Sunday, November 20, 2011

မိုးအေး (DVB) တင်ဆက်သည့် “ငြိမ်းချမ်းရေး လိုအပ်နေတဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေအတွက် သမိုင်းသင်ခန်းစာတခု”

ရန်သူတော်နဲ့ ငြိမ်းချမ်းရေးလုပ်ရတာဟာ စစ်မြေပြင်က တိုက်ပွဲတွေထက် ပိုကြမ်းတမ်းခက်ထန်တယ်။ ရန်သူ နဲ့ မိတ်ဆွေဖြစ်အောင် ငြိမ်းချမ်းရေးစကားဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြောရတဲ့အရာဟာ ဘ၀မှာ အခက်အခဲ ဆုံးအရာ …။ ဒါပေမယ့် ရန်သူလို ရင်ဆိုင်ခဲ့ရသူနဲ့ လက်ဆွဲနှုတ်ဆက်ရချိန်မှာ ခံစားရတဲ့ ပီတိဟာ ဘ၀မှာ အ ချိုမြိန်ဆုံးနဲ့ အရသာအရှိဆုံး အရာပါလို့ ပြောခဲ့ကြသူတွေဟာ အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရစ် ဇက်ရာဘင်၊ အီဂျစ်သမ္မတ အန်န၀ါဆတ်ဒတ်တို့ ဖြစ်ပါတယ်။ တဘက်နဲ့ တဘက် အပြုတ်မချနိုင်တဲ့အတူတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တာပဲ ကောင်းပါတယ်ဆိုတဲ့ မူနဲ့ ငြိမ်းချမ်းရေးရှာဖွေခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေကနေ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်လာကြသူတွေ ...၊ စစ်မြေပြင်မှာ ကျည်မခခဲ့တဲ့ တပ်မှူး ကောင်း စစ်ဦးစီးချုပ်ကောင်း နှစ်ယောက်လုံး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးစားချိန်ကျမှပဲ သစ္စာဖောက် တွေအဖြစ် စွပ်စွဲခံခဲ့ရပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံရေးလေ့လာသူ တွေကြားမှာ ဒီကနေ့ထိ ဆွေးနွေးငြင်းခုန် အဖြေထုတ်နေကြဆဲပါ။ ငြိမ်းချမ်းရေးလိုအပ်နေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေအတွက် သမိုင်းသင်ခန်းစာတခုအဖြစ် ချန်ထားခဲ့တဲ့ ဖြစ်ရပ်ကို ဒီတ ပတ် နိုဝင်ဘာ ၁၉ ရက် အစီအစဉ်အတွက် ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)

No comments: