Sunday, January 27, 2013

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်
ကိုဇော်ဝင်းလှိုင် (V0A)၊ 26.01.2013

ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော်က ပြောပါတယ်။ အစိုးရစစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အခုလအစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်က ပြောဆိုအပြီးမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ဖြစ်နေတာပါ။ စနေနေ့မှာလည်း မြန်မာစစ်တပ်ဘက်က တနေကုန် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ဗိုလ်မှူး မင်းဋ္ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ အသားကုန်ချတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်တာ၊ မိုးရွာသလိုကို ပစ်တာ။ လက်နက်ကြီးတွေနဲ့ အများကြီးပဲ ပစ်တယ်။ အောက်ရောက်မှ ကွဲတာလည်း သုံးတယ်။ လေပေါ်မှာ ကွဲတဲ့ဟာလည်း ရှိတယ်။ အောက်မှာကျတော့ ဘန်ကာ အဖြိုတွေလေ။ အဲဒီ overhead ဖြိုတဲ့ဟာတွေ သုံးတယ်။ အဲဒီကောင်တွေက အောက်အနက်ကို ၄ ပေ၊ ၅ ပေလောက် ၀င်သွားတာ မြေကြီးထဲကို။ ဟော … အခုတောင် ပစ်နေတယ်။ ချနေကြတယ်။”

မြန်မာစစ်တပ်က အဲဒီလို လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ကေအိုင်အိုဌာနချုပ် လဂျားယန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခါယာဘွမ် တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်းလည်း ကချင်သတင်းဌာနက အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။

“ဒီနေ့က သူတို့ ကေအိုင်အေရဲ့ တောင်ကုန်းတကုန်းကို အစိုးရတပ်တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပေါ့နော် ဒီနေ့မနက်ပိုင်းမှာ။ အဲဒါကတော့ အခု လဂျားယန်နဲ့ ကပ်လျက်လောက်ရှိတဲ့ ကေအိုင်အေအတွက် အရေးပါတဲ့ ခါယာဘွမ်ပေါ့၊ အဲဒီဟာကို သူတို့ သိမ်းလိုက်ပြီဆိုတဲ့သတင်း အဲဒါ ကျနော်တို့ သိရတာပေါ့။ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က ဒီတောင်ကုန်းပေါ့။ ကေအိုင်အေ အမာခံစခန်းပဲ။ ကျနော်တို့ကြားတာ သူတို့က ကလက်စတာဗုံးတွေ သူတို့ သုံးတယ်ဆိုတဲ့ဟာ ကြားရတာပေါ့။”

ခါယာဘွမ်တောင်ကုန်းဟာ ဒီဒေသမှာ မဟာဗျူဟာမြောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်လို့လည်း ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။

“တောင်ကုန်းကတော့ သူက ပွိုင့် - ၁၀၁၂ ရှိတယ်လေ။ သူက မြင့်တာကိုး။ မြင့်တော့ ဒီဘက်မှာ စိုးမိုးကုန်းပေါ့။ ဒီဒေသကို စိုးမိုးကုန်း။ ဆိုတော့ သူက အဲဒီကနေပြီးတော့မှ စိုးမိုးကုန်းကို သူတို့ရသွားပြီဆိုရင်တော့ ကျန်တဲ့ကုန်းတွေက အောက်ရောက်သွားပြီကိုး။ ဆိုတော့ ဒေသတ၀ိုက်မှာတော့ သူ အမြင့်ဆုံးဖြစ်နေတော့ သူတို့ အဲဒီကုန်းကို မရမချင်း ထိုးစစ်ဆင်တယ်။ အင်အားတွေကလည်း တောင်ပတ်ပတ်လည်မှာ ပတ်ပြီးတော့မှ ထိုးစစ်ဆင်နေတာတော့ ကျနော်တို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးတော့ လက်နက်ကြီး ကျည်ကုန်သွားတယ်တဲ့။ ကုန်သွားတော့ ဟိုတလောက သူတို့သိမ်းထားတဲ့ ပွိုင့် - ၇၇၁ ကို ရဟတ်ယာဉ်နဲ့ နှစ်ခါ လာပြန်ချတယ်။ ဟိုက်စကီးနဲ့။ လက်နက်ကြီးကျည်တွေ ချပြီးတော့မှ တခါ ပြန်ပစ်တယ်။ ပစ်တော့ ဒီဘက်ကလည်း ပစ်တယ်လေ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်။ ပစ်ပြီးတဲ့အခါကျတော့ ဆီပြန်ကုန်သွားတဲ့ပုံရှိတော့ သူတို့ ပြန်ပြီး ရပ်သွားတယ်။ တောင်ကုန်းကိုတော့ အများကြီးတော့ ပစ်လိုက်တယ်။ ထောင်ချီ ပစ်လိုက်တယ်လို့ ပြောတယ်။”

မြန်မာစစ်တပ်က အေအိုင်အိုကို လေကြောင်းကနေပါ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် နိုင်ငံတကာမှာ ဝေဖန်ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်တော့ပေမဲ့လည်း ရဟတ်ယာဉ်တွေတော့ အသုံးပြုနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးမင်းဌေးက ပြောပါတယ်။

“အခုက လေယာဉ်တွေဘာတွေ မလာတော့ဘူး။ အခု နိုင်ငံတကာလူတွေကလည်း သိသွားတဲ့အခါကျတော့ သူက လေယာဉ်တွေက မလာတော့ဘဲနဲ့ သူတို့ တိုက်ပွဲပုံစံက ပြောင်းသွားတယ်။ ရဟတ်ယာဉ်က ပစ္စည်းသယ်တာတွေ၊ ပို့တာတွေတော့ လုပ်နေတယ်။ လေကြောင်းတွေက တိုက်တာတော့ မလုပ်တော့ဘူး။ ရှိသမျှ လက်နက်ကြီးတွေ အကုန်လုံး၊ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကြီးတွေ အကုန်လုံး ယူလာသလား မသိပါဘူးဗျာ။ အကုန်လုံး ပတ်ပတ်လည်ကနေ ပြီးတော့မှ လက်နက်ကြီးတွေချည်းပဲ ပစ်တာ။ အများကြီး။ တစက္ကန့်ကို အချက်ပေါင်း မြောက်များစွာနဲ့ ပစ်တယ်ဆိုတော့ အလက် ဘယ်လောက်ရှိမလဲ ကျနော်တို့ မသိတော့ဘူး။ ခန့်မှန်းရလည်း ခက်တယ်။ အဲဒီလိုမျိုး ကုန်းတကုန်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပစ် ပစ်လိုက်တာလေ။ ရဟတ်ယာဉ်တွေတော့ သွားတာ လာတာ၊ လူချတာ၊ အဲဒါတွေတော့ လုပ်နေကြတယ်။”

ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပြခဲ့တာပါ။

အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ သိရှိနိုင်အောင် ဗွီအိုအေက ကေအိုင်အိုနဲ့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပေမဲ့လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တဦးကတော့ လက်နက်ကြီးတွေ ထိမှန်ပြီး ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။

တိုက်ပွဲတွေအဆုံးသတ်ပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေကပါ တိုက်တွန်း ပြောဆိုနေကြပေမဲ့ တိုက်ပွဲအရှိန်တွေကတော့ ခုချိန်ထိ လျော့မသွားသေးပါဘူး။

19 comments:

Ko Min said...

အပီအပြင်သာ ချတော့ဟေ့... အားပေးတယ်... ပျော့ညံ့နေလိုမရတောံဘူး...

win said...

kia ကမရှိသင့်တော့ဘူး
ဘယ်သူမှကောင်းကျိုးမပေးဘူး

Unknown said...

ဒမြအဆင့်သာရှိတဲ့အကြမ်းဖက်အဖွဲ့ကေအိုင်အေကိုအမြစ်ပြတ်တိုက်ပါချေမှုန်းပေးပါ
တပ်မတော်သားများထိခိုက်မှုလုံးဝမရှိပဲအောင်ပွဲဆင်ပါစေ ကေအိုင်အေချက်ချင်းကျရှုံးပါစေ

Unknown said...

အစိုးရဟာ တိုင်းရင်းသားညီကို ရင်းချာ ဖြစ်တဲ့ kia အား တိုက်ခိုက်နေခြင်းဟာ လုံးဝ မသင့် တော်ပါ။ ဆွေးနွေး ညှိ နှုင်း ခြင်းဖြင့် သာ အ ဖြေ ရှာစေချင် ပါသည်။တ ကယ် တိုက် ရ မည့် လက်နက် ဖြုတ်သိမ်း ရမည့် အဖွဲ့ မှာ UWSA ,ဝ အဖွဲ့ သာ ဖြစ်ပါသည်။ တရုတ် ရဲ့ မဟာဗြူ ဟာ မြောက် ကျော ထောက် နောက်ခံ ပေးထား သည့် ဝ အဖွဲ့ အား အပြီးတိုင် လက်နက် ဖြုတ်သိမ်း ခိုင်း ရမှာ ဖြစ်ပါ သည် ။ က ချင် သည် ကျွန်တော် တို့ ၏ ဘုရား သခင် ပေးသော ညီ အရင်း ဖြစ်ပါသည် ။

Khp said...

Total Guerilla War will come soon in Kachin state, if Laiza fall.

KIA can freely launch guerilla waefare in any place of Kachin state.

Myanmar invaders will face more casualties in the whole year.

If you don't belive just watch it.

Anonymous said...

အသက်မပြည့်သေးတဲ့တပ်မတော်သားတွေ သေကျေရ အုံးမယ် ထိုးစစ်မဆင်သင့်တော့ဘူး နှစ်တွေဒီလောက်တိုက် တာကေအိုင်အေဆီက ဘာမှမရလိုက်ဘူး လူမနေတဲ့တောင် ကုန်းပဲရလိုက်တယ် ကေအိုင်အေကိုမတိုက်ပဲ စစ်အသုံးစ ရိတ်တွေကိုပြည်သူအတွက်သုံးပါလား ဒီစစ်တပ်က ပြည်သူ တွေကိုသတ်တယ်၊ ရဟန်းရှင်တွေကိုသတ်၊ အခုလဲကေအိုင် အေကိုတိုက်တယ်ဆိုပြီး ပြည်သူတွေကိုပါသတ်နေတယ် ဒါတွေကိုမသိရင်သိအောင်ကြိုးစားပါ

KoTOE said...

မြန်မာ့တပ်မတော်ကို၁၀၀%ထောက်ခံပါတယ်....လူလိုပြောမရတဲ့ဂျိန်းဖေါသူပုန်(KIO)ကိုအပြတ်ရှင်းအပြုတ်တိုက်။

Unknown said...

စစ် စစ်အစိုးရကိုကြိုက်တဲ့သူတွေရှိသေပါလားဒီလိုပြည်သူအင်အားနဲ့ဘယ်လိုများစစ်တပ်ကိုတန်းလျှားပြန်ပို့နိင်မှာလဲပြန်မပို့နိင်လို့ကဒီမိုဘယ်ရှိပါ့မလဲစစ်ဟာစစ်အတိုင်းဘဲပေါ့ကချင်လူထုအတွက်တော့ဘုရားအလိုတော်အတိုင်ပါဘုရားကနိင်ငံပေးရင်ရကိုရမှာပါဘုရားပေးတဲ့မြေနေရာကိုလူသားသည်အသက်သွေးချွေးနဲ့ကာကွယ်ရမှာပါကိုယ်ပိုင်မြေမှာကိုယ်ကြိုက်သလိုစီရင်ခွင့်ရှိပါတယ်

Aungsitthi said...

တပ်မတော်သည်ကချင်လူမျိုးကို တိုက်ခိုက်နေခြင်းမဟုတ်ပါ ပြည်နယ်ကိုအကြောင်းပြ လူထုကိုဒုက္ခပေးနေသောကေအိုင်အေကို တိုက်ခိုက်ချေမှုန်းနေခြင်းသာဖြစ်ပါသည်။

Unknown said...

Dear Khun Meinnthein,
I think no ethnic people want to hold guns and sacrifice their lives, i think Burman people might have the same views. We all love peace. But, as long as our native lands are invaded by military we need to defend our lives. I don't mean Burma civilian people. Do you think that those military soldiers also want to fight too. They have families, relatives, lovers like you. How dare you urge and stimulate such one-sided feelings.Do you love your greedy military leaders and their crooked plans to sustain their powers and wealth. Do you see how the poor soldiers have to sacrifice their lives just for such greedy military leader. Yes, they protect the country but waste their lives for nothing. Do you still want such war. Do you think they like to kill their own brother Kachin. They have no choice only. But, i believe you May have more concerns about your people. Please, i beg you, don't ever provoke such kind of comments. If we cann't do for people in our country anything, better just read the news and learn somethings good or the real conditions. Better not to create hatred among our Burmese people. Kachin, Kayah, Kayan, Chin, Mon, Bama, Yakhaing and Shan have being living together the same land for years. Now, it is not good to bully each other, better to understand and respect each other. The stronger ones must have big heart to understand and care for the weak. We must abandon our old attitude" ကြီးနိုင်ငယ်နင်း'
Don't trust too much your Than Shwe and his puppets. I don't means all soldiers . You must understand that the army and KIA fighting is about justice and equality. Not, they like to hold gun as their hobbies.

Uncle Chan's အမလ said...


May God Bless Our Myanmar .
ကျွန်တော် ခင်ဗျားရဲ့ အမုန်တရားသုံးသပ်ချက်တွေကို လေးစားပါတယ် ကို သန်းအောင်လေးလေး... ဒီလိုဘလောဂ့်တွေမှာ ခင်များတို့လို အမှန်တရား ပြန်လည်ပြောပြတတ်သူများ
အများကြီး အများကြီးလိုအပ်ပါတယ်။ ရေးကျပါ
မတရားတာတွေ့ရင် ကိုယ်နဲ့မဆိုင်သလို ပိုစ့်ပဲဖတ်ပြီး
ကွန်ပျူတာပိတ် မအိပ်ကျပါနဲ့။ ကိုရင့်ထဲမှာရျိတဲ့
အတိုင်းဖွင့်ချပြခဲ့ကျပါ။ ဒီဘလောဂ့်ကို ၀င်ရောက်ကြည့်ရှုနေတဲ့ လူမှန်သမျှ ကော်မန်းရေး
သွားကျပါ အခုချိန်မှာ အမှန်တရားနဲ့ မြန်မာနိုင်ငံကို
တည်ဆောက်ဖို့လိုနေပါပြီ။ ပါစပ်တွေပိတ်မထားဘာနဲ့
ပြောကျပါဗျာ....ပြောကျပါ

Ko Min said...

I Like this "တပ်မတော်သည်ကချင်လူမျိုးကို တိုက်ခိုက်နေခြင်းမဟုတ်ပါ ပြည်နယ်ကိုအကြောင်းပြ လူထုကိုဒုက္ခပေးနေသောကေအိုင်အေကို တိုက်ခိုက်ချေမှုန်းနေခြင်းသာဖြစ်ပါသည်။"

Truth Lover said...

I think that all the wars and problems in Burma are because of Burmese ethnic.The other ethnics should struggle for their freedom like Kachin.Otherwise they would become the slaves of Burmese.Be brave and not to be afraid just as KIA.Real men die for truth.

ဇော်ထွန်း said...

ဟ ကောင်တွေရ လူထု ဒုက္ခပေးတာက စစ်တပ်က ပိုပေးနေတာဟ ဒိလောက်တောင်မသိကြဘူးလား တရုပ်ကုလားကျ ငြိမ်ခံနေပြီး ကချင် ကရင် တွေမှ ချတယ်ဆိုတာက တော့လွန်တယ်မောင်ရင်ရယ်

bango said...

မဖြစ်စေချင်ဆုံးကတော့ ABSDF ကျောင်းသားတပ်ဖွဲ့ကိုဘဲ...ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တာလက်ခံနိုင်တယ်ဆိုကြပါစေ...မိုင်းခွဲလူသတ် အကြမ်းဖက်တွေနဲ့လက်တွဲနေတာတော့....သမိုင်း မလှလောက်တော့ဘူးထင်တယ်.....

UShinGyi said...





Kyaw Hlwan Moe ဆိုတဲ့ကောင် မင်းတို့စစ်ခွေးတွေက
အခုမင်းပြောတဲ့ အလုပ်ကို အထူးကျွမ်းကျင်စွာနဲ့ လုပ်တတ်
ကိုင်တတ်မှန်း လူတိုင်းသိပါတယ်။ တလောကလုံးသိအောင်
အင်တာနက်ကနေ ကြေညာနေစရာမလိုပါဘူးကွာ။

UShinGyi said...

့ ကျောင်းသား ကျောင်းသားဆိုပြီး ကျောင်းသား
အစစ်တွေကို သတ်ဖြတ်လိုက်တဲ့ ABSDF ဆိုတဲ
အဖွဲ့ကကောင်တွေဟာ KIA နဲ့ ပေါင်းလိုက်လို့ ဆိုးသွမ်းမိုက်ရိုင်ခဲ့တာမဟုတ်ဘူး ခင်များ မမွေးခင်ကတဲ့က
ကျောင်းသားတပ်မတော်ဆိုတာ ကို့ဇာတ်တူသားစားလို့ လူသတ်သမားဘွဲ့တွေကို ရခဲ့ပြီးသာ ဗျို့။

manangaw said...

ဗမာစစ်တပ် ကချင်တပ်ကို အပြုတ်တိုက်လို့  ဘယ်လို့ မှမရပါဘူးကွာ ကရင်ကိုတိုက်သလို နောက်ထပ်အနှစ် ၆၀ ကျော်တိုက်အုံး မရပါဘူး စစ်တပ်ကနိုင်ငံရေးအမြတ်ထုတ်နေတာပါ ငါကတော့ ကချင်ကိုသွားတိုက်နေတာ လုံးဝသဘောမတူပါဘူး လူသေအချိန်ကုန်ငွေကုန် ဒုက္ခရောက်ကြတာကလွဲလို့ ဘားမှမထူးလာပါဘူး ရလဒ်က တဦးနဲ့ တဦး မုန်းတီးမှုတွေဘဲ များလာကြမယ်

Unknown said...

Dear All Burmese Friends.. thanks alot for your comment on the fake of How Burmese Junta Aggressively killing same nation by Serving for China and Crony people... How Disgust thing in the world that using air strike and rokects on the small armed group those who confronting for JUSTICE AND EQUAL RIGHTS FOR THE OPPRESSED BURMESE PEOPLE(LOSING FARMING LANDS.. LOSING PEOPLE'S LIFE UNDER THE COMMAND OF FEW GENERALS FOR THEIR WEALTH AND LUXURY TO SUFFICIENT FREELY... DEAR BURMESE FRIENDS JUST OBSERVE WISELY THAT IN ARMY THERE IS NO FAMILY OR RELATIVES OF THEIN SEIN, ASSKY, AND MIN AUNG LHIANG... NOW IS THE TIME LET'S RISE UP AND AGAINST THOSE WHO KILLING OWN NATIONS LAWLESSLY AND FREELY.....