Saturday, July 5, 2014

ချီးမြှင့်ငွေ မလုံလောက်၍ လွှတ်တော်ကိုယ်စားလှယ်များ ပြင်ပစီးပွားရေး လုပ်နေရဟုဆို

မင်းဟိန်းကျော်
http://www.7daydaily.com/
Saturday, July 5, 2014

လက်ရှိလွှတ်တော်ကိုယ် စားလှယ်များအား ချီးမြှင့်နေသော ချီးမြှင့်ငွေ ကျပ်သုံးသိန်းသည် လောက်ငမှုမရှိသည့်အတွက် အချို့ကိုယ်စားလှယ်များ ပြင်ပစီးပွားရေးပါ လုပ်ကိုင်ဆောင်ရွက်ရခြင်းသည် လွှတ်တော်တွင်းခွင့်ယူသူများလာသည့် အကြောင်းရင်းတစ်ရပ် ဖြစ်လာကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘ပြောရမယ်ဆိုရင် အခု ကျွန်မတို့ ရထားတဲ့ချီးမြှင့်ငွေဆို တာ ဘယ်လိုမှ လောက်ငမှုမရှိ ဘူး။ ဒီအတွက် တချို့တွေဆို ပြင်ပမှာ စီးပွားရှာရတယ်။ အဲဒါတွေကြောင့် လွှတ်တော်မှာ ခွင့်ယူသူများလာတာ အဲဒီအကြောင်းတွေကြောင့်လည်းပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။

လွှတ်တော်နှစ်ရပ်တွင် လွှတ်တော်တက်ရောက်ခွင့်ရှိ သည့် ကိုယ်စားလှယ်များအနက် တစ်နေ့လျှင် ပျမ်းမျှကိုယ်စား လှယ်ဦးရေ ၅၀ ခန့် ခွင့်ယူပျက်ကွက်သူများ ရှိနေသည်။

‘‘လွှတ်တော်ကပေးတဲ့ ချီး မြှင့်ငွေက ပြောရရင် ဘာမှလုပ် လို့မရတဲ့ အနေအထားဖြစ်တယ်။ ကျွန်တော်တို့မှာ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ရှိရမယ့် လက်တော့ပ်လို အသုံးအဆောင် တွေလိုအပ်ပါတယ်။ အဲဒါတောင် ၀ယ်နိုင်တဲ့ ငွေပမာဏမျိုး မဟုတ် ဘူး။ တခြားစီးပွားရေးလုပ်ငန်း တွေသာမရှိရင် ကိုယ်စားလှယ် တစ်ယောက်ဟာ ရပ်တည်ဖို့ တော်တော်ခက်တဲ့အနေအထား မှာ ရှိတယ်’’ ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

လက်ရှိပြဋ္ဌာန်းထားသော ဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌများသည် ချီးမြှင့်ငွေ ကျပ်၃၅ သိန်းကျော်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သုံးသိန်းသာရရှိသောကြောင့် ၁၂ ဆခန့် ကွာခြားပြီး ပြည်နယ်ဒေသများတွင် ၀န်ထမ်းများအား လစာနှစ်ဆပေးထားသောကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် လွှတ်တော်ကိုယ်စားလှယ်များထက်ပင် လခပိုမိုရရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလျန်းက ပြော ကြားသည်။

‘‘လွှတ်တော် ပြီးသွားရင် ကိုယ့်မဲဆန္ဒနယ်ကို ကိုယ်ပြန်ဆင်း ရတယ်။ အဲဒီလိုအနေအထားမှာ ဘာစရိတ်မှ မရဘူး။ ကိုယ့်ဟာ ကိုယ် အိတ်စိုက်ပဲ။ တစ်ခါတစ်ခါ သွားရင် သိန်း ၂၀ လောက် ကုန်တယ်’’ ဟု ဒေါ်နန်းဝါနုက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိအား နောက် တန်းမှ ထောက်ပံ့ပေးနိုင်သည့် ကိုယ်ပိုင်စီးပွားရေးမရှိပါက တစ် ဦးတည်းရပ်တည်ရန်ပင် ခက်ခဲ နိုင်ပြီး မိသားစုတာဝန်ပါ ယူထား ရသူဆိုပါက ပိုမိုအခက်အခဲ တွေ့ နိုင်ကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။

ဆက်စပ်သတင်း
- လွှတ်တော်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ လစာကွာဟနေခြင်းမှာ မဖြစ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြော click
- လွှတ်တော်ကိုယ်စားလှယ်များ ချီးမြှင့်ငွေ အခွန်ဆောင်ရန်မလိုဟု ဒေါ်တင်နွယ်ဦး ပြော click

No comments: