http://www.thevoicemyanmar.com
Wednesday, 25 June 2014 13:06
အချိုးကျကိုယ်စားပြုစနစ် (PR) ကို လာမယ့်ရွေးကောက်ပွဲတွေမှာ မကျင့်သုံးဖို့ ပြည်နယ်ခုနစ်ခုမှာ ရှိတဲ့ မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်ကြတော့မှာ ဖြစ်ပါတယ်။
PR စနစ်မကျင့်သုံးရေး ဆန္ဒထုတ်ဖော်မှုတွေကို ရှမ်းပြည်နယ်မှာရှိတဲ့ တောင်ကြီး၊ ကျောက်မဲ၊ လင်းခေး၊ တာချီလိတ်နဲ့ လားရှိုးမြို့တွေမှာ ပြုလုပ်မှာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဦးဆောင်မှာဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း BNF အဖွဲ့မှ ဦးစောသန်းမြင့်က ပြောပါတယ်။
ဆန္ဒပြမယ့် အစီစဉ်တွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ အခုတစ်ပတ်အတွင်း ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
“တခြားပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေက ဦးဆောင်သွားမှာပါ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုတဲ့ရက်အပေါ် မူတည်ပါတယ်” လို့ ဦးစောသန်းမြင့်က ဆိုပါတယ်။
ဇွန်လ ဒုတိယပတ်အတွင်း အမျိုးသားလွှတ်တော်မှာ PR ကျင့်သုံးဖို့ အဆိုတင်သွင်းချိန်ကနေ စပြီး PR စနစ်ကို ကန့်ကွက်ကြောင်း BNF က လေးကြိမ်မြောက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပါတယ်။
Thursday, June 26, 2014
PR ကို ပြည်နယ် ၇ ခုမှာ ဆန္ဒပြမယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment