* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Friday, January 7, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁-၂၀၁၁)

- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေး ကျင်းပ click
- စီအာရ်ပီပီ အစည်းအဝေး ကျင်းပ၊ ဒုတိယပင်လုံကို အဆင့် (၃) ဆင့်ဖြင့် ဆက်လုပ်သွားမည်ဟုဆို click
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် (၃) ရပ် ချမှတ် click
- စောလှဘွယ် ဦးဆောင်တဲ့ DKBA နဲ့ ဆွေးနွေးလိုတယ်လို့ စစ်အစိုးရ ကမ်းလှမ်း click
- နအဖမှ လက်နက်ရိက္ခာ၊ အင်အား အစုံအလင်ဖြင့် ကေအဲန်ယူနယ်မြေသို့ ရောက်ရှိလာ click
- မြ၀တီမှ ကား မိုင်းထိ click
- မြ၀တီ-ကော့ကရိတ် ကားလမ်း ဗုံးကွဲ click
- တံတားကျိုးတွင် ဆွဲမိုင်းကြောင့် လူ (၈) ဦး ထိခိုက်မှုရှိ click
- ကိုစည်သူဇေယျကို စစ်ခွေးတိုက်ပို့ click
- အင်းစိန်ထောင်က အကျဉ်းကျ စာနယ်ဇင်းသမား စည်သူဇေယျ စစ်ခွေးတိုက် အပို့ခံရ click
- ကိုဇာဂနာ ထောင်ဝင်စာတွေ့ခွင့်မရ click
- မရိန်းတပ်ဖွဲ့ဝင် မြန်မာလူငယ် အာဖဂန်နစ္စတန်မှာ ကျဆုံး click
- သေဒဏ်ကျ ကလေးစစ်သား လွတ်မြောက်ရေး ILO ကို တင်ပြ click
- အောင်လံက တောင်ယာခင်းများတွင် စစ်တပ်က ကျူးကျော်ဆွတ်ခူး click
- ဖားကန့်တောင်သူများအမှု ပြည်နယ်တရားရုံး စီရင်ချက်ချ click
- မနောပွဲကို စစ်တပ် ထိန်းချုပ် click
- ကချင်မနောပွဲကြီး စတင်၊ လာရောက်သူ နည်းပါး click
- မယ်လစခန်း၌ ကရင်နှစ်သစ်ကူးပွဲ အစည်ကားဆုံး ကျင်းပနိုင်ခဲ့ click
- ဗဟိုဘဏ်မှ ရွှေချောင်းများဝယ်ပြီး အပြင်ဈေးကွက်တွင် ရောင်းချ click
- ‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ် အမေးအဖြေ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တဲ့ လူငယ်အချို့ အမျိုးသားလူငယ်ကွန်ရက် ဖွဲ့စည်း click
- ဈေးသည်များ အန်အယ်လ်ဒီရုံးတွင် အကူအညီလာတောင်း click
- ပြောင်းရွှေ့ပေးရမည့် ချော်တွင်းကုန်း ဆိုင်ခန်းပိုင်ရှင်များ ဗိုလ်ချုပ်မှူးကြီးထံ အသနားခံစာတင်မည် click
- သင်္ကန်းကျွန်း ပျံကျဈေးတန်းကို စည်ပင် ရှင်းလင်း click
- ကြံ့ခိုင်ရေးက ရခိုင်အမတ်တွေကို တရားစွဲပြန် click
- ရခိုင်ပါတီကိုယ်စားလှယ် (၅) ဦး မဲမသမာမှုနဲ့ တရားစွဲခံရ click
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ နောက်ထပ် လွှတ်တော်အမတ် (၅) ဦး တရားစွဲခံရ click
- ချင်းအမျိုးသားပါတီက ဖွဲ့စည်းပုံပါ အချက်အချို့ပြင် click
- ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီလည်း စီးပွားရေးလုပ်မည် click
- တရုတ်ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံမှာ ထိပ်ဆုံးဖြစ်လာ click
- ဓာတ်ဆီ တန်းစီသည့် ကားများကြောင့် ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု တိုးလာနေ click
- ပေါ့တ်လန်မြို့က မြန်မာမိသားစုများ မြန်မာပြည်က HIV/AIDS လူနာများကို အားပေးမည် click
- ၂၀၁၀ ခုနှစ်အတွင်း မြန်မာအမျိုးသမီးတွေအတွက် ထူးခြားတဲ့ ဖြစ်ရပ်များ click
- နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့နိုင်ငံရေး (ဆောင်းပါး) click
- လူမှုမီဒီယာကွန်ရက်နှင့် နိုင်ငံရေးပါဝါ (ဆောင်းပါး) click
- စီးပွားရေး ဒဏ်ခတ်မှုဥပဒေ (သတင်းသုံးသပ်ချက်) click
- ကာတွန်းအောင်မော်ရဲ့ လက်ရာများ click
- တရုတ်သမ္မတ အမေရိကန် လာမည် click
- အမေရိကန်နဲ့ ဆီးရီးယား သံ ပြန်ဆက်မည် click
- ဂျာမဏီ မွေးမြူရေးခြံ (၅,၀၀၀) ပိတ်ရ click
- အာဆီယံ အလှည့်ကျ ဥက္ကဌသစ် လူ့အခွင့်အရေး ဦးစားပေးဆောင်ရွက်မည် click
- မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ click
- ကချင်ပြည်နယ်နေ့တွင် စစ်အစိုးရဆန့်ကျင်ရေးကမ်ပိန်း ပြုလုပ် click
- ကချင်ပြည်နယ်နေ့ မနောပွဲတော်ဖွင့်ပွဲ ကျင်းပ click
- မိနစ်ပိုင်း ပြောက်ကျားတိုက်ပွဲတွင် နအဖ (၃) ဦး ကျ click
- SSA တပ်မဟာ (၁) ၀င်ငွေရစေမည့် သစ်ကားအစီး (၅၀) နီးပါး နအဖစစ်တပ် ဖမ်းဆီး click
- ပြည်သူ့စစ်အသွင်ပြောင်း စိန်ကျော့ ခေါင်းဆောင်များ ကားပါမစ် အခွင့်ထူးရ click
- ကမ္ဘာ့သြဇာအလွှမ်းဆုံး အမျိုးသမီး ရွေးချယ်မှုစာရင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- စိတ်ခွန်အားပေးနိုင်မှုအရှိဆုံး အမျိုးသမီး (၁၀၀) click
- ဘိန်းခင်းဧက (၇,၃၀၀) ကျော် ဖျက်ဆီးခဲ့ဟု နအဖ ထုတ်ပြန် click
- ၀န်ကြီးအပြောင်းအရွှေ့များနှင့် ၀န်ကြီးဌာန ပေါင်းစည်းမှုများ ပြုလုပ်မည် click
- ထိုင်းစက်မှုဝန်ကြီး မြန်မာပြည် သွားမည် click
- နော်ဝေ Seadrill ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်ရောက်လုပ်ကိုင် click
- ကြံ့ဖွံ့က ပါတီဝင်လျှင် လမ်းခင်းမည်ဟု ဆို click
- ဦးပိုင်လီမိတက်လုပ်ငန်းများ အခွန်ဆောင်ရန် မလို click
- နေပြည်တော်တွင် ပုလဲရောင်းချပွဲ လုပ်မည် click
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်အသစ် တရုတ် တွေ့ click
- ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု မြင့်တက်နိုင် click
- မော်တော်ဘုတ် နစ်မြုပ်၍ လူများကို ငါးဖမ်းဘုတ်မှ ကယ်တင်လိုက်ရ click
- ဧရာရွှေဝါဆီဆိုင် မီးလောင်၊ ကျပ်သိန်းထောင်ချီ ဆုံးရှုံး click
- သင်္ဃန်းကျွန်း ပျံကျဈေး စည်ပင်ဖျက်၊ ဈေးသည်များ အလုပ်လက်မဲ့ဖြစ် click
- မြန်မာပြည်မှ ဘဏ်ဝန်ဆောင်မှု (ပေးစာ) click
- အသိမ်းခံ လယ်မြေများကို ပြန်ရဖို့ တောင်းဆိုသည့် လယ်သမားများ (ရုပ်သံ) click
- လူမှုရေးဂီတကွန်ရက်များ (ဓာတ်ပုံ) click
- ထိုင်း-မြန်မာနယ်စပ်က ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ) click
- မဲဆောက် မိတ်ဆွေကောင်းစာကြည့်တိုက် စကားပြောစွမ်းရည်ပြိုင်ပွဲနဲ့ ငြိမ်းချမ်းရေးကဖေးဆိုင်ဖွင့်ပွဲ click
- သောကြာစကားဝိုင်း (ဇန်နဝါရီ ၇၊ ၂၀၁၁) click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး (ဆောင်းပါး) click
- သက်ရှိမိုင်း၊ သက်ရှိသမိုင်းနှင့် အရေးတော်ပုံ၏ မိုင်းတပ်သားများအကြောင်း (ဆောင်းပါး) click
- တစ္ဆေ (ဆောင်းပါး) click
- ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခြင်း (ဆောင်းပါး) click
- တစ်သုံးခုနစ်ရှစ် (၀တ္ထုတို) click
- ဒီလိုရှိတယ် ဒေါက်တာလွဏ်း (ကဗျာ) click
- ဆင်ရဲ့ မစင်မှ စာရွက်စက္ကူအမျိုးမျိုး ထုတ်လုပ်နိုင် (ရုပ်သံ) click

အပြည့်အစုံသို့...

အင်ဖက်မိုးပြီး ရေးတဲ့ ကဗျာ

အင်ဖက်မိုးပြီး ရေးတဲ့ ကဗျာ
A.T.H

ကျနော်ငယ်ငယ်
အင်ဖက်မိုးနဲ့ ကျနော်တို့အိမ်ကလေး
မိုးလန့်ပြီး ယိုတဲ့ ညက
အဖေဟာ သန်တုန်းမြန်တုန်းပေါ့။

အခုတော့
အဖေက အသက် (၇၀)
တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။

ဟိုတုန်းကဆို
အဖေက ခေါင်မိုးစပ်နားထိတက်သွား
အမေက ကြမ်းပေါ်ကနေ ခြေဖျားထောက်ပြီး
အင်ဖက်ကမ်းတယ်လေ။

သူတို့လင်မယား
တိုးတိုးတိုးတိုး
ကျနော် နိုးမှာစိုးလို့တဲ့။

နောက်ဆုံးတခေါက်
ကျနော် အိမ်ပြန်ရောက်တော့
ကျနော်တို့အိမ်ကလေး သွပ်မိုးထားလိုက်တယ်
“နင့်အဖေလည်း အသက်ကြီးပြီ ... သား
မိုးယိုတဲ့အခါ အတက်အဆင်း မလုပ်နိုင်တော့ဘူး”
အမေ့ပြောစကား
ကျနော် ခံစားရပါတယ်။

တကယ်ဆို အိုကြီးအိုမ ဒီလင်မယားမှာ
သားတယောက် ထွန်းကားခဲ့ပါတယ် အမေ။
.............
..............
............. ။

တခါက အဖြစ်အပျက်တခု အမေ ပြောပြဖူးတယ်
တညမှာ ဓားပြတွေ အဖေ့ကို ဖမ်းခေါ်တုန်း
အဖေရဲ့အဖေ ကျနော့်အဘိုးက ခပ်လှမ်းလှမ်းကနေ
ဓားပြတွေကို တုတ်နဲ့ ပစ်ပြီး
ဓားပြလက်ကနေ အဖေ ထွက်ပြေးလို့ရအောင် လုပ်ပေးဖူးတယ်တဲ့
အဘိုးနဲ့ အဖေ ... သူတို့သားအဖ တယောက်ကို တယောက်ကာကွယ်ခဲ့ကြပုံတွေ။

ဒါကြောင့် အသက် (၆၀) မှာ အဘိုးဆုံးတော့
အဖေက ရှိုက်ကြီးတငင်ငိုတယ်။
“သားကို ဘယ်သူ ကာကွယ်ပေးမလဲ”
အဘိုးကို တိုင်တည်တဲ့ အဖေ့စကား
သား အခု နားလည်ပြီ .. အဖေ။

အဖေ့ဘ၀မှာ
အမေ့ကို ချစ်ခဲ့တာတခုတည်းပဲ
မိဘကို ဆန့်ကျင်ခဲ့ဖူးတယ်။

(၉) တန်းနဲ့ ကျောင်းထွက်ခဲ့တဲ့ တောရွာက ကျောင်းဆရာလေး
ချို့ငဲ့တဲ့ အမေနဲ့ ညားတော့
အဘွားက သဘောမတူခဲ့ဘူးလေ။

အမေ ခဏခဏ ပြောတယ်
တို့မိသားစု မချမ်းသာတာ
နင့်အဖေကြောင့်တဲ့
အိမ်ထောင်ဦးမှာ
မဆလခေတ် နိုင်ငံရေးအကျဉ်းသားအဘိုးအတွက်
အမေတို့ အကုန်အကျ များခဲ့တယ်ပေါ့
စကားစပ်ရင် အမေက မချိတင်ကဲ
အဖေကတော့ မျက်နှာလွှဲနေတယ်
သားတယောက်ရဲ့ တုံ့ပြန်ကျေးဇူးဆိုတာကို ကျနော် မခံစားခဲ့မိဘူး။

မှောင်ခိုတခေတ်မှာ
အဖေ့သူငယ်ချင်းတွေ
ချမ်းသာသွားကြတယ် ...
ကျနော်တို့ မိသားစု မချမ်းသာပါဘူး၊
သူများတွေ တိုက်ဝယ် ကားစီး
ကျနော်တို့ ကားမစီးနိုင်ပါဘူး၊
“ငါတို့ ငွေမရှိချင်နေ
ငါ့သားသမီးတွေ ပညာတတ်ရမယ်” တဲ့
အဖေ့ဒဿန ...
သားသမီး (၄) ယောက် ကျောင်းစရိတ်ထောင်းတော့
အမေ့လည်ပင်းမှာ ရွှေမဆင်ခဲ့ရဘူး။

ကျနော် တက္ကသိုလ်ရောက်စ
နိုင်ငံရေးကို စိတ်ဝင်စားတော့
စာအုပ်ထဲက သူရဲကောင်းတွေ
အောင်ဆန်းအကြောင်း ... ဗဟိန်းအကြောင်း
ကျနော် ပြောရင် အဖေ ပြုံးပြုံး ပြုံးပြုံး။

တကယ်တော့
ခေတ်ဆိုး စနစ်ဆိုးအကြောင်း
အဖေ့လောက် ကျနော်က ပိုသိဦးမလား။

အဖေဟာ
လရောင်အောက်မှာ
အထုပ်ကလေးပိုက်လို့
ကုတ်ကုတ်ကလေး သူပုန်တွေကို ဆက်ကြေးပေးခဲ့ဖူးတယ်၊
အဖေဟာ
သူပုန်နဲ့ ဆက်သွယ်လို့ဆိုပြီး
တနေ့လုံး အခန်းပိတ်ပြီး ထိုးကျိတ်တာ ခံခဲ့ရဖူးတယ်၊
ကျွဲနှစ်ကောင်ကြားက မြေစာပင်ဘ၀တွေ
အဖေလောက် ကျနော်က ပိုသိဦးမလား။

ဒါပေမယ့် အဖေက သူရဲကောင်းမဆန်ဘူး
ပြည်တွင်းစစ်သေနတ်သံတွေကို
ရပ်တန့်အောင်တော့ မလုပ်ဘူး
သူ့သားသမီး ကျနော်တို့ကိုတော့ သေနတ်သံမကြားတဲ့
မြို့ကို ပို့ခဲ့တယ်၊
ပြည်တွင်းငြိမ်းချမ်းရေးရအောင်တော့ မကြိုးစားဘူး
သူပုန်ကို ဆက်ကြေးပေးလိုက်
သားအရွယ် စစ်ဗိုလ်တွေ ထိုးတာကို ခံလိုက်နဲ့ ...
အဖေဟာ သတ္တိအတော်နည်းတာပဲ
ကျနော် အဲသလို စိတ်စွဲခဲ့ဖူးတယ်။

သူ့အဖေ ခေါင်းချသွားတဲ့ ဇာတိမြေမှာနေ
သားတွေ၊ သမီးတွေ၊ မြေးတွေကို ချစ်တတ်တဲ့
အဘိုးကြီးတယောက်ဟာ
ဘယ်လိုလုပ် သူရဲကောင်းဆန်မလဲ။

သားတယောက် အိမ်က ပျောက်သွားတော့လည်း
အိမ်ဘေးမြေကွက်လပ်မှာ ညနေတိုင်း ဆောင့်ကြောင့်ထိုင်
သားဒိုင်ယာရီထဲက ဓာတ်ပုံကို ထုတ်ပြီး
မျက်ရည်ကျချင်ကျနေမယ်
ဒီအဘိုးကြီး
ဘယ်လိုလုပ်သူရဲကောင်းဆန်မလဲ။

ဖခင်တယောက်ရဲ့ ပရိဒေဝ
သောကလွှမ်းတဲ့ မေတ္တာပို့သံတွေက
ကျနော်နဲ့ မထိုက်တန်ခဲ့ပါဘူး ... အဖေ။

တကယ်တော့
အဖေဟာ အပြင်မှာ မိုးတွေ ဒီလောက်သည်းနေတာတောင်
အင်ဖက်မိုးတဲ့ အိမ်ကလေးလို
ကျနော်တို့ကို အစွမ်းကုန် လုံခြုံမှုပေးခဲ့သူပါ၊
ဒီကဗျာကို အဖေ့မြေး ကျနော့် သားဦးလေး မမွေးခင်မှာ
လက်အုပ်ချီမိုး ကျနော် ရေးနေပါတယ်
ဇာတ်တော်ထဲက အဇာတသတ်လို
ကျနော် နောက်မကျချင်လို့ ... အဖေ။

A.T.H

အပြည့်အစုံသို့...

ဒေါက်တာလွဏ်းဆွေ - တွယ်ရာမဲ့ ဘ၀များ

Dr Lun Swe's DVB Articles

အပြည့်အစုံသို့...

Thursday, January 6, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁-၂၀၁၁)

- ရိုမေးနီးယားရောက် ကချင်ဒုက္ခသည်တွေ နှင်းဖုံးနေတဲ့ လမ်းမပေါ်မှာ နေနေရ click
- လယ်သမား (၄၀၀) ခန့် ရန်ကုန်မှာ စီတန်းချီတက်ဆန္ဒပြ click
- လယ်သမားတွေ နစ်နာမှု ထုတ်ဖော် click
- လယ်မြေသိမ်းကိစ္စ ပိုင်ရှင်လယ်သများ စုပေါင်းပြီး တရားရုံးတိုင် click
- ရေနံနဲ့ သဘာဝဓာတ်ငွေ့များ ထပ်တွေ့ click
- ရေနံသဘာဝဓာတ်ငွေ့သိုက် ထပ်မံတွေ့ရှိ click
- မြန်မာပြည်အလယ်ပိုင်းမှာ ရေနံနှင့် ဓာတ်ငွေ့ကြောများ တရုတ်ကုမ္ပဏီ တွေ့ရှိ click
- ကရင်ပြောက်ကျားတပ်များက ချောင်းပစ်သဖြင့် နအဖတပ်သား (၆) ဦး ကျဆုံး click
- ရခိုင်ပြည်လွတ်မြောက်ရေးတပ် မြန်မာစစ်တပ် ရှေ့တန်းစခန်းကို တိုက်ခိုက် click
အင်းစိန်ထောင်တွင် ကွယ်လွန်သူ ဦးတင်မောင်ဝင်း (၂၁) နှစ်ပြည့်
ဓာတ်ပုံသတင်း - မိုးမခ၀က်ဘ်ဆိုက် (၆-၁-၂၀၁၁)
NLD အဖွဲ့ဝင် ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း (၂၁) နှစ်ပြည့် အမှတ်တရ အစီအစဉ်အတွက် မိသားစုက ကြို တင်ဖြန့်ဝေသည့် ဖိတ်စာ။ ၁၉၉၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ပြည်သူများက ဦးတင်မောင် ၀င်းကို မဲပေးခဲ့ကြသည်။ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရစဉ် ၁၉၉၁ ဇန်န၀ါရီ (၁၈) ရက်နေ့တွင် ကွယ်လွန် သည်။ ယခင်က သူကွယ်လွန်သည့် နှစ်ပတ်လည်နေ့ အစီအစဉ်များကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လေ့ရှိသည်။
- အမေရိကန်ရဲ့ မြန်မာမူဝါဒ ရှေ့မတိုး click
- ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး click
- အန်အယ်လ်ဒီပါတီ အထူးအယူခံ ရှေ့အပတ် တင်မည် click
- ၂၀၁၀ ရွေးကောက်ပွဲ လူ့အခွင့်အရေးချိုးဖောက်မှုများ အိပ်ခ်ျအာရ်ဒီပီ ထုတ်ပြန် click
- ရွေးကောက်ခံ အမတ်လောင်းများ လွှတ်တော်ကို မျှော် click
- ပါလီမန် (၁၇) ရက်နေ့ ခေါ်မယ်လို့ဆို click
- ကြိုတင်မဲသုံး အနိုင်ယူခဲ့သူ (၂၀) ဦးအထိ ရှိနိုင်ကြောင်း ဇေကမ္ဘာဦးခင်ရွှေ ပြောကြား click
- လွှတ်တော်ကိုယ်စားလှယ်များအတွက် နိုင်ငံတော်မှ ပံ့ပိုးမှုများ ယခုအထိ မရှိသေး click
- ချင်းအမျိုးသားပါတီ တိုင်းရင်းသားမဟာမိတ်ပါတီဖွဲ့ရေး ညီလာခံ ကျင်းပ click
- ကြွက်နှင့် ဂီရီဘေး ချင်းအမျိုးသားပါတီ ဆွေးနွေးမည် click
- ဒေါ်လာဈေး မတည်ငြိမ်၊ ကျပ်ငွေ တန်ဖိုးတက်လို့ ကားဈေးကျ click
- မွန်ကလေးဗဟိုပြု ပညာရေးမဟုတ်ဟု သုံးသပ်ဝေဖန် click
- ဧရာဝတီမှ မစ္စစ္စပီသို့ (POEM FOR LIBERTY) click
- ဆူဒန်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ ချီးကျူး click
- လူသတ်သမားကို ထောက်ခံသူတွေကြောင့် ရုံးထုတ်ရခက် click
- မြောက်ကိုရီးယား စေ့စပ်ကမ်းလှမ်းမှု အမေရိကန်နဲ့ တောင်ကိုရီးယား လက်မခံ click
- စစ်အင်အား အဆမတန် တိုးချဲ့တည်ဆောက်ထားမှုကို တရုတ် ဖုံးကွယ် click
- ဇီယွန်ဝါဒီ် လင်းတများ click
- မိအို ဖအိုတွေကို ပြန်ကြည့်သင့် click
- လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ click
- နှစ်ဆန်းပိုင်း၌ မောင်းသူမဲ့UAVလေယာဉ် သျှမ်းပြည်လေတပ်စခန်းဌာနချုပ်နယ်မြေပေါ် ထပ်မံပျံသန်း click
- နအဖစစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ် click
- KNLA တပ်ဖွဲ့ဝင်များ (၂) ကြိမ်ဆက်တိုက် ပစ်ခတ်၍ နအဖ (၆) ဦး သေ၊ (၃) ဦး ဒဏ်ရာရ click
- စစ်အစိုးရက DKBA နှင့် အပစ်ရပ်ရေး ဆွေးနွေးမည် click
- ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးကို နအဖဘက်က တရားဝင် ဆက်သွယ်မှုမရှိသေး click
- မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရန် ဂျပန်အစိုးရအခန်းကဏ္ဍ အရေးကြီး click
- NLD တိုင်းနဲ့ ပြည်နယ် ရှေ့နေကွန်ရက်ဖွဲ့ click
- ဒုတိယပင်လုံညီလာခံသည် သုံးပွင့်ဆိုင်ဆွေးနွေး ခြင်းသာဖြစ်ကြောင်း SNLD ပြောဆို click
- အကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ (ရုပ်သံ) click
- ၂၀၁၁ အ၀င် စီးပွားရေးကြေညာစာတမ်းနဲ့ … အစရှိသဖြင့် (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- အိန္ဒိယထောင်ရှိ မြန်မာသူပုန် (၃၄) ဦး UNHCR စိစစ် click
- မြန်မာတော်လှန်ရေးသမားများအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေး UNHCR တွေ့ဆုံမေးမြန်း click
- “လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ အစီရင်ခံစာကို ပြည်တွင်းမှ ထုတ်ဝေ click
- မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော click
- ချင်းအမျိုးသားပါတီညီလာခံ click
- တိုင်းရင်းသားပါတီများနှင့် ချင်းပါတီ မဟာမိတ်ဖွဲ့မည် click
- အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ် click
- ဆောက်လုပ်ရေးကုမ္ပဏီများ လေဘေးသင့် ပြည်သူများ လုပ်အားကို ခေါင်းပုံဖြတ် click
- နေပြည်တော်က လက်မခံနိုင်တဲ့ 'ရွှေပြည်တော်' သတင်းစာ လာပြီ click
- ကျောင်းသားတပ်မတော် စစ်ရေးတာဝန်ခံ ရဲဘော်ခင်ကျော်နှင့် စကားပြောခြင်း click
- ၂၀၁၁ မြန်မာ့နိုင်ငံရေး အလားအလာ (သတင်းသုံးသပ်ချက်) click
- မြန်မာ့စစ်ဘောင်က ကျယ်သထက်ကျယ် (ဆောင်းပါး) click
- မြန်မာနိုင်ငံနှင့် စီးပွားရေးပိတ်ဆို့မှုပြဿနာ (ဘာသာပြန်ဆောင်းပါး) click
- ရေဘဲလေးတို့ ပျော်စံရာ (ဆောင်းပါး) click
“၂၀၁၁” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည် click
- ရွှေ့ပြောင်းများထံ ငွေကောက်မည့် ထိုင်းအစီအစဉ် တနှစ်ဆိုင်း click
- (၅) သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည် click
- MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား click
- ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ click
- စပါးဈေး တင်း (၁၀၀) ကျပ်လေးသောင်းနှုန်း ကျဆင်း click
- ဇီးကုန်းမီး သိန်းထောင်ချီ ဆုံးရှုံး click
- ငှက်ဖျားရောဂါကြောင့် အသက်မဆုံးရဖို့ click
- ဂျပန်လူမျိုးတဦးက မြန်မာပြည်သူများထံ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တဆူ လှူဒါန်း click
- အခြေခံ ဂရပ်ဖစ်ဒီဇိုင်းသင်တန်း ဖွင့်လှစ် click
- ဒဂုန်တာရာ၊ ပါရဂူတို့ကို အမှူးထားသည့် လွတ်လပ်ရေးနေ့ ညစာစားပွဲ စာပေသမားများ ကျင်းပ click
- အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ ၂၀၁၁ ခုနှစ် နှစ်သစ်သီချင်း click
- ရန်ကုန် နှစ်သစ်ကူးည (ဓာတ်ပုံ) click
- မဟာရန်ကုန်မှ ကရင်နှစ်သစ်ကူး (ဆောင်းပါး) click
- မဟာရန်ကုန်မှ ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ) click
- ရန်ကုန်ကရင်နှစ်ကူးပွဲ စည်ကားမှုနည်းလာ (ရုပ်သံ) click
- မြောက်ကာရိုလိုင်းနားပြည်နယ်က ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ) click
- ခါးသီးမှုတွေကြားက မော်ချီးရဲ့ ၀မ်းတထွာ (ဆောင်းပါး) click
- အားနာလိုက်တာ (အောက်မေ့ဖွယ်) click
- ငါတို့ ဘယ်တော့မှ မရှုံးဘူး သူငယ်ချင်း (ကဗျာ) click
- ၂၀၁၁ (ကဗျာ) click
- အမေရိကန်အောက်လွှတ်တော် ရီပါ့ဘလီကန်တွေ လွှမ်းမိုး click
- အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ကြီးစိုးတဲ့ ကွန်ဂရက်သစ် စတင် click
- ၂၀၁၁ အစိုးရများနှင့် လွှတ်တော်များကို ထိန်းချုပ်ထားမယ့် အမျိုးသမီးများ click
- တောင်ပိုင်းနဲ့ အမြန်ဆုံး ဆွေးနွေးဖို့ မြောက်ကိုရီးယား တောင်းဆို click
- ဘာသာစော်ကားမှု ဥပဒေကို ကန့်ကွက်လို့ ပန်ဂျပ်အုပ်ချုပ်ရေးမှူးကို လုပ်ကြံ click

အပြည့်အစုံသို့...

DKBA-BGF အမှတ် (၃) တပ်နယ်မှူး စောချစ်သူ၏ (၄၂) နှစ်ပြည့် မွေးနေ့မင်္ဂ လာဧည့်ခံပွဲ ရွှေကုက္ကိုကျေးရွာရှိ နေအိမ်တွင် ကျင်းပ

ဓာတ်ပုံသတင်း - dardar dar ပေးပို့သည်
DKBA-BGF အမှတ် (၃) တပ်နယ်မှူး စောချစ်သူ၏ (၄၂) နှစ်မြောက် မွေးနေ့မင်္ဂလာဧည့်ခံပွဲကို (၅-၁-၂၀၁၁) နေ့က ရွှေကုက္ကိုကျေးရွာရှိ သူ၏ နေအိမ်တွင် ကျင်းပပြုလုပ်ရာ နာမည်ကြီး ထိုင်းကချေသည်များနှင့် နာမည် ကြီး ထိုင်းအမျိုးသမီးအဆိုတော်တို့ စတိတ်ရှိုးဖြင့် ဖျော်ဖြေဧည့်ခံခဲ့သည်။

အပြည့်အစုံသို့...

တကယ့်လွတ်လပ်ရေး ရအောင်လုပ်ကြစို့

နိုင်ငံရေးလေ့လာသူတဦး

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ လွန်ခဲ့တဲ့ (၆၃) နှစ်က ဗမာပြည် လွတ်လပ်ရေးရခဲ့တာ လူတိုင်းအသိ။ လွတ်လပ်ရေးနေ့လို့ အမည်တပ်ကာ နေ့ထူးနေ့မြတ်အဖြစ် အစဉ်အဆက် ကျင်းပခဲ့ပါတယ်။ အမှန်မှာ အဲဒီနေ့ ဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်က စတင်လွတ်မြောက်တဲ့နေ့ပါ။ လွတ်လပ်ရေးနေ့လို့ အမည်ပေးခဲ့တာ မှားနေသလို။

တကယ့်လွတ်လပ်ရေးဆိုတာ တိုင်းတပါးလက်အောက်မှ လွတ်မြောက်ခြင်းတခုတည်းကို ဆိုလိုတာမဟုတ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေမှသာ လွတ် လပ်တယ်လို့ ဆိုသင့်ပါတယ်။

ကျနော်တို့ နယ်ချဲ့လက်အောက်က လွတ်မြောက်စေဖို့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားပြည်သူများစွာ အသက်၊ သွေး၊ ချွေးတွေ ပေးခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ‘တိုင်း ပြည်က နုနု၊ မုန်တိုင်းက ထန်ထန်’ ဖြစ်ခဲ့ရတယ်။ ယခုအချိန်ထိလည်း မုန်တိုင်းထန်နေဆဲ။ လွတ်လပ်ရေးအ တွက် အသက်စွန့်ခဲ့ကြတဲ့ ဖခင်ဗိုလ်ချုပ်နဲ့ တော်လှန်ရေးသမား အားလုံးကို စော်ကားနေကြသလို။

ယခုအချိန်ဟာ ဗမာပြည်မှာ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တဲ့ တကယ့်လွတ်လပ်ရေးကို စတင်ဖော်ဆောင်ပေးနိုင်တဲ့ လွတ်လပ်ရေးတိုက်ပွဲကြီးတခု ပေါ်လာနိုင်တဲ့ အနေအထားတခုပေါ်နေပါပြီ။ ဒီ တိုက်ပွဲကြီးကို ဘယ်သူတွေ ဦးဆောင်မှာလဲ။

လက်ရှိဗမာပြည်နိုင်ငံရေးမှာ ဦးဆောင်အုပ်စု (၃) ခုကို တွေ့နေရပါတယ်။ 
(၁) ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ တပ်မတော်သားအုပ်စု
(၂) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုအုပ်စု
(၃) တိုင်းရင်းသားများအုပ်စု

ဆိုခဲ့တဲ့ အုပ်စုတွေဟာ လွတ်လပ်ရေးအတွက် အရေးပါတဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီအုပ်စုတွေရဲ့ စွန့် လွှတ်စွန့်စားမှုတွေအပေါ်မူတည်ပြီး ဗမာပြည်မှာ လွတ်လပ်ရေးအစစ်အမှန် ထွန်းကားလာမှာကို မြင်တွေ့ရမှာ ပါ။

လက်ရှိနိုင်ငံရေးအခြေအနေကို လေ့လာကြပါစို့။
၁။ ၂၀၀၈ ခုနှစ်မှာ စစ်တပ်က ဦးစီးပြီး အခြေခံဥပဒေတခုကို ရေးဆွဲခဲ့ပါတယ်။
၂။ ၂၀၁၀ ခုနှစ်မှာ စစ်တပ်ကျောထောက်နောက်ခံ ပါတီက မဲအပြတ်အသတ်ရသွားတဲ့ ရွေးကောက်ပွဲကြီးတခု ကျင်းပခဲ့တယ်။
၃။ နအဖစစ်အစိုးရကို ဆက်ခံမယ့် ပါလီမန်အစိုးရတရပ်ကို ၂၀၁၁ မှာ ဖွဲ့စည်းပြီး ဒီမိုကရေစီဖော်ဆောင်ပေး မယ်လို့ နအဖက ပြောထားပါတယ်။

ကဲ ... သမိုင်းကို နည်းနည်းပြန်လှန်မယ်။ ဆက်စပ်ကြည့်ကြမယ်။
၁။ ၁၉၉၀ ပြည့်နှစ်မှာ NLD ပါတီဟာ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲအပြတ်အသတ်ရခဲ့တယ်။
၂။ န၀တက အစိုးရဖွဲ့ခွင့်မပြု ။ အမျိုးသားညီလာခံကိုသာ ပြုလုပ်ခဲ့တယ်။
၃။ အမျိုးသားညီလာခံမှ NLD ကျောခိုင်းထွက်လာတယ် (တရားမျှတမှုမရှိတဲ့ ညီလာခံလို့ ဆိုပါတယ်)။
၎။ NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး … ယခု ဒုတိယပင်လုံညီလာခံခေါ်ယူရေးဆိုပြီး ဆက်လက်တောင်းဆိုနေကြပါတယ်။
၅။ နအဖရဲ့လမ်းပြမြေပုံ (၇) ချက်ကလည်း ဆက်သွားနေပါတယ်။ ဘယ်သူမှ မတားနိုင်။

လက်ရှိ ပကတိအခင်းအကျင်းများကို ပေါင်းရုံးဆင်ခြင်ပြီး နိုင်ငံရေးပြဿနာတွေလည်း ပြေလည်၊ ဒီမိုကရေစီ လည်းဆန်နိုင်၊ ပြည်သူလူထုရဲ့လွတ်လပ်ရေးကိုလည်း စတင်ဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံရေးစွန့်စားမှု၊ စွန့် လွှတ်မှု လုပ်ငန်းစဉ်တခုကို အကြောင်းပြချက်များနဲ့ ဆက်လက်ရေးသားလိုက်ပါတယ် (စာရေးသူတဦးတည်း ရဲ့ အမြင်သာဖြစ်ပါတယ်)။

လက်တွေ့မဆန်ဆိုလည်း မတတ်နိုင်။ ဒီလိုလုပ်၊ ဟိုလိုလုပ်ဆိုပြီး ဆရာကြီးဝင်လုပ်ခြင်းလည်းမဟုတ်။ နိုင်ငံ ရေးကို စိတ်ဝင်စားတဲ့ ပြည်သူတဦးအနေနဲ့ မိမိအမြင်ကို တင်ပြလိုရင်းသာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ တပ်မတော်သားအုပ်စုကို တင်ပြလိုသည်မှာ …

ဖွဲ့စည်းပုံပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ရွေးချယ်ခန့်ထားနိုင်တဲ့ တပ်မတော်သားကိုယ်စား လှယ်များကို ပယ်ဖျက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာမဟုတ် တဲ့အတွက်။

နိုင်ငံအတွက် အသက်ကိုပင် စွန့်လွှတ်နိုင်တဲ့ တပ်မတော်သားတွေအတွက် ဒီလိုစွန့်လွှတ်မှုဟာ အသေးအဖွဲ လောက်ပဲဖြစ်မှာပါ။ ဒီလိုစွန့်လွှတ်မှုဟာ တပ်မတော်သမိုင်းကို ထွန်းပြောင်စေမှာအမှန် (ပြည်သူက ရွေးမထား ဘဲ လွှတ်တော်တက်ရမှာ ကျနော်ဆိုရင် ရှက်တယ်)။

ပယ်ဖျက်လိုက်တဲ့ စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေအစား ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD နဲ့ တိုင်း ရင်းသားပါတီတွေရဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ အစားထိုးသင့်ပါတယ်။

ဆိုခဲ့တဲ့ အကြံပြုချက်တွေဟာ တပ်မတော်ရဲ့ စွန့်လွှတ်စွန့်စားမှုနဲ့ တရားမျှတမှုကို ကမ္ဘာတည်သရွေ့ ပြည်သူ တွေက မေ့မှာမဟုတ်။ ၂၀၁၀ ပွဲနဲ့ ၁၉၉၀ ပွဲတို့ ပေါင်းစုမင်္ဂလာပွဲ ဖြစ်သွားမှာပါ။

တပ်မတော်မှ ဒီလိုဖြေရှင်းပေးပါက ရလာမယ့် ကောင်းကျိုးတွေကတော့ …

(၁) ကိုယ်စားလှယ်အဟောင်းတွေနဲ့ အသစ်တွေပေါင်းပြီး တိုင်းပြည်အကျိုးကို အတူတူ ဆောင်ရွက်နိုင်ကြ မယ်။
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပင်လုံညီလာခံဆိုတာတွေလည်း မလိုတော့တဲ့ အနေအထား ဖြစ်သွား မယ်။
(၃) အမြင်မတူတာတွေကို လွှတ်တော်အတွင်း အားလုံးဝင်ရောက်ဆွေးနွေးနိုင်မယ့် အခွင့်အရေးတွေ ရလာ မယ်။

တပ်မတော်အပေါ်မှာသာ မူတည်တဲ့အချက် ဖြစ်နေပါတယ်။ သမိုင်းအရေးမှန်ပါစေလို့ ဆုတောင်းပါတယ်။ ဆို ခဲ့တဲ့အတိုင်း လုပ်ပါဆိုလိုခြင်းမဟုတ်။ သဘောထားကွဲလွဲခွင့် လူတိုင်းမှာရှိတယ် (တပ်မတော်ရဲ့ထွက်ပေါက် ကို ဘယ်သူဖောက်ပေးမှာလဲ)။ နောက်ဆုံးတင်ပြချင်တာက စစ်ဘုရင်ကြီး နပိုလီယံ ပြောခဲ့ဖူးတဲ့ စကားတ ခွန်းပါ။

“လက်နက်နဲ့ စိတ်ဓာတ်မှာ နောက်ဆုံး စိတ်ဓာတ်ကသာ အနိုင်ရကြောင်း”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်များကို အကြံပြုလိုသည်မှာ …

ကာလကြာနေတဲ့ နိုင်ငံရေးဇာက်မျောကြီးကို ဘယ်လိုဆက်ကကြမလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြပေးပါ။ (မဖြစ်နိုင်မှန်းသိပေမယ့်) တကယ်လို့ တိုင်းပြည်တခုကို တကယ်လွတ်လပ်စေချင်တဲ့ စိတ်ပေါ်လာ ပြီး (တပ်မတော်မှ) စွန့်လွှတ်စွန့်စား နေရာဖယ်ပေးပါက ဘယ်လိုဆက်ဆောင်ရွက်ကြမလဲ။

အန်တီစုမှ ဒုတိယပင်လုံညီလာခံ၊ နောက် လူမှုရေးကွန်ရက်ဖြစ်အောင် လုပ်မယ်ဆိုပြီး ပြောထားပါတယ်။ ကျ နော်တို့ မျှော်လင့်ရမှာလား။ လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲတွေ လုပ်နေတာတော့တွေ့ရပါတယ်။ ဘယ် လိုဆက်စပ်ရမလဲမသိ။ လူထုခေါင်းဆောင် ပြတ်သားမှ အောင်ပွဲရနိုင်ပါတယ်။ ရောဂါဇစ်မြစ်ကို မကုဘဲ ရော ဂါလက္ခဏာလောက်ပဲ ကုသနေတဲ့ ဆေးဆရာလို ဖြစ်နေတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းက စိတ်မရှည်ချင်စရာ ကောင်းလှပါတယ်။ ဗမာပြည်မှာ တကယ့်လွတ်လပ် ရေးနဲ့ ဒီမိုကရေစီထွန်းကားရေးဟာ ဆိုခဲ့တဲ့ အဖွဲ့တွေလောက်ပဲ ဦးဆောင် ဆောင်ရွက်နိုင်တယ်လို့ စာရေးသူ မယုံကြည်။

ဗမာပြည် နယ်ချဲ့လက်အောက်က လွတ်မြောက်ရေးတိုက်ပွဲတွေမှာ ဘယ်သူတွေ ပါဝင်ခဲ့သလဲ၊ ဘယ်သူတွေ က စတင်ခဲ့သလဲဆိုတာ သမိုင်းကို အမှန်သိထားသူတွေ ပြောပြတတ်ပါတယ်။ (အခုချိန်ထိသာ) ကျောင်း သားခေါင်းဆောင် ကိုအောင်ဆန်းဘ၀မှ လွတ်လပ်ရေးဗိသုကာကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိ နေသေးရင်တော့ ယခုစစ်ခေါင်းဆောင်တွေရဲ့ လွတ်လပ်ရေး ညစာစားပွဲကြီးတွေကို ဘယ်လိုပြောလိမ့်မလဲ ဆိုတာ စိတ်ကူးနဲ့ ကြားယောင်နေမိသလို။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်သားအုပ်စုမှ အသိအမှတ်ပြုမှု တစုံတရာ မပြု။ ဒီမိုအုပ်စုတွေက လည်း မညီညွတ် မပြတ်သား။ နောက်ဆုံး လူထုရဲ့မျှော်လင့်ချက်တွေ ပျက်စီးပြီး … အင်း ... ဗိုလ်ချုပ်မိန့်ခွန်း တခုထဲကလို ‘… သည်တိုင်းပြည်’ ဖြစ်သွားမှာကို ပြည်သူလူထုက လုံးဝလိုလားမှာမဟုတ်။

တင်ပြခဲ့တဲ့ အချက်အလက်တွေကို စိတ်ကူးယဉ်ဆန်လိုက်တာဆိုတဲ့ လူတွေရှိမယ်။ နအဖကို စော်ကားတယ်။ အန်တီစုကို ဆရာလုပ်တယ်။ … ဆိုချင်ရာဆိုကြ။ လွတ်လပ်ရေးနေ့မှာ မွေးဖွားခဲ့သူ ဒေါက်တာလွဏ်းဆွေရဲ့ “စင်းခံမလား၊ တွန်းလှန်မလား” ဆိုတဲ့ စာသားများကို မြင်ယောင်မိရင်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရှိတဲ့ တ ကယ့်လွတ်လပ်ရေးကို မျှော်လင့်မိရင်း လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် တွေးကာ လွတ်လွတ်လပ် လပ် ရေးသားခြင်းအပေါ် လွတ်လွတ်လပ်လပ် ဝေဖန်ကြပါရန်။    ။

(တကယ့်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးသို့ ...)

နိုင်ငံရေးလေ့လာသူတဦး
၎-၁-၂၀၁၁

အပြည့်အစုံသို့...

Wednesday, January 5, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁-၂၀၁၁) (ကရင်နှစ်သစ်ကူးနေ့)

- မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ် click
- နအဖတပ်နဲ့ ဒီကေဘီအေ ပစ်ကြခတ်ကြ click
- ဒီကေဘီအေက နအဖတပ်သားတဦး ဖမ်းမိ click
- စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ click
- မတူကြတဲ့ ကရင်နှစ်သစ်ကူးပွဲတွေ click
- ကရင်နှစ်သစ်ကူး (ဓာတ်ပုံ) click
- လွတ်လပ်ရေးနေ့ ပုံရိပ် (၂) ခု click
- အဖွဲ့ချုပ်က ဥပဒေအဖွဲ့ ရှေ့နေကွန်ရက်အနေနှင့် ဆောင်ရွက်နိုင်ရန် နယ်လှည့်ဆွေးနွေးနေ click
- ပြည်ထောင်စုစိတ်ဓာတ် ပိုအရေးကြီးကြောင်း CRPP အတွင်းရေးမှူး ပြောကြား click
- ပါတီနဲ့ စီးပွားရေး ဘယ်လမ်းရွေးမလဲ click
- ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ် click
- သူပုန် (၃၄) ယောက်ကို UNHCR စတင် စိစစ် click
- ဒုက္ခသည်တွေ အကူအညီ လျော့တော့မယ် click
- ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား click
- အနောက်ကိုတဲ့မျှော်ရင်း အရှေ့ကိုလျှောက်ပါလို့ (ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး ဘာသာပြန်) click
- ဗိုလ်ချုပ်တို့၏ သင်္ခါရတရား (ဆောင်းပါး) click
- ၂၀၁၀ မြန်မာ့နိုင်ငံရေး အထူးခြားဆုံးဖြစ်ရပ်ကို ဆန်းစစ်ခြင်း (တိုက်ရိုက်လေလှိုင်း) click
- ၂၀၁၁ ဇန်နဝါရီလ ပထမပတ် တီဗွီမဂ္ဂဇင်းအစီအစဉ် (ရုပ်သံ) click
- ၂၀၁၀ သည် နာရေး အများဆုံးဟု ဦးကျော်သူ ပြော click
- ၂၀၁၀ ပေးဆပ်မှုများ click
- ဘယ်လိုပြောရမလဲ (အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ) click
- မြန်မာသံဃာတော်များထံ ဂျပန်လူမျိုးတဦးက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တဆူ လှူဒါန်းခြင်း click
- ပညာရေးလုပ်သားထုကို ကိုယ်စားမပြုသည့် ပညာရေးစုံညီပွဲတော် click
- လုပ်ကြံခံ ပါကစ္စတန် ပြည်နယ်အုပ်ချုပ်ရေးမှူး ဈာပန လုံခြုံရေးတင်းကျပ် click
- ထိုင်း-ကမ္ဗောဒီးယား ဆက်ဆံရေး click
- (၇) ရက်အတွင်း ကားလမ်းပေါ် မတော်တဆဖြစ်ပွားမှု သေဆုံးသူ (၃၅၈) ယောက် click
- စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း click
- ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ click
- နအဖ စစ်စခန်းကို ALA မှ တိုက်ခိုက်၍ နအဖတပ်သား (၄) ဦး ကျဆုံး click
- ကြာအင်းဆိပ်ကြီးမြို့ အိတ်ချိန်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ click
- သံလွင်အနောက်ခြမ်း စစ်တပ်တိုးချဲ့မှု တောင်ပိုင်း ၀ ကို ပစ်မှတ်ထားခြင်းဟု စ၀်ယွတ်စစ် သုံးသပ် click
- ကျိုင်းတုံ-လွယ်မွေ ရေဒါစခန်းပေါ် ပျံဝဲသော လေယာဉ် ထပ်တွေ့က ပစ်ချရန် အမိန့်ချ click
- ဖြိုးဝေအောင်အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ALRC ကုလကို တိုက်တွန်း click
- ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော click
- ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော click
- သုံးရောင်ခြယ် အလံသစ်အပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါး click
- ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ click
- ရှေ့နေကွန်ယက်ဖွဲ့ရေး မုံရွာရှေ့နေများ သဘောတူ click
- ကျပ် (၅,၀၀၀) တန် အတုဖြင့် ရသေ့တောင်တွင် လူ (၃) ဦး ဖမ်းဆီးခံရ click
- အခွန်စနစ်သစ်တရပ် စတင် click
- ဆိုင်းတောင်မြို့ထဲ ကျောက်စိမ်းကုမ္ပဏီများ မြေစာသွန်နေ click
- ရခိုင်ပြည်နယ်တွင် ကျပ် (၅,၀၀၀) တန် ငွေစက္ကူအတု ဖမ်းမိ click
- နေပြည်တော်လေဆိပ်စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင် click
- ဇန်န၀ါရီလ (၄) ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့ သတ်မှတ်ပြီ click
- လူကုန်ကူးခံရသည့် ဆယ်ကျော်သက်အမျိုးသမီး (၂) ဦး ပြန်လွတ် click
- အထည်ချုပ်လုပ်သားအချို့ လုပ်ခလစာနှင့် အကျိုးခံစားခွင့်များ ပိုမိုရရှိလာနိုင် click
- ချင်းကုန်တင်ယာဉ် တိမ်းမှောက်၊ တဦး သေဆုံး၊ (၆) ဦး ဒဏ်ရာရ click
- ရုံတင်ရုပ်ရှင်ရုံအများစု အရှုံးပေါ် click
- ဇန်န၀ါရီလ (၄) ရက်နေ့ ရန်ကုန်မြို့က ဓာတ်ပုံသတင်းများ click
- ချင်းမိုင်ရုက္ခစိုးနှင့် ချိတ်ဝတ် မာမီများ (ထွေရာလေးပါး) click

အပြည့်အစုံသို့...

နိုင်ငံရေးပါတီတွေ စီးပွားရေး မလုပ်သင့်

နိုင်ငံရေးပါတီတွေ စီးပွားရေး မလုပ်သင့်
ဇော်မင်း

ဗမာပြည်မှာ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပြီး လုပ်ကိုင်တော့မယ်တဲ့။ ဘာဖြစ်လို့တုန်း ဆိုတော့ ပါတီရန်ပုံငွေ လိုအပ်တယ်ဆိုတဲ့ အချက်ကနေ ဖြစ်ပေါ်လာတဲ့ စိတ်ကူးတွေလို့ ဆိုရင်လည်း မှား မယ်မထင်ပါဘူး။ ဒါက နဂိုကတည်းက ပါတီရန်ပုံငွေ အလုံအလောက်မရှိဘဲ ထူထောင်ထားတဲ့ ပါတီတွေရဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ ကြံ့ဖွံ့လို အတော်စောစောကတည်းက အခွင့်အရေးတွေ အမြောက်အမြား ရထား တဲ့ ပါတီမျိုးဟာ ပါတီရန်ပုံငွေအတွက် ပူစရာမလိုဘူးဆိုပေမယ့် ရေရှည်အတွက် သူတို့လည်း စီးပွားရေးလုပ် ငန်းတွေ ဆက်ပြီးလုပ်ကိုင်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးတွေ ထူထောင်လုပ်ကိုင်ကြမလဲ။ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုဟာမျိုးတွေ လုပ်လာနိုင်ပါတယ်။ စက်မှုလက်မှုလုပ်ငန်းတွေလည်း ပါပါလိမ့်မယ်။ ကန်ထရိုက်စနစ်နဲ့ လုပ်တဲ့ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ချန်ထားမယ်လို့ မထင်ပါဘူး။ သတ္တုတူးဖော်ခွင့်တို့၊ သစ်ထုတ်ခွင့်တို့ရော ပါ လာနိုင်ပါသေးတယ်။ ပါတီအကြီးအသေးကိုလိုက်ပြီး စစ်တပ်က မျက်နှာသာပေးရင်ပေးသလို လုပ်ကြမယ်ဆို တာ တွက်ကြည့်လို့ ရပါတယ်။

ဒီနေရာမှာ မေးစရာ မေးခွန်းတွေ ပေါ်လာပါတယ်။ နိုင်ငံရေးပါတီတွေ ပါတီနာမည်ကို အသုံးပြုပြီး “စီးပွားရေး လုပ်ငန်း ထူထောင်သင့်သလား” ၊ “ထူထောင်ခွင့်ကော ရှိသလား” ဆိုတဲ့ မေးခွန်းတွေပါ။

အမေရိကန်နိုင်ငံမှာ အဓိကပါတီကြီး (၂) ခုရှိပါတယ်။ ရီပတ်ဗလီကင်နဲ့ ဒီမိုကရက်ပါတီတို့ ဖြစ်ပါတယ်။ အဆို ပါ နိုင်ငံရေးပါတီကြီး (၂) ခုဟာ ပါတီနာမည်ကို အခြေခံထားတဲ့ ပါတီကို ကိုယ်စားပြုတဲ့ စီးပွားရေးလုပ်ငန်းဆို တာ မလုပ်ကြပါဘူး။ အမေရိကန်ဥပဒေအရလည်း လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါဆိုရင် သူတို့ ပါတီလည်ပတ်ဖို့ ဘယ်က ပိုက်ဆံရသလဲဆိုတာ လေ့လာကြည့်ဖို့ လိုလာပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း အခုဆိုရင် အဓိကပါတီ ကြီး (၃) ခု ရှိလာပါတယ်။ ကွန်ဆာဗေးတစ်ရယ်၊ လေဘာရယ်၊ လစ်ဘရယ်ဒီမိုကရက်တို့ ဖြစ်ကြပါတယ်။ အဲ ဒီ့နိုင်ငံမှာလည်း နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးသာ လုပ်ကိုင်ခွင့်ရပါတယ်။ ပါတီကို မှီပြီး ပါတီနာမည်ခံပြီး စီး ပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာမျိုး လုပ်ခွင့်မရှိပါဘူး။ ဒါဖြင့်ရင် သူတို့လည်း သူတို့ပါတီတွေ လည်ပတ်ဖို့ ဘယ်ကနေ ပိုက်ဆံရသလဲ။

သူတို့ရဲ့ ပါတီဝင်တွေဆီကနေ ပထမအဆင့် နှစ်စဉ် ပါတီကြေး ကောက်ခံရာကနေ အခြေခံပါတယ်။ ပါတီဝင် တဦးချင်းစီက သူတို့ရဲ့ ဓနကြွယ်ဝမှုကို လိုက်ပြီး လှူဒါန်းတာတွေလည်း ရှိပါတယ်။ နောက်တဆင့်ကတော့ ပါတီဝင်မဟုတ်တဲ့ ပါတီကို ထောက်ခံသူများထံကလည်း လှူဒါန်းငွေတွေ ရရှိပါတယ်။ အဲသလို ငွေကြေး အ မြောက်အမြား လှူဒါန်းနိုင်တဲ့သူတွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေက လူတွေ ဖြစ်ပါတယ်။ သူတို့က ဘာဖြစ်လို့ လှူသလဲ။ အတိုင်းအတာတခုအထိ အကျိုးရှိလို့ လှူတာဖြစ်ပါတယ်။ ဘယ်လိုအကျိုးရှိ သလဲဆိုတာ ပြန်ကြည့်ရင် ကိုယ်လှူဒါန်းတဲ့ ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖြစ်ရင် ကိုယ့်ရဲ့စီးပွား ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အာဏာရ အစိုးရက သက်ဆိုင်ရာ ဥပဒေဘောင်အတွင်းကနေ ခွင့်ပြုထားတဲ့ အတိုင်းအတာအရ စီးပွားရေးမျက်နှာသာပေးတာမျိုးကို ရရှိနိုင်လို့ ဖြစ်ပါတယ်။

ဥပမာတခုလောက်ပေးရမယ်ဆိုရင် ကိုယ်ထောက်ခံလှူဒါန်းထားတဲ့ ပါတီက အာဏာရလာပြီ ဆိုပါစို့၊ အဲဒီ့အ စိုးရက ခေါင်းဆောင်တွေ နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါမျိုးမှာ ငွေလှူထားတဲ့ ကုမ္ပဏီတွေက အဆင့်မြင့် အရာရှိတွေကိုပါ အုပ်စုလိုက် ခေါ်ဆောင်သွားပြီး ရောက်တဲ့ နိုင်ငံက အစိုးရတွေနဲ့ စီးပွားရေးလုပ်ကိုင်နိုင် အောင် ဆက်စပ်ပေးပါတယ်။ တဘက်နိုင်ငံက ယုံကြည်လက်ခံပြီး အလုပ်လုပ်ချင်လာအောင် ကြားဝင်ပေးပါ တယ်။ ဒီလိုမျိုး ဆက်စပ်နေတဲ့ လုပ်ငန်းပေါင်းများစွာ ရှိနေပါသေးတယ်။ ဥပမာတခုကိုသာ မြင်သာအောင် တင်ပြခြင်းဖြစ်ပါတယ်။

တခါ အဲသလို စီးပွားရေးအုပ်စုတွေ ပိုပြီး အလုပ်ဖြစ်လာတဲ့အခါမှာ ပိုပြီး ဝင်ငွေများလာပါတယ်။ ဝင်ငွေများ လာတဲ့ အကျိုးဆက်အဖြစ် အစိုးရမှာလည်း အခွန်ငွေတွေ ပိုပြီး ဝင်လာပါတယ်။ အလားတူပါပဲ အဲသလို စီး ပွားရေးအုပ်စုတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံသားတဦးချင်းဆီကလည်း အစိုးရဟာ အခွန်ငွေ တွေ ရရှိပါသေးတယ်။

နောက်တခုကတော့ သမ္မတလောင်း (သို့) ဝန်ကြီးချုပ်လောင်းများက သူတို့ရဲ့ထင်ပေါ်မှုကို ရောင်းချရင်းနဲ့ ပါ တီရန်ပုံငွေကို ရှာဖွေခြင်းဖြစ်ပါတယ်။ ဘယ်လိုတုန်းဆိုတော့ ရီပတ်ဗလီကင်ပါတီက ညစာစားပွဲ တခုကျင်းပ တယ် ဆိုပါစို့။ အဲဒီ့ညစာစားပွဲကို သမ္မတလောင်းကလည်း လာတက်ပါတယ်။ သမ္မတလောင်းကို လူကိုယ် တိုင် တွေ့ဆုံလိုပြီး ညစာစားပွဲကို တက်လိုတဲ့ ငွေကြေးတတ်နိုင်သူများက ညစာစားပွဲတနေရာအတွက် ဒေါ် လာတသောင်း ပေးဝယ်ပြီး (လှူဒါန်းတယ်လို့လည်း ဆိုနိုင်) တက်ရောက်ပါတယ်။ သမ္မတလောင်းနဲ့ ဓာတ်ပုံ တွေ ဘာတွေ တွဲရိုက်ပါတယ်။ ဆိုတော့ကာ အဲသလို ညစာစားပွဲကို လူပေါင်း (၂ဝဝ) လောက် လာတက် တယ်ဆိုရင် ရီပတ်ဗလီကင်ပါတီဟာ တညတည်းနဲ့ ဒေါ်လာ (၂) သန်း ရန်ပုံငွေ ရလိုက်ပါတယ်။ ဒါဟာ ဥပ ဒေဘောင်အတွင်းက ခွင့်ပြုထားတဲ့ ပါတီရန်ပုံငွေ ရှာဖွေတဲ့ နည်းနာပေါင်း မြောက်မြားစွာထဲက တခုနှစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါတယ်။

အထက်က နမူနာပေးထားတဲ့ နိုင်ငံနှစ်နိုင်ငံက ပါတီခေါင်းဆောင်တွေဟာ သူတိုဏ္ဍပါတီကို လူတွေလှူဒါန်း ချင်လာအောင် သူတို့ရဲ့ ခေါင်းဆောင်မှုဟာ ဘယ်လောက်ရိုးသားဖြောင့်မတ်တယ်။ ဘယ်လောက်ထက်မြက် တယ် ဆိုတာတွေအတွက် အမြဲတမ်း ယှဉ်ပြိုင်ပြသနေရပါတယ်။ လူထုအကျိုးအတွက် ဘာတွေလုပ်မယ်၊ ဘယ်ကဏ္ဍတွေကို မြှင့်တင်မယ် ... အစရှိသဖြင့်လည်း စနစ်တကျ တင်ပြနေရပါတယ်။ ပါတီပိုင် စီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုလုပ်မယ်ဆိုတာမျိုးတော့ ပြောသံ တခါမှ မကြားဖူးပါဘူး။

နောက်တခုကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက အကြောင်းကို ပြောလိုပါတယ်။ တချိန် က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဝန်ကြီးချုပ် တပ်စင်ရှီနာဝပ်ဟာ အလွန်အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားကြီး ဖြစ် ပါတယ်။ သူဟာ သန်းကြွယ်သူဌေးအဆင့်ကို ကျော်လွန်ပြီး ကုဋေကြွယ်သူဌေးကြီးအဖြစ် ရောက်ရှိလာသူ လည်း ဖြစ်ပါတယ်။ သူ့ရဲ့ပါတီက “ထိုင်းရပ်ထိုင်း” လို့ ခေါ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ အမေရိကန် လို အင်္ဂလန်လို မရင့်မာသေးပါဘူး။ သို့သော်လည်း ထိုင်းရပ်ထိုင်းပါတီနာမည်နဲ့ တိုက်ရိုက်လုပ်ကိုင်တဲ့ စီးပွား ရေးလုပ်ငန်းဆိုတာ မရှိခဲ့ပါဘူး။ တဘက်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးကိုယ်တိုင်က ဝန်ကြီးချုပ် ဖြစ်နေပြီ ဆိုတော့ ပါတီနာမည်သုံးပြီး စီးပွားရေးလုပ်ဖို့ မလိုတာလည်း ပါကောင်းပါနိုင်တယ်။ သို့သော်လည်း ဥပဒေအ ရတော့ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးပါတီတွေဟာ ပါတီနာမည်သုံးပြီး စီးပွားလုပ်ငန်းတွေ ထူထောင်လို့မရပါ ဘူး။

အခု မြန်မာပြည်က အခြေအနေတွေကို ပြန်ကြည့်လိုက်တော့ ကြံ့ဖွံ့အပါအဝင် ရွေးကောက်ပွဲဝင်ရောက်ခဲ့တဲ့ အခြားသော နိုင်ငံရေးပါတီတွေဟာ မြန်မာနိုင်ငံသားတွေ သက်သာချောင်ချိအောင် ဘယ်လိုဆောင်ရွက်မယ်၊ ပညာရေး, ကျန်းမာရေးကိစ္စတွေ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ လယ်သမားတွေကို ဘယ်လို အကူ အညီပေးမယ် ... စသဖြင့် ဘာတခုမှ မပြောနိုင်ဘဲ ပါတီပိုင် စီးပွားရေးလုပ်ငန်းလုပ်ကြဖို့သာ စိုင်းပြင်းနေတာ ကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။

ဒီအတိုင်းသာဆို နောင်မှာ ဆင်းရဲတဲ့ မြန်မာပြည်မှာ “အလုပ်လိုချင်ရင် ကျုပ်တို့ပါတီကို ဝင်” ဆိုတဲ့ အခြေအ နေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပါတီက တိုင်းပြည်အရေးမလုပ်ဘဲ ပါတီရဲ့စီးပွားရေးသာ လုပ်နေတော့မှာကိုး။ တဘက်မှာ အလုပ်ရှင်သူဌေးဆိုတာလည်း ဒီပါတီခေါင်းဆောင်တွေ၊ အစိုးရဆိုတာလည်း ဒီပါတီခေါင်းဆောင် တွေ ဆိုတာလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် ပါတီတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာဟာ ပါတီအာ ဏာရဖို့အတွက်သာ ဖြစ်နေနိုင်ပြီး အာဏာရလာပြန်ရင်လည်း ပါတီစီးပွားရေး ပိုပြီး ကောင်းသထက်ကောင်း အောင် လုပ်ဦးမှာမို့ လူများစု ပြည်သူတွေ သက်သာချောင်ချိရာ ဖြစ်ဖို့ကတော့ ဝေးနေပါလိမ့်ဦးမယ်။

ပါတီတရပ်ဟာ အစိုးရဖြစ်လာပြီဆိုရင် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်တော်ငွေတွေနဲ့ တိုင်းပြည် အတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရပါတယ်။ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါ ရလာတဲ့ အမြတ်ငွေတွေအပေါ်ကနေ နိုင်ငံတော်အတွက် မှန်မှန်ကန်ကန် အခွန်တော်ငွေ ပေးမပေး ဆိုတာကလည်း နောက်ထပ်မေးရမယ့် မေးခွန်းတခု ဖြစ်လာပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နိုင်ငံရေးပါတီတွေကို အာဏာရ အစိုးရက အဲသလောက် အခွင့်ရေးပေးထားမှ ဟိုပါတီ ဒီပါတီတွေဟာ ငြိမ်နေမှာကိုး။ နို့မဟုတ်ရင် သခွတ်ပင် က မီးတကျည်ကျည်ဖြစ်နေမှာကို အာဏာရအစိုးရကလည်း ဖြစ်ချင်လိမ့်မယ်လို့ မထင်ပါဘူး။ နောက်ဆုံး ပေါင်းလိုက်ရင် အာဏာရပါတီရော၊ အာဏာမရတဲ့ ပါတီ ကြီး ငယ် လတ်တွေကော အားလုံးဟာ ပုလင်းတူ ဘူးဆို့များသာ ဖြစ်ကြပါလိမ့်မယ်။

တကယ်တမ်း ဖြစ်သင့်တာက အမျိုးသားပိုင်၊ တိုင်းရင်းသားပိုင် လုပ်ငန်းကိုင်ငန်းတွေကို ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး လာအောင် အစိုးရလုပ်တဲ့သူက ကူညီရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ဦးမော့လာအောင် လယ်သ မား အစစ်အမှန်တွေကို ကူညီဖို့လည်း လိုပါတယ်။ အစိုးရနဲ့ အလွမ်းသင့်သူတွေကို အခွင့်အရေးတွေ ချပေး နေတာကို ဆိုလိုတာမဟုတ်ပါ။ အစိုးရက ကူညီဖို့ ပျက်ကွက်တယ်ဆိုရင် အဲဒါကို အာဏာမရတဲ့ အတိုက်ခံပါ တီတွေက ထောက်ပြဝေဖန်ရမှာဖြစ်ပါတယ်။ အခုကတော့ အဲသလိုမဟုတ်ဘဲ ပါတီတွေအားလုံးဟာ စားဖား ညီညွတ်ရေးတည်ဆောက်နေသလို ဖြစ်နေပါတယ်။

နိုင်ငံရေးကစားကွက်ကတော့ ဟိုရှေးတုန်းနဲ့ အခုခေတ် အတူတူလို့ ဆိုရမှာပါပဲ။ ၁၉၈၉ က စလို့ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအားလုံးဟာ စီးပွားလုပ်ကိုင်ခွင့်တွေ အများအပြား ရထားပါတယ်။ အဲသလို လုပ်ပိုင်ခွင့်ပေးထားတာကလည်း အပစ်ရပ် ငြိမ်းအဖွဲ့တွေ နားပူနာဆာမလုပ်အောင် ငြိမ်ဆေးကျွေးထားတာ လို့ ဆိုနိုင်ပါတယ်။ အခုလည်း အလားတူပါပဲ။ နိုင်ငံရေးပါတီတွေ ဆူပွက်ဆူပွက်ဖြစ်မလာအောင် အခွင့်အရေး ပေးလိုက်တဲ့သဘော ပါနေသလို နောင်တက်လာမယ့် အာဏာရပါတီအတွက်လည်း ဆက်ပြီး စီးပွားရေးတွေ လုပ်နိုင်အောင် ကြိုတင်ပြီး လမ်းဖွင့်ထားတဲ့ သဘောလို့ ဆိုနိုင်ပါသေးတယ်။ နိုင်ငံသားတွေအတွက် ဖွံ့ဖြိုးတိုး တက်မှု ဆိုတာကတော့ အရိပ်အယောင်တောင် မမြင်ရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ပါဘူး။

ဇော်မင်း
(၄) ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၁ ခုနှစ်

အပြည့်အစုံသို့...

မဲဆောက်မြို့ စီဒီစီ အထက်တန်းကျောင်းတွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

ဓာတ်ပုံ - ကိုလတ် (၅-၁-၂၀၁၁)

အပြည့်အစုံသို့...

Tuesday, January 4, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၁-၂၀၁၀) (လွတ်လပ်ရေးနေ့)

- လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပ click
- ပြည်တွင်းအဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ ကျင်းပ click
- ဝါရင့်နိုင်ငံရေးသမားကြီးများ လွတ်လပ်ရေးနေ့ ကျင်းပ click
- မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် တွံတေးတို့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပ click
- တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က မြန်မာ့လွတ်လပ်ရေးနေ့ (ဓာတ်ပုံ) click
- ပင်လုံစိတ်ဓာတ်ကင်းမဲ့မှု တိုင်းရင်းသားခေါင်းဆောင်တွေ ဝေဖန် click
- ညီညွတ်စွာ တိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း click
- ထိုင်းနယ်စပ် မဲဆောက်မှာ DKBA တပ်သား လက်ပစ်ဗုံးကိုင် ဆန္ဒပြ click
- UN ရုံးရှေ့မှာ လက်ပစ်ဗုံးကိုင် ဆန္ဒပြသူ နောက်ဆုံးမှာ လက်နက်ချ click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး NLD က တဦးချင်း တာဝန်ခွဲယူ click
- NLD က နိုင်ငံရေးအကျဉ်းသား တဦးစီကို ကူညီရန် အစီအစဉ်ချမှတ် click
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအတွက် ကူညီမည့်သူများကို မဲနှိုက်ရွေးချယ်ပွဲ အန်အယ် လ်ဒီရုံးချုပ်တွင် ပြုလုပ် click
- နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်အနက် တဦးကို ရွေးချယ်ပြီး ကူညီကြရန် NLD လှုံ့ဆော် click
- နိုင်ငံရေးအကျဉ်းသားတို့အတွက် ရွှေတိဂုံရင်ပြင်တွင် ၀တ်ပြုဆုတောင်း (ဓာတ်ပုံ) click
- နိုင်ငံရေးအကျဉ်းသားတွေနဲ့ သင့်မိသားစုတွေ မိတ်ဆွေဖွဲ့ကြပါစို့ (ပေးစာ) click
- NLD ၏ ကဗျာစာအုပ်တွင် ကဗျာဆရာများ ၀င်ရောက် အားဖြည့် click
- ကျပ်သိန်း (၂၀၀) ဖိုး ရောင်းရတဲ့ NLD ရဲ့ ဈေးရောင်းပွဲ click
- မဲရုံမှူးများ မဲမသမာလုပ်သည်ဟု စွပ်စွဲခြင်းမှာ မိမိနှင့်မသက်ဆိုင်ကြောင်း ရတပ ရသေ့တောင်အမတ် ဦးလှ မောင်သိန်းက ပြောကြား click
- ခေတ်လူငယ်ဆိုဒ်ကို ဟက်ထား click
- အဟိလွှတ်တော် (သရော်စာ) click
- မစ်ရှီဂန်မှ ပေးသောစာ (၄၈) (အသံလွှင့်ဆောင်းပါး) click
- ကမ္ဘာ့ဂီတ+မေတ္တာစုန်ရေ (အသံလွှင့်ဆောင်းပါး) click
- ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စပြီ click
- ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ထားဝယ်နိုင်ငံရေးသမားနှစ်ဦး၏ မတူညီသည့် အမြင် click
- မြန်မာလူမှုရေးအသင်းတခု နယူးယောက်တွင် ဖွဲ့စည်း click
- ပင်တိုင်ဇာတ်ကောင်ကို ဆွဲရမှာ ပျင်းနေတဲ့ ကာတွန်း ဟန်လေး click
- ၂၀၁၁ နှစ်သစ်ကူးနေ့ ရန်ကုန်မြို့မြင်ကွင်း (ဓာတ်ပုံ) click
- တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ) click
- စင်္ကာပူရောက်မြန်မာများ တစ်သုံးလုံးအဖွဲ့နှင့် ကုသိုလ်ဖြစ်ဘုရားဖူး၊ လူ (၅၀၀) ကျော်ဖြင့် စည်ကား click
- ဘုရားပွဲနဲ့ တူတဲ့ ဗိုလ်တထောင်ဘုရားပွဲ (ဓာတ်ပုံသတင်း) click
- တိုရန်တို မဟာဓမ္မိကကျောင်း နှစ်သစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ (ဓာတ်ပုံ) click
- ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး လုပ်ကြံခံရ click
- အိုင်ဗရီကို့စ် အာဏာခွဲဝေရေး အာဖရိကသမဂ္ဂ လက်မခံ click
- အုပ်ချုပ်ရေးမှူးဟောင်း အာနိုးနဲ့ ရုရှားဝန်ကြီးချုပ် Twitter နဲ့ ချိန်း click
- မြန်မာ့အရေး ကုလဝင်ရန် ဗုံးကိုင်ဆန္ဒပြသူ အဖမ်းခံရ click
- DKBA တဦး ဗုံးကိုင်ပြီး မဲဆောက်တွင် ဆန္ဒပြ click
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ click
- လက်ပစ်ဗုံး (၂) လုံးနှင့် ဆန္ဒပြသူကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးသွား click
- မဲဆောက် UN ရုံးရှေ့တွင် လက်ပစ်ဗုံး (၂) လုံးဖြင့် ဆန္ဒပြနေသူ လက်နက်ချ အဖမ်းခံ click
- မဲဆောက်မြို့ UN ရုံးရှေ့တွင် လာရောက်ဆန္ဒပြသည့် DKBA အဖွဲ့ဝင်တဦး ဖမ်းဆီးထိန်းသိမ်းခံရ click
- နအဖတပ်သားတဦး ဒီကေဘီအေထံ ထပ်မံလက်နက်ချ click
- ထောင်သားများ ပါဝင်သည့် စစ်ကားများ နယ်စပ်ဘက် ရောက်လာ click
- NLD ရုံးချုပ်မှာ လွတ်လပ်ရေးနေ့ ကျင်းပ click
- စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေး အနှစ်သာရ အပြည့်အ၀ မခံစားနိုင်ကြသေး click
- ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ click
- လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲ (ဓာတ်ပုံသတင်း) click
- NLD လွတ်လပ်ရေးနေ့ အခမ်းအနား (၂၀၁၁) (ရုပ်သံ) click
- (၆၃) နှစ်မြောက် လွတ်လပ်ရေနေ့အခမ်းအနား NLD ရုံးချုပ်မှာ ကျင်းပ (ရုပ်သံ) click
- NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း (၂၀၀) ကျော်ဖိုး ရောင်းရ click
- NLD ဈေးရောင်းပွဲတွင် တရက် ကျပ်သိန်း (၅၀) ကျော် ရောင်းရ click
- စေတနာနှင့် ရောင်းသော ဈေး (ဆောင်းပါး) click
- နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် နအဖစစ်အစိုးရ ကို တောင်းဆို click
- နိုင်ငံရေးအကျဉ်းသား ကူညီရမည့်သူကို အန်အယ်လ်ဒီ မဲနှိုက်ရွေးချယ် click
- ဒီမိုကရေစီအရေးလှုပ်ရှားသူများက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆို click
- တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၆၆) ဦး နိုင်ငံရေးသင်တန်း တက်ရမည် click
- နေပြည်တော် လူပျက်အဖွဲ့ (ဓာတ်ပုံ) click
- ရခိုင်ပြည်နယ်တွင် ကြံ့ဖွံ့က အနိုင်ရ RNDP ပါတီကို တရားစွဲ click
- ကြံ့ခိုင်ရေးကိုယ်စားလှယ်များ၏ အသုံးစရိတ်များကို ကြပ်မတ်စစ်ဆေးရန် ကိုယ်စားလှယ်လောင်းအချို့ တောင်းဆို click
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအမတ်ကို ကြံ့ဖွံ့အမတ်လောင်း ကန့်ကွက် click
- ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ဒေါ်ချိုချိုကျော်ငြိမ်း ဆွဲချက်တင်ပြီ click
- စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ လျှော့ပေါ့ပေးရန် နိုင်ငံရေးပါတီသစ်များ တောင်းဆို click
“၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)
- ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ click
- နေပြည်တော် စားသောက်ဆိုင်များ ည (၉) နာရီ ပိတ်ရန် အမိန့်ထုတ် click
- တရုတ်ကို အလည်သွားသည့် မူစယ်က အမျိုးသမီး (၂) ဦး ယာဉ်တိုက် သေဆုံး click
- မူစယ်ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက်ဝန်ထမ်းများကို ဆဲဆို ထိုးကြိတ် click
- ဒေါ်လာဈေးကျ၊ ပြည်ပပို့ကုန်လုပ်ငန်းများ အရှုံးပေါ် ရပ်ဆိုင်း click
- နေကြာ အဓမ္မစိုက်ရသဖြင့် တောင်သူများ စိတ်ပျက် click
- ကချင်ပြည်နယ်နေ့ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်ကျင်းပနေ click
- လူငယ်များရဲ့ ဆောင်းရာသီ တရားစခန်း click
- အဖြေရှာလို့မရသေးတဲ့ ပုစ္ဆာ (ဆောင်းပါး) click
- ခဲတူးဖော်ခြင်းရဲ့ နောက်ဆက်တွဲ (ဆောင်းပါး) click
- အိုင်ဗရီကို့စ် သမ္မတကို လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်း click
- တောင်ပိုင်းဆူဒန် ခွဲထွက်ရေး အများစု မဲပေးနိုင် click
- နျူကလီးယားလုပ်ငန်းတွေ လေ့လာဖို့ သံတမန်တွေကို အီရန် ဖိတ်ကြား click
- ရှေးဘိုးဘွားဘီဘင်တို့ရဲ့ သက်ရောက်မှု click

အပြည့်အစုံသို့...

ဗမာပြည်နိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ မဲဆောက် UN ရုံးရှေ့မှာ လက် ပစ်ဗုံး ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆို (ရုပ်သံ)

ရုပ်သံ - နေ့သစ်မီဒီယာ

အပြည့်အစုံသို့...

ဈေးချိုတဲ့ လက်ဆောင်

ဈေးချိုတဲ့ လက်ဆောင်
မောင်လွမ်းဏီ

လွတ်လပ်ခြင်းနေ့မှာ
မွေးကင်းသန့်စင်ခဲ့တမူ
ချစ်သူများတယ်၊ ရန်သူမှိုလို။

အညှီအဟောက်နဲ့ စီဘောက်
အနီအမောက်နဲ့ စီဘောက်
အတည်အခြောက်နဲ့ စီဘောက်
အကြည်အနောက်နဲ့ စီဘောက်
ဒီဘလောက်ဂ်ကို ရွံမုန်းကြ
အပီငေါက်ကြ
ရီလောက်တာတွေပဲ တွေ့မှာပါ။

တွေးဖော် ရေးဖော်၊ ဆွေးဖော် နွေးဖော်
ဆိုဖော် ပျော်ဖော်၊ ငြင်းဖော် ခုန်ဖော်
တိုက်ဖော် တိုက်ဖက်၊ သောက်ဖော် စားဖက်
မနက်ဖန်လည်း ကာရန်တောမှာ မောဦးမှာ။

ဆရာလွဏ်းရေ …
မွေးနေ့မွန်မြတ်၊ လွတ်လပ်ချိန်ခါ
ကဗျာတပွင့်၊ သင့်ထံပို့အပ်
ရန်ငါပြတ်သားနိုင်စေသတည်း။ ။

မောင်လွမ်းဏီ
၂-၁-၁၁

ဆရာလွမ်းခင်ဗျား ...

မွေးနေ့လက်ဆောင်ကဗျာ အမှတ်တရ ရေးသားပေးပို့တဲ့အတွက် ကျေးဇူးလည်းတင် ၀မ်းလည်းမြောက်မိပါ တယ်။ ဒါပေမယ့် ဆရာရေ ... ကဗျာကို ဖတ်ပြီး ‘စီဘောက်ကို အပီကြောက်’ သူတွေထဲမှာ ကိုယ့်ဆရာလည်း ပါနေလေရော့သလားလို့ တွေးပူနေမိပါရဲ့။ ဆရာရဲ့ တွေးဖော် ရေးဖော်၊ ဆွေးဖော် နွေးဖော်၊ ဆိုဖော် ပျော် ဖော်၊ ငြင်းဖော် ခုန်ဖော်၊ တိုက်ဖော် တိုက်ဖက်၊ သောက်ဖော် စားဖက် ဒေါက်တာလွဏ်းဆွေကတော့ ရန်ငါ ပြတ်သားသလား သတိပေးစရာ မလိုအောင်ပါပဲဆရာ။ မြန်မာပြည်သူကို နှိပ်စက်ကလူ ပြုမူနေတဲ့ စစ်အုပ်စုဆို အသည်းနာ အသံပါ မကြားချင်လို့ ရောဂါရချင်ရပါစေ၊ ရေတောင်မှ ‘စစ်’ ပြီး သောက်တဲ့သူ မဟုတ်ပါခင်ဗျား (မယုံရင် အိမ်လည်လာတဲ့အခါ ဘုံဘိုင်ကလာတဲ့ ရေပဲ တိုက်ရိုက်ခံပြီး ဆရာ့ကို တိုက်ပါ့မယ်။ ဖြစ်ချင်ရာ ဖြစ်ပေါ့ ... ‘ဟဲ ဟဲ’ )။ အဲဒါကြောင့် ကဗျာရဲ့ “ရန်ငါပြတ်သားနိုင်စေသတည်း” ဆိုတဲ့ နောက်ဆုံးစာကြောင်းကို ဟက်ပီးနယူးရီးယားညမှာ သားတော်မောင် အောင်ကျော်ဇာဏီအပေါ် ရန်သူလို ရှုမြင်ဆက်ဆံခဲ့တဲ့ ဖေဖေ မောင်လွမ်းဏီနဲ့ “ကြံ့ဖွံ့နဲ့လည်း ကျမတို့ ဘာဖြစ်လို့ တွဲပြီး မလုပ်နိုင်ရမှာလဲ” လို့ တွေ့ဆုံပွဲတခုမှာ ပြောခဲ့တဲ့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ထံကိုပဲ ဖော်ဝပ်လုပ်လိုက်ပါရစေလား ဆရာ (ဒါလည်း ဒုတိယမ္ပိ ‘ဟဲ ဟဲ’ ပါနော်)။

ချစ်ခင်လေးစားစွာ ...
ဒေါက်တာလွဏ်းဆွေ
(၄၁ နှစ်ပြည့် မွေးနေ့အမှတ်ရ ...)

Arakan Review သတင်းဌာနမှ ရခိုင်ညီလေးများခင်ဗျား ...

မွေးနေ့ဆုတောင်း တကူးတက ပေးပို့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
Arakan Review သတင်းဌာနမှ ရခိုင်ညီလေးများ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခင်ရင်းနှီးစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

မပြီးသေးတဲ့ အိပ်မက်

မင်္ဂလာပါ ကိုလွဏ်းဆွေရေ …

မွေးနေ့လက်ဆောင်အဖြစ် အခု တဂိုးရဲ့ကဗျာတွေထဲက ကဗျာတပုဒ်ကို ကူးရေးပေးလိုက်ပါတယ်။ ဒီကဗျာက ဒီလထုတ် ရနံ့သစ်မဂ္ဂဇင်းထဲမှာပါတဲ့ တဂိုးရဲ့ ‘မပြီးသေးတဲ့ အိပ်မက်’ ဆိုတဲ့ ဆောင်းပါးထဲကပါ။ သူ့ရဲ့ကဗျာ ကို ဘင်္ဂါလီလို ရေးထားပြီး အင်္ဂလိပ်လို ဘာသာပြန်ထားပါတယ်။ အဲဒါကို ဆရာဇော်ဂျီက မြန်မာလို ပြန်ပေး ထားတာပါ။ တဂိုးရဲ့ ဂီတဉ္စလီ (Gitanjali) ပုဒ်ရေ (၃၅) ပုဒ်မြောက် ကဗျာပါ။

Where the mind is without fear and the head held high;
Where knowledge is free;
Where the world has not been broken up into fragments by narrow domestic walls;
Where words come out from the depth of truth;
Where tireless striving stretches its arms towards perfection;
Where the clear stream of reason has not lost its way into the dreary desert sand of dead habit;
Where the mind is led forward by the into ever widening thought and action;
Into that heaven of freedom,
My father, let my country awake.

(Rabindranath Tagore )

မြန်မာပြန်

အကြင်အရပ်၌ စိတ်သည်
ကြောက်ရွံ့ခြင်းကင်း၏။
ဦးခေါင်းကို မော့၍ မော်ထားနိုင်၏။
အကြင်အရပ်၌ အသိညာရှာရာတွင်
အတားအဆီးမရှိ လွတ်လပ်၏။
အကြင်အရပ်၌ ကိုယ့်အချင်းချင်း
မကြင်မနာ ကျဉ်းမြောင်းသော
တံတိုင်းအကာအရံတို့ဖြင့်
ကမ္ဘာလောကကို
အစိတ်စိတ် အမြွာမြွာဖြစ်အောင်
ခွဲခြားထားခြင်းလည်းမရှိ။
အကြင်အရပ်၌ မှန်သောစကားကိုသာ
ဆိုကြ၏။
အကြင်အရပ်၌ မလျော့တက်ကြွ
ဇွဲလုံ့လသည် အပြီးအမြောက်
အကောင်းအမွန်သို့ရောက်အောင်
တက်လှမ်းချီတက်လျက်ရှိ၏။
အကြင်အရပ်၌ သတိသမ္ပဇဉ်
စမ်းရေကြည်သည်
ဓလေ့ကောင်းညှိုးမှိန်စွာ
ခြောက်သွေ့သော သဲကန္တာရ၌
လမ်းစမပျောက်ဘဲနေသေး၏။
အကြင်အရပ်၌ အမြဲသဖြင့်
တွေးခေါ် ကျယ်ပြန့် မျှတယူဆ
ပြုမူကြအောင် အဖသခင် ကျေးဇူးရှင်သည်
သူခပ်သိမ်းကို ဦးဆောင်လျက်ရှိ၏။
အဖသခင် ကျေးဇူးရှင် ... ထိုအရပ်၌
ကျွန်ုပ်၏ နိုင်ငံတော်သည်
နိုးထ ပွင့်လမ်းပါစေသတည်း။ ။

ကျန်းမာပျော်ရွှင်အောင်မြင်ပါစေ …

ခင်မင်စွာဖြင့် …
ကြည်ကြည်လွင်
ရန်ကုန်မြို့။

မကြည်ကြည်လွင်ခင်ဗျား ...

မွေးနေ့လက်ဆောင် ပေးပို့တဲ့အတွက်ရော ကဗျာကို ထပ်ဆင့်မျှဝေခွင့်ရတဲ့အတွက်ပါ ကျေးဇူးအထူးတင်ပါ တယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။

ခင်မင်လေးစားစွာ ...
ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...