အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR စနစ် မကျင့်သုံးဖို့ တောင်ငူဒေသခံတွေ ဆန္ဒပြတောင်းဆို
RFA - 2014-08-15
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မကျင့်သုံးဖို့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ရာဂဏန်းလောက်ရှိတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဆန္ဒပြရာမှာ ပါဝင်တဲ့ တောင်ငူမြို့ဒေသခံ ကိုခင်ဇော်က အခုလို ပြောပါတယ်။
"ပထမဆုံးအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးရယ်၊ နောက်တစ်ခါ ပုဒ်မ ၄၃၆ တစ်ဦးတစ်ယောက်ကို မထောက်ခံတဲ့ ပုဒ်မကို ပြင်ဆင်ပေးရေးရယ်၊ နောက်ပြီး PR စနစ်ဆိုတာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ PR စနစ်ကျင့်သုံးမယ်ဆိုတာကိုလည်း ပြည်သူလူထုအနေနဲ့လည်း ဒီကိစ္စကို တစ်ယောက်မှ ပြေပြေလည်လည် မသိကြဘူး၊ ကျနော့်ကိုပြော ကျနော်တို့လည်း နားမလည်ဘူး၊ ကျနော်တို့ ပြည်သူလူထုအနေနဲ့တော့ PR စနစ်ဆိုတာတော့ ရိုးသားမှုမရှိဘူးလို့ ထင်လို့ပေါ့နော်၊ တရားမျှတမှုမရှိဘူးထင်တယ် သူတို့ဆီက ရိုးသားမှုမရှိဘူးထင်လို့ ကျနော်တို့ ကန့်ကွက်ဆန္ဒပြတာပါ"
ဒီနေ့ ဆန္ဒပြပွဲမှာ တောင်ငူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ငူမြို့ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ ဒေသခံ ၃၀၀ လောက် ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ်အကောင်အထည်ဖော်ရေး ကော်မရှင် ကို ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားပြီး၊ အချိုးကျကိုယ်စားပြုစနစ် အကောင်အထည်ဖော်ရေး ကော်မတီကို အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားပါတယ်။
Saturday, August 16, 2014
တောင်ငူမြို့မှာ PR စနစ် ဆန့်ကျင် ဆန္ဒဖော်ထုတ် (ရုပ်သံ)
Posted by ဒေါက်တာလွဏ်းဆွေ at 1:29 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment