလည်ထားကြပါတယ်။ အချက်နံပတ် ၅ နဲ့  ၆ တို့ ဟာ ကြီးမားတဲ့ အတားအဆီးများဖြစ်ပါတယ်။ ဒါတွေက တည်ဆဲဥပဒေကို လိုက်နာရေး နဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအောက်ဝင်ပြီး နိုင်ငံရေးလုပ်ကြဆိုတဲ့ စစ်တပ်ရဲ့  ကြိမ်လုံးပြ စည်းရုံးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ။

၎င်း ၂ ချက်ကို လက်နက်ကိုင်အဖွဲ့ များနဲ့  အတိုက်အခံ နိုင်ငံရေးအင်အားစုများက လိုလိုလားလား ကြိုဆိုကြပုံမရတဲ့အပြင် ငြိမ်းချမ်းရေးစကားပြောပြီး စစ်မီးကို တဖက်လှည့်နဲ့  တပ်ကိုယ်တိုင်က မွှေးနေပြီလားလို့  သံသယရှိလာကြပါတယ်။ ဒါကိုသိတဲ့ ကာချုပ်ဟာ “တည်ဆဲဥပဒေလိုက်နာရေး”ဆိုတဲ့ မူနဲ့ ပတ်သက်လို့ “ပဉ္စမအချက်ဖြစ်သည့် ထုတ်ပြန်ထားတဲ့ဥပဒေများကို လိုက်နာခြင်းမရှိပါက အရေးယူရမည်သာဖြစ်ကြောင်း၊ ဥပမာအားဖြင့် လူသတ်မှု၊ အဓမ္မမှု၊ မူးယစ်ဆေးဝါးမှုများဖြစ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတကာမှ ကျင့်သုံးနေသော ကုလသမဂ္ဂမှ ပြဌာန်းထားသည့် သတ်မှတ်ချက်များကိုလည်း လိုက်နာစောင့်ထိန်းရမည်ဖြစ်ကြောင်း၊ ဥပမာ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု စသည့် ကိစ္စရပ်များကို မည်သူမျှချိုးဖောက်၍မရကြောင်း”ဆိုပြီး အဖွဲ့ ၃ ဖွဲ့ နဲ့ တွေ့ ဆုံစဉ်မှာ ဥပမာများ ဆွဲထုတ်ပြီး ရှင်းပြခဲ့တယ်။ တကယ်တော့ ကာချုပ်ကောက်နုတ်တဲ့ကိစ္စများဟာ နိုင်ငံသားများ (လူသားများ)အနေနဲ့  မဖြစ်မနေ လိုက်နာကျင့်ကြံရမယ့် ကျင့်ဝတ်များသာဖြစ်ပါတယ်။ “ကားလမ်းကူးရင် ဘယ်ကြည့်ညာကြည့်၊ ဘယ်ညာ နောက်တခါကြည့်၊ တတိယမြောက်ဘယ်ကြည့်၊ ပြီးတာနဲ့ ကူး”ဆိုတဲ့ အခြေခံ လိုက်နာရန်ကျင့်ဝတ်မျိုးသာဖြစ်ပါတယ်။ အခုလိုတွေ့ ဆုံပွဲခေါင်းစဉ်အောက်မှာ တကူးတက ထုတ်ပြောနေစရာမလိုပါ။ စကားနဲ့ ခေါင်းစဉ် လွဲချော်ပြီး အံမ၀င်ပါ။ နိုင်ငံရေးအရ ညွှန်းဆိုတဲ့ တည်ဆဲဥပဒေဆိုတာ စစ်အာဏာရှင်ခေတ်ကတည်းက စစ်ဝါဒကြီးစိုးမှုကို အထောက်အကူဖြစ်စေဖို့  ပံ့ပိုးကျားကန်ပေးထားတဲ့၊ အများပြည်သူ သဘောမတူတဲ့၊ မတော်မတရားဖိနှိပ်ထားတဲ့ အမိန့် ဒီဂရီများသာဖြစ်ပါတယ်။ ဒါ့အပြင် ကြံ့ဖွံ့ လက်ထက်မှာ အစိုးရအဖွဲ့ ကို အကာအကွယ်ပေးပြီး ပြည်သူလူထုလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်စေတဲ့ လွှတ်တော်ဘက်က နိုင့်ထက်စီးနင်းပြုတဲ့ ချပေးလိုက်တဲ့ မတရားတဲ့ဥပဒေများသာဖြစ်ပါတယ်။ ဒါကို မသိချင်ဟန်ဆောင်ပြီး ပြောသွားတဲ့လုပ်ရပ်ကတော့ ကာချုပ်ရာထူးနဲ့  မထိုက်တန်ပါ။ ၀ါဒဖြန့် ချင်လွန်းတဲ့ စိတ်ဇောအဟုန် ကြီးသွားတယ်လို့  ဆိုရမှာပါ။

ဒါ့အပြင် “လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံကို လိုက်နာရမည်ဖြစ်ကြောင်း၊ အစိုးရသည် လွှတ်တော်မှတဆင့် ပေါ်ပေါက်လာသကဲ့သို့  လွှတ်တော်သည်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခဲ့၍ဖြစ်ကြောင်း၊ တပ်မတော်သည်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေအရ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း”ဆိုပြီး စစ်တပ် ငြိမ်းချမ်းရေးမူ ၆ ချက်က ဆဌမမြောက်အချက်နဲ့ ပတ်သက်လို့  ဗိုလ်မင်းအောင်လှိုင် ထုတ်ပြောသွားပါသေးတယ်။ ဒါကိုတော့ ကာချုပ်သဘောပေါက်အောင် ပြည်သူတယောက်အနေနဲ့  အကျယ်ရှင်းစရာမလိုပါ။ ၂၀၀၈ စစ်ကျွန်ဖွဲ့ စည်းပုံ ဘယ်လိုသန္ဓေတည်ခဲ့သလဲ၊ ဘယ်သူတွေအကြိုက် စီမံခဲ့သလဲ၊ ဘယ်ပုံဘယ်နည်း ပြဌာန်းနိုင်ခဲ့သလဲဆိုတာ အားလုံးအသိဖြစ်ပါတယ်။

ဒီနေရာမှာ ကာချုပ်အပါအ၀င် စစ်ကြီးစိုးရေးဝါဒ အခြေခံအောက်မှာ အာဏာနဲ့ ဥစ္စာ အလုပ်ဖြစ်နေကြသူတွေက ၂၀၀၈ ဖွဲ့ စည်းပုံကို ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့တယ်လို့  ရှိသမျှအပေါက် အကုန်ပိတ်ပြီး ငြင်းကြဦးမှာပါ။ ဒါဆိုရင် လက်ရှိတည်ရှိနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံကို အသစ်ရေးဆွဲမလား၊ ဒီအတိုင်းထားမလား ဆိုတာ နိုင်ငံအနှံ့  ဆန္ဒခံယူပွဲတွေ တကျော့ပြန်လုပ်ပြီး ထွက်လာတဲ့အဖြေကို စစ်တပ်ဘက်က တလေးတစား လိုက်နာဖို့ တိုက်တွန်းချင်တယ်။ ဒါကြောင့် မျိုးစေ့မမှန်တဲ့ အပင်က သီးလာပွင့်လာတဲ့ အသီးအပွင့်များဟာ ညှောင်လှီခါးသက်ပြီး ရနံ့ အဆင်း မွဲချာစုတ်ပြတ်နေမှာ သေချာလှပါတယ်။ ဒါကို စောင့်ကြည့်ရပါဦးမယ်၊ ၀ိုင်းတွန်းကြရအောင်ဆိုတဲ့ အယူအဆဟာ တိုင်းပြည်အဖို့  တရက်ကြာတာနဲ့ အမျှ နစ်နာလှပါတယ်။ ဗိုလ်မင်းအောင်လှိုင်စကားနဲ့  ပြန်ချည်တုတ်ရရင် ယနေ့ လွှတ်တော်ထဲမှာ ၀င်ထိုင်နေတဲ့အမတ်တွေအားလုံးဟာ ပြည်သူတွေရွေးချယ်ခဲ့သူများမဟုတ်ကြပါ။ ဗိုလ်မင်းအောင်လှိုင် တဦးတယောက်တည်းစိတ်ကြိုက် ရွေးချယ်ခန့် အပ်ထားတဲ့ အမတ်၂၅ ရာခိုင်နှုန်းတိတိ လွှတ်တော်တွေထဲမှာ မရှက်မကြောက် မျက်နှာပြောင်တိုက် အခန့် သားဝင်ထိုင်နေပါတယ်။ ဒါဟာ ဖွဲ့ စည်းပုံအရလို့  ဆင်ခြေပေးရင် အဲဒီဖွဲ့ စည်းပုံကို သေနတ်မတေ့ဘဲ နောက်တကြိမ် ဆန္ဒခံယူလိုက်ပါလို့  စိမ်ခေါ်ရုံကလွဲပြီး အခြားမရှိပါ။

ဒါကြောင့် စစ်တပ်ကိုင်စွဲထားတဲ့ ငြိမ်းချမ်းရေးမူ (၆ )ရပ်က နံပတ် ၅ နဲ့ ၆ ဟာ ဗမာပြည်ငြိမ်းချမ်းရေးအတွက်ပင်မက တိုင်းရင်းသားပေါင်းစုံနဲ့ တကွ ပြည်သူလူထုတရပ်လုံး ကာလရှည်ကြာနေလာရတဲ့ စစ်ခွာဖိနပ်အောက်မှ လွတ်မြောက်ပြီး လူနဲ့ သူနဲ့ တူတဲ့ဘ၀များ ရောက်ရှိရေးအတွက် အကြီးမားဆုံး အရံအတားဖြစ်နေဆဲပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ စစ်အုပ်စုတို့ ရဲ့  ငြိမ်းချမ်းရေးအလုပ်များ (အကယ်၍) ခရီးအတော်အတန်ပေါက်ပြီး အကြောင်းကြောင်းကြောင့် ရလဒ်အဆင့်များ တက်ကောင်းတက်လာပေမယ့် တမျိုးသားလုံး နစ်ကျွံနေတဲ့ စစ်ကြီးစိုးရေးနွံအတွင်းက လွတ်ရာလွတ်ကြောင်းနဲ့  အဆိုပါရလဒ်များရဲ့ အဖြေဟာ သီးခြားစီ ကွဲထွက်သွားနိုင်ပါတယ်။

August 28

No comments: