Friday, June 27, 2014

သံဃာငါးပါးနှင့်ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက် ပြည်သူများကြား ဂယက်ရိုက်ဟု ဦးမင်းကိုနိုင် ပြော

http://www.7daydaily.com/
Friday, June 27, 2014

ရန်ကုန် - တရားစွဲဆိုခံထားရသော သံဃာငါးပါးနှင့် ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရေးနှင့် ပြည်သူများအကြား အနည်းနှင့်အများ ဂယက်ရိုက်နိုင်ကြောင်း တရားရုံးသို့ လာရောက်သော ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

ဦးမင်းကိုနိုင်သည် ယနေ့သံဃာငါးပါး ဒုတိယရုံးချိန်းရှိသော တာမွေမြို့နယ်တရားရုံးသို့ ရောက်ရှိလာပြီး တရားခွင်တွင် မိနစ်သုံးဆယ်ကြာ တက်ရောက်ကာ အပြန်တွင် မီဒီယာများကို ပြောကြားသွားခြင်းဖြစ်သည်။

‘‘တရားရုံးက အခုမှ စတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် ဝေဖန်ချက်ပေးဖို့က စောသေးတယ်။ ဒါပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများတော့ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆိုတာတော့ ကျွန်တော် ကြိုပြောနိုင်တယ်ပေါ့။ တရားမျှတမှု မရှိခဲ့ဘူးဆိုရင် ပြည်သူလူထုရဲ့ တုံ့ပြန်မှု ဒကာဒကာမတွေရဲ့ တုံ့ပြန်မှု၊ သံဃာထုတွေရဲ့ တုံ့ပြန်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါကြောင့် တရားမျှတအရ ဆုံးဖြတ်မှုကိုသာ ပြည်သူလူထုက လိုချင်တဲ့အကြောင်း ပြည်သူလူထုကိုယ်စား ကျွန်တော် ပြောချင်ပါတယ်’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

တရားစွဲဆိုခံ သံဃာငါးပါးသည် နံနက် ၁၂ နာရီတွင် တရားရုံးသို့ ရောက်ရှိလာပြီး တရားရင်ဆိုင်နေသည်။

No comments: