Friday, July 11, 2014

လယ်ယာမြေအငြင်းပွားမှု တိုင်ကြားစာ နှစ်သောင်းကျော် လက်ခံရရှိ

RFA - 2014-07-10


လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ထံ လယ်ယာမြေအငြင်းပွားမှုနဲ့ပတ်သက်တဲ့ တိုင်ကြား စာပေါင်း နှစ်သောင်းကျော်ရောက်ရှိနေကြောင်းနဲ့ အစိုးရက ဖြေရှင်းပေးထားတာ ၈၀၀ ကျော်လောက်သာရှိကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်က တင်ပြခဲ့ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၄ကို ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။

"တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ ယခုအချိန်ထိ တိုင်ကြားစာစုစုပေါင်း ၂၆၃၇၁ စောင်ကော်မရှင် သို့ ရောက်ရှိပြီးဖြစ်ပါသည်၊ ကော်မရှင်က တင်ပြသည့်အပေါ် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူပြီး မြေသိမ်းဆည်းခံရသူများ နစ်နာမှုမရှိစေရေး အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်ဖြစ်ပါသည်၊ လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားသော ဆုံးဖြတ် ချက်များမှာ ပကတိအခြေအနေတွင် အောက်ခြေမှာ အရာမထင်ပဲ ထိရောက်သော ဖြေရှင်ပေးနိုင်မှုများ မရှိကြောင်းတွေ့ရှိရပါသည်”

ဒါ့အပြင် တစ်နိုင်ငံလုံးက မြေယာသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖြေ ရှင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရနဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတွေ ထံ နိုင်ငံတော်သမ္မတက ညွှန်ကြားထားပေမယ့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်းလည်း တင်ပြခဲ့ပါတယ်။

ဆက်စပ်သတင်း
- လယ်ယာမြေကော်မရှင် ဖျက်သိမ်းမည့်ကိစ္စ ပြည်ထောင်စုလွှတ်တော် နာယက ကန့်ကွက် click
- မြေယာသိမ်းဆည်းမှု အလေးနက်ထား ဖြေရှင်းဖို့ လွှတ်တော်တင်သွင်း (ရုပ်သံ) click
- ဖရူဆိုတောင်သူတွေနဲ့ ပိုင်နက်ကျူးလွန်မှု (ရုပ်သံ) click

No comments: