Saturday, June 28, 2014

ဆိတ်တကောင်၏ ဖွင့်ဟဝန်ခံချက်

Aung Naing Moe's Facebook Status

သရုပ်ဖော် - စိုင်းစိုးကြည် (ဧရာဝတီဝက်ဘ်ဆိုက်)
ပဲ ... အဲ့ ... အဲ့ ...

ဆိတ်နော်ဆိတ်
နှယ်နှယ်ရရ ဆိတ်မဟုတ် ...။

ဆိတ်"ပစ္စည်း"ကအစ
လူတွေ အတုယူကြတယ်။

ဆိတ်ပြောမယ် ...
အမှားကို ဝန်ခံရဲတာဟာ
ဆိတ်ဓာတ်သတ္တိရှိခြင်းပဲ။

ဒီတော့ ဆိတ်မှားသွားတယ်။
ဆိတ်ကို ခွင့်လွှတ်ကြပါ။
ရာဇဝင်ထဲမှာ ဆိတ်ကို မထားရစ်ခဲ့ကြပါနဲ့။
မရှိမဖြစ်ဆိတ်ပါ။

ဆိတ်ဟာ ...
ဆိတ်သခင်ရဲ့ သွန်သင်ဆုံးမပဲ့ပြင်မှုကို
အခါခပ်သိမ်း နားထောင်တတ်တဲ့
စိန်၏စေရာ နာခံလေသော ဆိတ်ပါ။

ဆိတ်ဟာ ဘောင်ကျော်ပြီး မလုပ်တတ်ပါဘူး။
အကန့်အသတ်မဲ့ အဆုံးအစမဲ့
ပင်လယ်နှင့်တူသော ဆိတ်ဖွားများလည်း မဟုတ်ရပါ။

မြန်ပြည်မြောက်ဖျားက စစ်ပွဲတွေနဲ့ပတ်သက်ပြီး
စိန်၏စေရာ မနာခံလေသူတဦးအကြောင်းတော့
ဆိတ်လေ ...
တိတ်ဆိတ်ခြင်း၏အသံ ဆိုသလို
တိတ်တဆိတ်ပဲ
ဆိတ်ဆိတ်နေလိုက်ပါတယ်။

ဆိတ်ကတော်လုပ်ရပ်ကြောင့်
ကြေမွသွားသော ဆိတ်သားကြော်များဘဝ
ဆိတ် ရောက်လုနီးနီး ဖြစ်ခဲ့ဖူးပါတယ်။

ဒေါ်လာ ၁၁ ဘီလျံ ငွေစာရင်းကိစ္စတုန်းကလည်း
ရေမျောသီးဆိတ် ဖြစ်တော့မယ့်ဘဝ ကနေ
ဆိတ် သီသီလေး လွတ်ခဲ့ဖူးပါတယ်။

ဖေ့စ်ဘွတ် သုံးရတာ
ဆိတ် အရမ်းဝါသနာ ပါပါတယ်။
ဆင်းရဲသားတွေအကြား
ဆိတ်ဆင်းစားတဲ့ ဓာတ်ပုံလေးတွေကို
တကူးတက တင်တတ်တဲ့
အမှတ်တရ ဆိတ်ပါ။

ဒီတော့ ဆိတ်ဟာ
နှယ်နှယ်ရရ ဆိတ် မဟုတ်ပါ။

မြန်မာပြည်ရဲ့
တဦးတည်းသောဆိတ်
ကျီစားပြက်ရယ်ဆိတ်
ကောင်းကင်မပါသောဆိတ်
ဘောင်းဘီမပါသောဆိတ်
မိုးကုပ်စက်ဝိုင်းသို့ လမ်းလျှောက်မယ့်ဆိတ်
အဝေးကြည့်မှန်ပြောင်းဆိတ်
သူမ၏ဆိတ်
အဝေးဆုံးခရီးသို့ အနီးဆုံးဆိတ်
ဆိတ်ဗိုလ်ကြီးရဲ့ဆိတ်
ဆိတ်ဖွားရဲ့ဆိတ်
ဆိတ်ပစ္စည်းနဲ့တူသောဆိတ်
အမှားကိုဝန်ခံရဲတဲ့ဆိတ်
စိတ်ဓာတ်သတ္တိ အပြည့်ရှိသောဆိတ်
စိတ်ဓာတ်၊ သတ္တိ၊ စည်းကမ်း အပြည့်ရှိတဲ့ဆိတ်
မြန်မာပြည်မှာ တဆိတ်တည်းရှိတဲ့ဆိတ် ... လို့
ဆိတ်တကောင်က ဖွင့်ဟဝန်ခံလိုက်ပါတယ် အဲ့ အဲ့။

ပုံ/
ဆိတ်သားကြိုက်သူ ကိုပေါ

No comments: