Sunday, August 21, 2011

ရယ်ရတဲ့ အလွမ်းသီချင်း

မြားကြီး

မြားကြီးတို့ မြန်မာနိုင်ငံကို စစ်အာဏာရူးတွေ အုပ်ချုပ်ခဲ့တဲ့ အချိန်ကစပြီး အ ကောင်းကို ရှာကြည့်မိပါတယ်။ ဒါပေမယ့် ဘယ်ကဏ္ဍကိုပဲ ကြည့်ကြည့် အ ကောင်းကို တစက်မှ မတွေ့ရတော့ “အကောင်းမရှိ ပြည်ကြီးပြန်သွားပြီ ကွယ်” လို့သာ ပြောရမလို ဖြစ်နေပါတယ်။ ပညာရေးဆိုလည်း တက္ကသိုလ် ဗြုတ်စဗြင်းတောင်းတွေသာ ပေါလာပြီး အဆင့်မမီတဲ့ ဘွဲ့ရ ပညာမတတ်တွေ သာပေါများလို့လာရဲ့။ အများစု ကျောင်းသားတွေကလည်း တက္ကသိုလ်မှာ ပ ညာသင်တာ ဘာမှ မတတ်မှန်း သိကြပေမယ့် ဧည့်ခန်းမှာ အလှချိတ်ဖို့ ဓာတ် ပုံတပုံရရင်ပြီးရော ဆိုပြီး ငွေကုန်ခံ တက်နေကြတာပါ။ ကျန်းမာရေးဆိုလည်း အစိုးရဆေးရုံ ဆေးခန်းတွေကို အားကိုးပြီး ပြေးသွားရင် ဆရာဝန်ရယ်၊ သူနာ ပြုရယ်၊ ကုတင်ရယ်ပဲတွေ့ရမှာပါ။ အားလုံး ကိုယ့်ငွေနဲ့ကိုယ် အပြင်က အကုန် ၀ယ်ပြီး ကုသနေကြရတာပါ။ စီးပွားရေးမှာဆိုလည်း အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းက အဆမတန် ကြီးမားနေတော့ ‘ကြာလေလေ ခိုင်မြဲလေလေ’ အစား ‘ကြာလေလေ ဗိုက်မှောက်ရလေလေ’ ဆိုပြီး အဆိုတော် မျိုးမြင့်လေး တောင် သူ့သီချင်းကို စာသားပြောင်းဆိုရမယ့်ကိန်းဆိုက်နေပါပြီ။

အဲဒီလိုပြောလို့ မြားကြီးကို အဆိုးမြင်ဝါဒီဆိုပြီး ဆန့်ကျင်ကြရင်လည်း ခံလိုက်ရုံပဲ ရှိတာပ။ အကောင်းမှ မရှိတဲ့ ဟာကိုး။ ဟာ … ကောင်းတာရှိပါတယ်ဗျ၊ သူတို့ တံတားတွေ ဆောက်၊ လမ်းတွေ ဖောက် လုပ်နေတာကောလို့ ပြောလာရင်လည်း အဲဒီလို ငွေသုံး၊ ငွေဖြုန်းတဲ့ အလုပ်လောက်တော့ ကလေးရော ခွေးပါ လုပ်တတ်တဲ့အ ကြောင်း မြားကြီး ပြန်ပြောမိမှာပါပဲ။ ငွေမရှာတတ်ဘဲ အဲဒီလို ငွေသုံးတဲ့ အလုပ်တွေကို တော်ရမ်းလျှောက်လုပ် နေလို့ ငွေစက္ကူတွေ အဆမတန် ရိုက်ထုတ်နေရပြီး ငွေကြေးဖောင်းပွမှုတွေ အကြီးအကျယ် ဖြစ်နေရတာပေါ့။ အစိုးရတရပ်ရဲ့ အဓိကတာဝန်က တိုင်းသူ ပြည်သားအားလုံးကို စားဝတ်နေရေး ချောင်လည်စေပြီး အေးအေး ချမ်းချမ်း နေနိုင်အောင် ဖန်တီးပေးဖို့ပဲ မဟုတ်လားလေ။ အဲဒီလို လုပ်မပေးနိုင်ဘဲ နိုင်ငံတော်ကြီး တိုးတက်နေ ပါတယ်လို့ လိပ်ခေါင်းထွက်မတတ် အော်ဟစ်နေတဲ့ စစ်အုပ်စုရဲ့ ကီးကြောင်သံစဉ်တွေကို နားကလောမိတာ မြားကြီးအပြစ်လားခင်ဗျာ။

အဲ စစ်အုပ်စုလက်ထက်မှာ အဲဒီလို အဘက်ဘက်က ဆုတ်ယုတ်ရုံတင်ပဲလား ဆိုတော့ မကသေးပါဘူး။ အနု ပညာလောကမှာလည်း အသစ်သစ်သော ဖန်းတီးမှုတွေ မတွေ့ရသလောက် ရှားပါးသွားခဲ့ပါတယ်။ စာအုပ်ဆို ရင်လည်း အရင်တုန်းက စာအုပ်အဟောင်းတွေကိုပဲ ပြန်ထုတ်ကြ၊ ရုပ်ရှင်ဆိုလည်း အရင်တုန်းက ရုပ်ရှင်တွေ ကိုပဲ ပြန်ရိုက်ကြ၊ ဂီတလောကမှာဆိုရင်လည်း အရင်တုန်းက သီချင်းအဟောင်းတွေကိုပဲ ဖွတ်ဖွတ်ညက်ညက် ကြေအောင် ပြန်ဆိုကြနဲ့ အဟောင်းသံသရာထဲမှာပဲ ၀ဲလည်နေကြတယ်။ စစ်အုပ်စုဟာ လူတွေကို အရည်အ ချင်းတွေ နိမ့်ကျကုန်အောင် ဖျက်ဆီးပစ်တယ်လို့ပဲ မြားကြီတော့ စွပ်စွဲချင်ရဲ့။ ဂီတလောကမှာဆိုရင် သီချင်း အဟောင်းတွေကို ပြန်ဆိုရုံတင်မကဘဲ ယောင်္ကျားအဆိုတော် ဆိုခဲ့တဲ့ သီချင်းကို မိန်းမအဆိုတော်က ပြန်ဆို၊ မိန်းမအဆိုတော် ဆိုခဲ့တဲ့ သီချင်းကို ယောင်္ကျားအဆိုတော်က ပြန်ဆိုနဲ့ မူရင်းအဆိုတော် ဘယ်သူမှန်း မသိ အောင် ဖြစ်နေရပါတော့တယ်။ ပြန်ဆိုတဲ့အခါမှာ ‘မောင်’ နေရာမှာ ‘မ’၊ ‘ခင်’ နေရာမှာ ‘ကို’ စသဖြင့် နာမ်စား ပြောင်းပြီး သီဆိုကြတာပေါ့လေ။

တခါသားမှာ နာမ်စားအပြောင်းလွန်လို့ ဟာသဖြစ်ခဲ့ရပုံလေးကို မြားကြီး ပြောပြချင်မိတယ်။ မြားကြီးတို့မြို့မှာ ၀ါတွင်းတို့၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်တို့မှာ အလှူခံထွက်ရင် ဖျော်ဖြေတဲ့ ရပ်ကွက်တီးဝိုင်းလေးတွေရှိ တယ်။ သူတို့က အမိုးပါတဲ့ လက်တွန်းလှည်းကြီးပေါ် ဒရမ်တွေ၊ ဆိုင်းတွေ၊ အော်ဂင်တွေ တင်ပြီး မြို့အနှံ့ လှည့်လည်ဖျော်ဖြေကြတယ်။ တရက်မှာတော့ တီးဝိုင်းတ၀ိုင်းက မြားကြီးတို့နေတဲ့ လမ်းထောင့်မှာရပ်ပြီး ဖျော် ဖြေဖို့ စိုင်းပြင်းနေလေရဲ့။ အဆင့်သင့် ဖြစ်တဲ့အခါကျတော့ အစီအစဉ် ကြေညာသူက စတင် ကြေညာပါတော့ တယ်။ သူ ကြေညာတာကို နားထောင်ပြီး အိမ်ရှေ့ထွက် တံမြက်စည်း လှည်းနေတဲ့ မြားကြီး အပါအ၀င် ရပ် ကွက်ထဲက လူအတော်များများ ၀ါးလုံးကွဲ ရယ်မိကြပါတော့တယ်။ သူကြေညာလိုက်ပုံက “အခု ပထမဆုံးအ နေနဲ့ ဂီတမှူး ကိုကိုဝင်းက ‘မောင့်ကွက်ကိုရှာ’ သီချင်းနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်ခင်ဗျာ” တဲ့။ သီဆိုတဲ့အခါမှာ လည်း အဆိုတော် ကိုကိုဝင်းက “မောင့်ကွက်ကို ရှာ … ရှာသူ မေရယ်” ဆိုပြီး ဖီလင်အပြည့်နဲ့ ဟဲနေလို့ သီ ချင်းမပြီးမချင်း တ၀ါးဝါး ဖြစ်နေခဲ့ရလေရဲ့။ ကြည့်ရတာ သီဆိုသူက အဆိုတော် မာမာအေးရဲ့ ‘မေ့ကွက်ကိုရှာ’ သီချင်းကို ယောင်္ကျားအနေနဲ့ ပြန်ဆိုမှာဆိုတော့ နာမ်စားပြောင်းရမယ်ထင်ပြီး ‘မေ’ အစား ‘မောင်’ လို့ ပြောင်း ဆိုခဲ့ဟန်တူရဲ့။

သီချင်းလည်းဆုံးရော တီးဝိုင်းဘေးမှာ နားထောင်နေတဲ့ လူအုပ်ထဲက ထွက်ပေါ်လာတဲ့ အသံကို ကြားရပြီး ထပ်ဆင့်ရယ်မောကုန်ကြရဲ့။ ထွက်ပေါ်လာတဲ့ ပရိသတ်ရဲ့အသံက “မောင့်ကွက်ကို ပေါင်မှာ ရှာရမှာလားဗျို့” တဲ့။ တီးဝိုင်းအဖွဲ့သားတွေကတော့ သူတို့အမှားကို သိပုံမပေါ်။ တပုဒ်ပြီး တပုဒ်သာ ဆက်ဟဲလို့နေလေရဲ့။ အ လွမ်းသီချင်း နားထောင်ပြီး ရယ်ခဲ့ရပုံများပြောပါတယ်။ တော်တော်ဟားရတဲ့ ခေတ်ကာလကြီးပါလားနော်။

မြားကြီး

4 comments:

Mya Mya Maw said...

It is true.
They distroy our country in all.

Kyaw Lu Thar said...

>>> Snow Rain-Lover

ဘယ်နိုင်ငံက Diploma စာတွေကို မြန်မာနိုင်ငံက ၁၀ တန်းမှာချသင်ပေးတာလဲ?
ဆိုမာလီးယား တို့၊ ဆူဒန် တို့ကလား :D

မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာသင်တဲ့ စာတွေက အဆင့်မြင့်တယ်လို့ တွေ့ကရာလူ လျှောက်လျှောက် ပြောမနေနဲ့ … တော်ကြာနေ မင်းစာသင်နေတယ်ဆိုတဲ့ နိုင်ငံကမင့်းပထွေးတွေက ဒီကောင်လေးတော့ သွပ်ချောင်ချောင် ဖြစ်နေပြီဆိုပြီး မြန်မာနိုင်ငံက မင်းပထွေးတွေကို လှမ်းအကြောင်းကြားလိုက်လို့ အရာရှိမဖြစ်လိုက်ရဘဲ အရူးထောင်ရောက်နေဦးမယ် ;-P

Kyaw Lu Thar said...

ဟုတ်တယ်နော် ... သိပ်ဆိုးတာပဲနော် ... မှားပါတယ်နော် ... အစိုးရက သိပ်ကောင်းတာပဲနော် ... ဘာတွေမှန်းလဲမသိဘူးနော် ...

Snow Rain-Lover said...

ရေးမိတာမှားတယ်