Thursday, June 26, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းအား ၀န်ကြီးချုပ်ခန့်ထားမည်ကို သံပုံးတီး ဆန့်ကျင်မည်ဟုဆို

http://www.7daydaily.com
Wed, 2014-06-25 20:46

စစ်တွေမြို့တွင် ဖြန့်ဝေနေသည့် လက်ကမ်းစာရွက်
ရန်ကုန် - ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်သားသာ ခန့်အပ်ရေးနှင့် ရခိုင်မဟုတ်သည့် လူပုဂ္ဂိုလ်ကို ခန့်အပ်မည့် ကိစ္စအပေါ် ကြွေးကြော်သံများ ဟစ်ကြွေး၍ သံပုံးများ တီးခတ်ရန် လက်ကမ်းစာစောင်များ စစ်တွေမြို့တွင် ယနေ့ညနေပိုင်းက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ည ၈ နာရီမှ စတင်ကာ ငါးမိနစ်ကြာ ဟစ်ကြွေးရန် တိုက်တွန်းထားသည့် လက်ကမ်းစာစောင်များ စစ်တွေမြို့ပေါ်ရှိ အိမ်တိုင်းသို့ ဝေငှခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ ဝေငှသည်ကို မသိရကြောင်း စစ်တွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပေးပြီးနောက် လစ်လပ်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် နေရာတွင် ရခိုင်လူမျိုးမဟုတ်သည့် လူမျိုးခြားတဦးအား ခန့်အပ်နေရာပေးခြင်းသည် နိုင်ငံတော်၏ လက်ရှိလျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းစဉ်၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည်က တကြောင်း၊ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသော ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာပါ လွဲချော်နေသဖြင့် ရခိုင်ဝန်ကြီးချုပ် ရာထူးနေရာတွင် ရခိုင်သားသာဖြစ်ရေးအတွက် ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ၂၅.၆.၂၀၁၄ မှ စတင်ပြီး ညနေ ၈ နာရီတိတိမှ ကြာမြင့်ချိန် ငါးမိနစ်ခန့် မိမိတို့အိမ်မှနေ၍ ‘‘ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်သားကို ခန့်ပေးပါ’’၊ ‘‘လူမျိုးခြား ၀န်ကြီးချုပ် အလိုမရှိ အလိုမရှိ’’ ဟူသော ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန်ကော၊ သံပုံးများတီးခတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်’’ ဟု ရေးသားထားသည်။

ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတက ပေးပို့သော အဆိုပြု သ၀ဏ်လွှာ ဖတ်ကြားခဲ့သည်။

1 comment:

genius said...

မြန်မာပြည် အနယ်နယ်အရပ်ရပ်က အိုးမဲ.အိမ်မဲ.တွေကို
မြန်မာ - ဘင်္ဂလားဒေ.ရှ် နယ်စပ်တလျောက် နေရာချထား
သင်.တယ် ။
သူတို.ကို နေစရာ ၊ အလုပ်အကိုင် ဖန်တီးပေးပြီး -
ပြည်သူ.စစ် ပုံစံမျိုး - နယ်ခြားစောင်.တပ်တွေနဲ. အရေအတွက်တိုးမြှင်. ထားသင်.တယ် ။
ဒီလိုမှ စီမံကိန်းတခုခု မချထားရင်
အနာဂါတ်မှာ ဘူးသီးတောင် ၊ မောင်းတော ဟာ
ဘင်္ဂလားဒေ.ရှ် ဖြစ်သွားလိမ်.မယ် ။