Monday, July 7, 2014

မေတ္တာပို့လိုက်တယ်

Ko Hmway’s Facebook Status

ငါ့သူငယ်ချင်းတွေ ကျန်းမာစေချင်တယ်
ချမ်းသာစေချင်တယ် ပြည့်စုံစေချင်တယ် ...။

ငါနဲ့ တလမ်းတည်း လျှောက်ခဲ့သူတွေ ခလုတ်မထိစေချင်ဘူး
ဆူးမငြိစေချင်ဘူး။

တယောက်ယောက်များ တခုခုဖြစ်လိုက်ရင်
သွားလေသူအတွက် ၀မ်းနည်းရတာထက် ...
ဂုဏ်ပြုသလိုလို၊ ဦးညွတ်သလိုလိုနဲ့
ထထ ကိုယ်ရည်သွေးတတ်တဲ့ကောင်တွေကြောင့်
စိတ်ပျက်လက်ပျက် စိတ်မချမ်းသာဖြစ်ရတာက ပိုဆိုး …။

တမိုးလုံးလင်းမှ၊ ထခဲ့တဲ့သူတွေက
တညလုံး မအိပ်ခဲ့သလိုလည်း ဆယ်စုနှစ်တွေ ဆွဲဆန့် ကြွား ...
အဲဒီကြားထဲ သေသူလည်း မနေရ ...
တပည့်ကျော်ဖြစ်လိုဖြစ်၊ ရဲဘော်ဖြစ်လိုဖြစ်
သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ကောင်တွေကြောင့် …

ငါ့သူငယ်ချင်းတွေ ကျန်းမာစေချင်တယ်
ချမ်းသာစေချင်တယ် ပြည့်စုံစေချင်တယ်...။ ။

ကိုမွှေး

No comments: