Wednesday, October 7, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁၀-၀၉)

- တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်အစိုးရအပေါ် အယုံအကြည်မရှိ လှုပ်ရှားပြင်ဆင်နေ click
- ဂျပန်သံမှူး ဖိတ်ခေါ်မှုသည် နိုင်ငံရေးအဓိပ္ပာယ်ပြောင်းလဲမှုဟု ဦးဝင်းတင် ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည် တပတ်အတွင်း ဒုတိယအကြိမ်တွေ့ click
- စစ်အစိုးရဆက်ဆံရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ထပ်တွေ့ click
- မြန်မာစစ်အစိုးရ အထီးကျန်ဘ၀က လွတ်လို click
- အမျိုးသားပြန်လည်သင့်မြတ်ရေး စစ်အစိုးရ အမှန်တကယ် လုပ်ချင်ပါသလား (မျက်မှောက်ရေးရာ) click
- နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းမှု အောက်တိုဘာလကုန်မှာ အပြီးသတ်ဖို့ ညွှန်ကြား click
- နယ်စပ်စည်းရိုးကာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အခြေအနေ တင်းမာလာ click
- ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် လုံခြုံရေးတပ်များ တိုးမြှင့်ချထား click
- မြန်မာ့အရေးမူဝါဒ ပြန်လည်သုံးသပ်ဖို့ သြစတြေးလျကို တိုက်တွန်း click
- တရားဝင် မြန်မာအလုပ်သမားအများအပြား မလေးရှားအကျဉ်းစခန်းတွေမှာ ပြန်လမ်းမဲ့ဆဲ click
- မလေးရှားက မြန်မာအလုပ်သမား (၂၀၀) ခန့် ပြန်ပို့ခံရ click
- အေအေပီပီမှ ကိုဘိုကြည် လူ့အခွင့်အရေးဆု ထပ်မံရရှိ click
- AAPPB တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် လူ့အခွင့်အရေး စောင့်ကြည့်ရေးဆု ချီးမြှင့်ခံရ click
- ကိုဘိုကြည် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ click
- ကိုညီညီအောင်ကို တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆို click
- ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ရန် တိုင်းရင်းသားခေါင်းဆောင်ဟု ဆိုသူ (၃) ဦး ၀ါရှင်တန်သို့ ရောက်ရှိ click
- ဆိုင်ကယ်လုယက်မှု ပိုများလာပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရ click
- ကလေးမြို့တွင် မိုးသည်းထန်စွာရွာပြီး ရေကြီး click
- မိုးမပြတ်ရွာသဖြင့် စစ်ကိုင်းတိုင်း ကျေးရွာများ ရေဘေးသင့် click
- မြစ်ရေကြီးမှုကြောင့် ကလေးမြို့နယ်တွင် ရေဘေးဒုက္ခ ကြုံနေရ click
- မြစ်သာမြစ်ရေ မြင့်မှုကြောင့် ဒေသခံများ အခက်တွေ့ click
- အောင်လံမြို့နယ် လယ်သမားအမှုတွဲတွင် လယ်သမားတဦး ထပ်မံတရားစွဲခံရ click
- မရောက်သေးသည့် နွေစပါးစိုက်ရာသီအတွက် လယ်သမားများ ငွေပေးနေရ click
- မြန်မာ့သဘာဝတောရိုင်းထဲရှိ ကျားကောင်ရေ လျော့နည်းလာနေ click
- မြန်မာမိသားစု အသိုင်းအ၀ိုင်း သတင်းများ click
- အာဆီယံ အမျိုးသမီးဘောလုံးပွဲပြိုင်ပွဲ မြန်မာပြည်တွင် ကျင်းပမည် click
- သမ္မတအိုဘားမား အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ ပြန်လည်သုံးသပ် click
- တိုကျိုမြို့ကို ဖြတ်သန်းတိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း click
- ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၃၁) (ဆောင်းပါး) click
- တေလေညရဲ့ မီးလျှံများ (ဆောင်းပါး) click
- Aung San Suu Kyi Meets With Burmese Government Minister click
- Tension mounts on Bangladesh border click
- Talks with Burma are no laughing matter click
- Pay Attention To Burma click
- Marion Cotillard Calls for Aung San Suu Ky’s Release click
- Myanmar-American To Get Suu Kyi Lawyers click
- Myanmar, DPRK to play women's soccer friendly click
- Myanmar's Hukuang reserve has less than 100 tigers click
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ယနေ့ ထပ်မံတွေ့ဆုံ click
- ဂျပန်သံရုံးအတွင်းဝန်နှင့် ဦးဝင်းတင် တွေ့ဆုံ click
- မဲပေးဖို့ နီးလာလို့ မြန်မာနယ်စပ်မှာ တိုက်ခိုက်မှုတွေ ပိုများလာဖို့ရှိ click
- အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ် click
- နယ်စပ်တိုက်ပွဲဖြစ်လာပါက ၀ ဒုက္ခသည်များကို ထိုင်း လက်ခံမည် click
- မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် အခြေအနေ တဖြည်းဖြည်း ပိုမိုတင်းမာလာ click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဧရာဝတီခရီးစဉ် ရွှေ့ဆိုင်း click
- ထိုင်း-မြန်မာနယ်စပ် အထူးစီးပွားရေးဒေသ တည်ဆောက်ရေး ကက်ဘိနက် အတည်ပြု click
- မြန်မာမှ အမေရိကန်ကုမ္ပဏီကို သတိပေး click
- တိုင်းရင်းသားလူမျိုးများကောင်စီ ထုတ်ပြန်ချက် ကေအန်ယူ ကန့်ကွက် click
- တိုင်းရင်းသားလူမျိုးများကောင်စီ၏ ပေးစာ ပြည်တွင်းတိုင်းရင်းသားပါတီများနှင့် ဆန့်ကျင် click
- ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားသူ NLD လူငယ်တာဝန်ခံတဦး နယ်စပ်သို့ ရောက်ရှိ click
- ကနေဒါရှိ တိုင်းရင်းသားလူမျိုးများရဲ့ ညီလာခံ ကျင်းပပြုလုပ်ခဲ့ click
- အသစ်ထုတ်သည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူ ပြည်သူများအကြား မပျံ့နှံ့သေး click
- လူသားအရင်းအမြစ်တိုးတက်မှု အဆင့် (၁၃၈) မှာရှိတဲ့ မြန်မာနိုင်ငံ click
- အဆိုတော် တက္ကသိုလ်ထွန်းနောင် ကွယ်လွန် click
- ဒီအယူခံကို ပယ်လိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ် (ဆောင်းပါး) click
- ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး (ရဲဘော်ဖိုးသံချောင်းနှင့် အင်တာဗျူး) click
- ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ပြုတ်ဖို့ ကူညီပါရစေ (ထွေရာလေးပါး) click
- တောင့်တသော ရင်ထဲက ညီညွတ်ရေး (ဆောင်းပါး) click
- အတိဒုက္ခရောက်နေသူတွေကိုပဲ သဘာဝတရားက ပြစ်ဒဏ်ခတ်တာလား click
- မူပိုင်ခွင့်နှင့် ကုန်သွယ်ရေးအမှတ်တံဆိပ် ပြင်ဆင်ချက်ဥပဒေကြမ်း ကက်ဘိနက် ပယ်ချ click
- အတွေးလက်တွေ့ (ကဗျာ) click
- Suu Kyi Meets Junta Liaison Again click
- Burma's Suu Kyi meets junta minister: official click
- Chemical laced mortars to be used against ethnic rebels click
- Thailand: We Won’t Send Back Refugees click
- Burma, Bangladesh Reinforce Border Troops click
- Chinese conglomerates snapping up world's oil, gas fields click
- An Historian Looks at Rohingya click
- What's On: Thurs' top picks click
- Unemployed Myanmar workers return from abroad click
- Myanmar steps up security measures in industrial zones after bomb explosions click
- Human Rights Watch Honors Four Activists click
- International butterfly museum to be built in Myanmar click

အပြည့်အစုံသို့...

Tuesday, October 6, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁၀-၀၉)

- ဦးဝင်းတင်ကို ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ ဖိတ်ခေါ်ဆွေးနွေး click
- ENC အထွေထွေအတွင်းရေးမှူး စာကို ဥက္ကဋ္ဌဖြစ်သူ ကန့်ကွက် click
- အီးအင်စီနဲ့ အင်ဒီအက်ဖ်အကြား အငြင်းပွားမှုဖြစ် click
- မြန်မာ့လူ့အခွင့်အရေး ပိုဆိုးဝါးနေကြောင်း ကင်တားနား ပြောကြား click
- စက်တင်ဘာတလအတွင်း နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး (၃၉) ဦး ဖမ်းဆီးခံရ click
- အာဏာအလွဲသုံးစားမှု၊ လာဘ်စားမှုတွေနဲ့ ရဲမှူးများ အရေးယူခံရ click
- ရဲချုပ်ခင်ရီသတင်း ဖိအားပေး ဖော်ပြခိုင်း click
- စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခံရကြောင်း ပြန်လွတ်လာသူ ပြောပြ click
- စစ်ဗိုလ်ချုပ်တွေကို အထီးကျန်မထားဖို့ ရာဇာလီ ပြော click
- မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအစိုးရ၏ မူဝါဒအရေး ဆွေးနွေးပွဲကျင်းပ click
- မပခနဲ့ ကေအိုင်အေအဖွဲ့ (၈) ကြိမ်မြောက် ဆွေးနွေး click
- အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးအပေါ် အတိုက်အခံခေါင်းဆောင် တချို့၏ အမြင်သဘောထား click
- ထိုင်းနိုင်ငံရှိ ကရင်စစ်ပြေးဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြ click
- ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နှစ်ဘက်လုံခြုံရေး တိုးမြှင့် click
- နစ်မြုပ်သွားသော ပနားမားသင်္ဘောမှ မြန်မာကပ္ပတိန်ကို ကယ်တင်နိုင် click
- ရမည်းသင်းမြို့မှ ရွှေဆိုင်လုယက်မှု တရားခံများကို အမိန့်ချမှတ် click
- ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ကိုညီညီအောင်ရဲ့ အမှုကို လက်ခံဆောင်ရွက်မည် click
- ကိုညီညီအောင်၏ အမှုလိုက်ရန် ရှေ့နေပါဝါ လွှဲစာရရှိ click
- မျိုးဆက်သစ်လူငယ်အဖွဲ့မှ ကိုငြိမ်းချမ်းကို ထောင်ဒဏ် (၁၀) နှစ် စီရင်ချမှတ် click
- အေအေပီပီမှ နိုင်ငံရေးအကျဉ်းသားစားရင်း ထုတ်ပြန် click
- စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ ကျင်းပမည် click
- (၅) ထောင်ကျပ်တန်နဲ့ လူမှုစီးပွားရေးဂယက် click
- ဆန္ဒပြရာမှ တရက်လျှင် လုပ်ခ (၂၀၃) ဘတ် ရရှိ click
- မြန်မာအလုပ်သမားများ၏ အလှူပွဲ ထိုင်းတောင်ပိုင်းတွင် ပြုလုပ် click
- Generation Wave ၏ ‘မျိုးဆက်လှိုင်း’ ထွက်ပြီ click
- မိုးမခ က လို့ မပြောလိုက်ပါနဲ့ (ဆောင်းပါး) click
- ပဌာန်းတရား မြတ်စကားမို့ အမြတ်နားသို့ ကြားစေချင် (ဆောင်းပါး) click
- သံဃာများရဲ့ ပ၀ါရဏာပွဲ (လော့စ်အိန်ဂျလိစ်) (ဓာတ်ပုံမှတ်တမ်း) click
- စာဖတ်ဝိုင်းတွေ အားမပေးသင့်ဘူးလား (ဆွေးနွေးခန်း) click
- ရ၀မ်ဒါ မျိုးဖြုတ်သတ်ဖြတ်မှုမှာ တာဝန်ရှိသူတဦးကို ဖမ်းဆီးရမိ click
- ဘုန်းတော်ကြီး ဒလိုင်းလားမားကို အမေရိကန်လူ့အခွင့်အရေးဆု ချီးမြှင့် click
- အမေရိကန် အကြမ်းဖက်မှုတိုက်ဖျက်ရေး တိုးတက်မှုရှိ click
- တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင်ရဲ့ မြောက်ကိုရီးယားခရီး click
- Border security chief: We won't force refugees back to Burma click
- Burma border clashes likely as poll nears click
- Myanmar strengthens education system click
- Clinton and rape of Sri Lanka click
- အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း click
- ရွေးကောက်ပွဲဝင်ရေး ENC ကြေညာချက် တိုင်းရင်းသားခေါင်းဆောင်များ ဝေဖန် click
- စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသူတဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာ click
- နအဖအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ ပြန်လည်လွတ်မြောက်သူတဦး ဖော်ထုတ် click
- ဖောက်ခွဲရေးသင်တန်းတက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ click
- ဖမ်းဆီးသံဃာများ ပြန်လွှတ်ရန် တောင်းဆိုစာများ စစ်တွေတွင် ဖြန့်ဝေ click
- ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းကို တိုးတက်နိုင်ဖွယ်ရှိဟု ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အယူခံကိစ္စဆွေးနွေးရန် သူ့ရှေ့နေအဖွဲ့ တွေ့ခွင့်တောင်း click
- ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၃ဝ) (ဆောင်းပါး) click
- ဘီလူးစည်းလူ့စည်း (ဆောင်းပါး) click
- ကလေးများအခွင့်အရေးစောင့်ရှောက်ဖို့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို click
- “မြေအောက်တော်လှန်ရေး” ဟစ်ပ်ဟော့ပ်သီချင်းခွေ ဖြန့်ချိ click
- အောင်ဝေး ရွတ်ဖတ်တဲ့ ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ ကျောင်းသားလှုပ်ရှားမှု အီးဘွတ် ထွက်ပြီ click
- တောင်တွင်းကြီးတွင် မီးသတ်ကို စစ်သင်တန်းပေး click
- ရဲရန်ပုံငွေအတွက် မော်တော်ဆိုင်ကယ်များ မဝယ်မနေရ လက်မှတ်ဝယ်ထိ click
- မလေးရှားမှ ဌာနေပြန် မြန်မာများ ခြိမ်းခြောက်ငွေညှစ်ခံနေရ click
- ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော click
- တရုတ်စီးပွားရေးသမားများကြောင့် လယ်ယာမြေများ ရှားပါးလာ click
- ပုဂ္ဂလိကဆေးရုံဖွင့်ခွင့် လိုင်စင်ပေးတော့မည် click
- စင်္ကာပူ မြန်မာကျောင်းက ဆရာကန်တော့ပွဲ (ဓာတ်ပုံသတင်း) click
- မလေးရှားရောက် မြန်မာကလေးငယ်များအတွက် အမေ့ကျောင်းဖွင့်ပွဲ click
- ပလက်ဝမြို့နယ်တွင် ယာခင်းများကို ကြွက်များ ဆက်လက်ဖျက်ဆီး click
- ENC Calls on US to Back 2010 Election click
- Japan Calls for ‘Fair and Transparent’ Election in Burma click
- China's satellite diplomacy shifts a gear click
- Yangon warns US oil co against hunt in Bay of Bengal click
- Experts warns against rumors on possible money inflation from new currency click
- Myanmar builds good surroundings of education for youth click
- Still not safe: the trafficked lives of Burmese refugees click
- Bangladesh sends troops to Burma border click

အပြည့်အစုံသို့...

စေ့စေ့ကြည့်မှ ရေးရေးပေါ်

ငြိမ်းချမ်း

ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကာလအတော်ရှည်ရှည် ပဋိပက္ခဖြစ်နေခဲ့သည်။ အမေရိကန်အစိုးရ အဆက်ဆက်တို့အနေနှင့် ကျူးဘားအတိုက်အခံများ၊ ဖီဒယ်ကက်စထရို၏ အလွန်မုန်းတီးရန်ငြှိုးမှုခံခဲ့ရသူများ ကို တရားဝင်ကော၊ တရားမ၀င်ကော ငွေကြေး၊ လက်နက်၊ နည်းပညာနှင့် တိုက်ရိုက်ပါဝင်မှုတို့အားလုံးကို ပုံ အောကူညီမှု လုပ်ခဲ့ဖူးကြသည်။ ထိုသို့သော အထောက်အပံ့များရခဲ့လျက်နှင့် ကျူးဘားအတိုက်အခံတို့၏ လှုပ် ရှားမှုများသည် ဖီဒယ်ကက်စထရိုကို မတုန်လှုပ်စေခဲ့ရုံမျှသာမက လုပ်သမျှအားလုံးနီးပါးသည် ကျူးဘားနိုင်ငံ တွင် ဒီမိုကရေစီပေါ်ထွန်းရေးကို မြင်တွေ့လိုကြ၍ လက်တွေ့အသက်ပေး တိုက်ပွဲဝင်သူအားလုံးနီးပါးကို ဆုံးရှုံး စေခဲ့ရုံသာမက အကြီးအကျယ်ကျဆုံးခြင်းများကိုသာ ရစေခဲ့သည်။

အင်အားအလွန်ကြီးပြီး ချမ်းသာကြွယ်ဝသော အမေရိကန်နိုင်ငံလို နိုင်ငံကြီးတခုက တိုက်ရိုက်ဝင်ရောက်စွက် ဖက်ကာ အထောက်အကူပေး လှုပ်ရှားခဲ့မှုတို့ကို ဖီဒယ်ကက်စထရိုက မည်သည့်နည်းဗျူဟာများ ကိုင်ဆွဲပြီး ရင် ဆိုင်နှိမ်နင်းခဲ့သည်လဲဆိုသည်က စိတ်ဝင်စားဖွယ်ကောင်းလှသည်။ နှစ်ကာလများ ရှည်ကြာလာပြီးနောက် ဖီ ဒယ်ကက်စထရို၏ အတွင်းရေးသတင်းများ ပေါက်ထွက်လာသောအခါကျမှသာ အံ့သြဖွယ်ရာ အချက်အလက် များ တွေ့မြင်ခဲ့ကြရသည်။ ဖလော်ရီဒါအခြေစိုက် ကျူးဘားလှုပ်ရှားမှုများကို ဦးဆောင်ပြုခဲ့သူ ခေါင်းဆောင်အ များစု ထိုနေရာများရောက်နေစေရန်အတွက် ဖီဒယ်ကက်စထရိုကပင် အကြံအစည်ရှိရှိ စီမံလုပ်ကွက်များ လုပ် ပြပြီး သပ်သွင်းထားခဲ့ကြသူများဖြစ်နေကြောင်း တစတစ ပေါ်လာခဲ့ကြသည်။ ထိုသပ်လျှိုထားသော ခေါင်း ဆောင်ဆိုသူများဦးဆောင်ခဲ့သည့် ကျူးဘားဒီမိုကရေစီလှုပ်ရှားမှုသည်လည်း ဒီမိုကရေစီအတွက် အသက်ပေး တိုက်ပွဲဝင်ကြလိုသောလူများ ထိုးကျွေးခံကြရပြီး လမ်းလွှဲကျုံးသွင်းခံရ၍ ဆုံးရှုံးမှုများသာ အဖတ်တင်စေခဲ့ သည်။

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုတွင်ကော စစ်အာဏာရှင်များက ဤနည်းစံနစ်မျိုး မကျင့်သုံးနိုင်ဘူးလားဆို သည်ကို လေ့လာကြည့်ကြသင့်သည်။ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုတွင် လမ်းလွဲအောင်လုပ်သော လုပ် ဆောင်မှုများကို အချို့ဂေါင်းရှောင်များက လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံအတွက် အရေးကြီးသော ဒေါ်အောင် ဆန်းစုကြည်ကို ထိန်းသိမ်းကာလပြည့်ခါနီးအချိန်တွင် နအဖနှင့် လက်ဝါးချင်းရိုက်၍ ယက်တောကိုလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံထိမ်းသိမ်းနိုင်ရန် နအဖအတွက် ဖန်တီးပေးခြင်းမျိုးကို ရန်သူ့လူလုပ်ရပ်ဟု မသတ်မှတ်လျှင် မည်သည်ကို ရန်သူ့လုပ်ရပ်ဟု ကျနော်တို့ သတ်မှတ်ကြရမည်လဲဆိုသည်ကို စဉ်းစားကြသင့် သည်။

ဂျွန်ယက်တောကို ဘုရားသခင်ကပဲ လွှတ်လွှတ်၊ ဘယ်သူကပဲ လွှတ်လွှတ် ဒီလိုသွားနိုင်ဖို့ ငွေကြေးဘယ်ကရ သည်ဆိုသည်က စိတ်ဝင်စားစရာကောင်းသည်။ သားသေသည်ကိုပင် မလုပ်နိုင်သော ငွေရေးကြေးရေးပြဿ နာရှိနေသည့် ယက်တောက ထိုင်းနိုင်ငံလာရန် ဘုရားသခင်က လေယာဉ်လက်မှတ်ဖိုးပေးခဲ့သည်မဟုတ်ပေ။ မဲဆောက်တွင် တလတာ ဟိုတယ်ခနှင့် မော်တော်ဆိုင်ကယ်ဝယ်ရန် ကုန်ကျငွေများ၊ နေထိုင်စရိတ်များ၊ သူနှင့် ဟိုလိုလိုဒီလိုလို ရှုပ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်တို့မှအသုံးချခဲ့သော အမျိုးသမီးတို့အတွက် စရိတ်စက များ မည်သည့်နေရာက ထွက်ခဲ့သည်ကို သတိထားကြည့်ကြသင့်၏။

ကလေးများကို သူ့မအေဆီသို့ပို့ရန်ပင် စရိတ်မရှိသော ယက်တောက မည်သို့မည်ပုံ ထိုငွေကြေးများကို အသုံး ချနိုင်ခဲ့သည်က စဉ်းစားစရာပင်ဖြစ်သည်။ ယက်တော၏ ဓာတ်ပုံအတွင်းမှ အမျိုးသမီးနှင့်ပတ်သက်၍ အကျဉ်း သားများကို စာရင်းပြလိမ်စားသူတယောက်က နိုင်ငံခြားသူတယောက်ဟု ဆင်ခြေပေးဖုန်းကွယ်ကာ သူ၏ပတ် သက်မှုကို ရှောင်ရှားရန် ကြိုးစားခဲ့သည်။ ထိုသူကပင် ယက်တောနှင့်ပတ်သက်၍ တွေ့ဆုံမှုကို အင်တာဗျူးများ တွင် အလွဲလွဲအမှားမှား ပြောခဲ့ဖူးသည်လည်းရှိသည်။ နောက်ဓာတ်ပုံတခုတွင် ယခုချင်းမိုင်၌ ကျောင်းတက်နေ သော သူ့အဖွဲ့မှ လူတယောက်နှင့် ယက်တော၊ ထိုအမျိုးသမီးတို့ အတူတူတွဲရိုက်ထားသောပုံကိုတွေ့မှ ဘာပြ၍ ကာကွယ်ရမှန်းမသိဖြစ်ခဲ့ပုံပေါ်သည်။ ဗြောင်လိမ်ဗြောင်စားရန်ကော အရှက်မရှိတော့သည့်နေရာတွင်ပါ ရန်သူ စစ်အာဏာရှင်များနှင့် တသားတည်းကျနေသည်ကလည်း အံ့သြစရာကောင်းလှသည်။

သေသေချာချာပြန်ကြည့်လျှင် ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အကျိုးမရှိမှန်းသိသော်လည်း လုပ်ရပြီးရော ယောင်ကြသည့် လက်မှတ်ကောက်ယူမှု ကိုလုပ်ကာ အမှန်တကယ် လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းများမှ သွေဖယ်ကြစေရန်လည်း လုပ်ခဲ့ကြသူများ ဖြစ်သည်။ ထိုသူများကပင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာရှင်များက မတရား နောက်ထပ်ထိမ်းသိမ်း နိုင်စေရန် ဖန်တီးခဲ့ကြသည်။ မနီလာသိန်း အဖမ်းခံရသောနေ့တွင်လည်း မနီလာသိန်း အဖမ်းခံရမည့်အ ကြောင်း လောင်းထားမှု အောင်မြင်သည့်အနေနှင့် အော်ဟစ်ကာ ဘီယာဖြင့် အောင်ပွဲခံခဲ့ကြသူများမှာလည်း ထိုသူများသာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချကာနီးအချိန် လူထုက နအဖ၏ မတရားသည့် စီရင်မှုအပေါ်တွင် အာ ရုံစိုက်ကာ ဘာလုပ်ကြရမည်လဲ တွေးတောနေချိန်တွင် တော်လှန်ရေးတပ်ပေါင်းစုဟု ၎င်းတို့ဖွဲ့စည်းထားသည့် အဖွဲ့များမှပင် သဘောတူညီချက်မရယူဘဲ ၎င်းတို့လူနည်းစုတစုက လက်ဝါးချင်းရိုက်ကာ ဂျကာတာကွန်ဖရန့် ဆိုပြီးလုပ်၍ ရန်သူစစ်အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ကြရေးကို ဆော်သြကာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှ အာရုံလွှဲကြစေရန်လည်း ဖန်တီးခဲ့ကြသည်။ ထိုသို့အချိန်များ မကြာခဏ တိုက်ဆိုင်နေခြင်းက စဉ်းစားစ ရာဖြစ်စေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြသည်ဟု ကြေညာကြသည့်အတိုင်း လုပ်ကြမည်ဆိုလျှင် ၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များကိုသာ ပံ့ပိုးရန်လိုသည်။ ဘာမှထပ်မံအထွန့်တက်ပြီး ကိုယ်နှိုက် ရန်သူနှင့်ညှိနှိုင်းပေါင်းစည်းရေးကို လုပ်နေစရာမလိုပေ။ ထိုကွန်ဖရန့်၏ အကျိုးဆက်တခုလောက်ကို ပြသနိုင်လျှင်ပြသစေလိုပါသည်။ ဘာတွေများ မယ်မယ်ရရ အဖတ်ရခဲ့သည်များရှိ ပါသနည်း။ ဘာ့ကြောင့် အရေမရ အဖတ်မရအလုပ်ကို ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စအတွက် အချက်အချာ ကျသောအချိန်တွင် လူသိရှင်ကြားလုပ်ချင်နေခဲ့ကြသည်မှာလည်း မတွေးတတ်စရာပင်ဖြစ်သည်။ ထိုကွန်ဖရန့် မှ ဘာလုပ်ငန်းများ မယ်မယ်ရရ ချမှတ်ခဲ့ပြီး ထိုလုပ်ငန်းစဉ်များကို မယ်မယ်ရရ ဆက်လုပ်နေကြပြီလဲ။

သေချာတာတခုက နအဖစစ်အာဏာရှင်တို့က သူတို့အလိုကျ လူထုဆန္ဒကို ဆန့်ကျင်ပြီးလုပ်မည့် ၂၀၁၀ ဟန် ပြရွေးကောက်ပွဲတွင် တနည်းတဖုံပါဝင်ရေးကို တိုးတိုးတိတ်တိတ်ကော၊ ကျယ်ကျယ်လောင်လောင်ပါ ကြိုးစား လာနေကြတာကို တွေ့နေရခြင်းပင်ဖြစ်သည်။ “လွန်ခဲ့တဲ့ အနှစ် (၂၀) လုံး မှားခဲ့ကြတယ်။ လူထုစကားသံကို နားထောင်ဖို့သင့်ပြီ” ဆိုပြီး အာပေါင်အာရင်းသန်သူတဦးက မကြာသေးမီက ပြောခဲ့သည်။ ဘာတွေလုပ်ခဲ့ပြီး ဘာတွေမှားခဲ့သည်ကို သူတို့ဘာသာသာ သိနိုင်ကြမည်ဖြစ်သည်။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ခဲ့သည်ကို လည်း သူတို့ဘာသာပဲ သုံးသပ်ရလိမ့်မည်ဖြစ်သည်။ သို့သော် အမှားများ၏ အခြေခံမှာ သူတို့ကိုယ်၌သာဖြစ် သည်။

အမှန်ပြောင်းလဲရေးဆိုသည်မှာလည်း တာဝန်သိတတ်သောသူများဆိုလျှင် မိမိတို့အမှားများကို တာဝန်ယူပြီး နောက်လူများလုပ်နိုင်စေရန် ဖယ်ရှားပေးလေ့ရှိကြသည်။ ကျနော်တို့တော်လှန်ရေးမှ ဂေါင်းရှောင်များကတော့ တမျိုးဖြစ်သည်။ လွန်ခဲ့သည့် အနှစ် (၂၀) ကလည်း သူတို့ပင်ဖြစ်ခဲ့သည်။ အခုလည်း သူတို့ပင်ဖြစ်သည်။ နောင် လည်း သေသည်အထိ အမှားများဆက်လုပ်ခွင့် ရယူသွားလိုကြဟန်တူသည်။ ပြောင်းလဲရေးဆိုသည်မှာ အညံ့ ခံရေးမဟုတ်သည်ကိုလည်း သဘောပေါက်ပုံမရပေ။ ၎င်းတို့အနေနှင့် ၎င်းတို့လုပ်လိုသော လုပ်ရပ်ကိုလုပ်နိုင် ရန် ဆင်ခြေအမျိုးမျိုး ပြနေခြင်းသာဖြစ်ပေသည်။

၂၀၁၀ ဟန်ပြရွေးကောက်ပွဲဝင်လိုကြသူများအနေနှင့် ပြောင်ပြောင်တင်းတင်းလည်း မဆုံးဖြတ် မပြတ်သားကြ ပေ။ အထဲမှ အဆက်အသွယ်များကို ရွေးကောက်ပွဲဝင်ရန်တိုက်တွန်းခြင်း၊ နအဖနှင့်ညှိနှိုင်းရန် ဆော်သြခြင်းတို့ လုပ်နေကြပေမယ့် သူတို့ကိုယ်တိုင်တော့ ဇာနည်လို မျောက်သစ်ကိုင်းလွတ် မဖြစ်အောင်အတွက် ဒီဘက်မှာ ကုပ်ကပ်ကာ လှေနံနှစ်ဘက်ဆက်ခွနေပြီး နအဖ အလိုကျ ဟန်ပြရွေးကောက်ပွဲ မပျက်စီးရေးအတွက် အပြင် ဘက်မှ ပို၍ အာရုံလွှဲကာကွယ်မှုများ လုပ်ကြလိမ့်မည်ဖြစ်သည်။ အသားထဲမှလောက်က ပိုအန္တရာယ်ပေးလိမ့် မည်ဖြစ်သည်။ ယခုလည်း ထိုသူများက မူးယစ်သောက်စား အော်ဟစ်ကာ ပတ်ဝန်းကျင်ကို နှိပ်စက်နေကြရုံမှ တပါး အခြားအခြားသော နိုင်ငံနှင့်လူမျိုးအတွက် လုပ်ဆောင်မှုမျိုးကို လုပ်နေကြသည်မရှိပါ။ ပရောဂျက်တင်၊ ကိုယ့်ဘာသာကိုယ် မတန်တဆ လခတွေပေး၊ အထဲက လူတွေကို ထိုးကျွေး၊ ယောင်ခြောက်ဆယ်သာလုပ်နေ ကြသော ထိုဂေါင်းရှောင်များက မည်သည့်အခါတွင်မျှ ဘာပြောင်းလဲမှုမှ သယ်ဆောင်လာလိမ့်မည်မဟုတ်ပေ။

ကျနော်တို့လှုပ်ရှားမှုတွင် အများကြီးလုပ်စရာတွေ လိုနေပါသေးသည်။ သို့သော် အသားထဲမှလောက်ထွက်နေ သော အတွင်းဖျက်များကို ဖယ်ရှားပြီး အမှန်တကယ်လုပ်လိုသော အင်အားများ စုစုစည်းစည်းနှင့် ညီညီညွတ် ညွတ်လုပ်ကြမှသာ ပြောင်းလဲအောင်လုပ်နိုင်လိမ့်မည်ဖြစ်သည်။ ညီညွတ်ရေးဆိုသည်မှာလည်း ထိုဂေါင်းရှောင် များက အလွန်အမင်း လိုက်လံအနှောင့်အယှက်လုပ်ကာ မရစေရန် ကြိုးစားနေသောအရာဖြစ်သည်။ ဘာ ကြောင့် သူတို့ညီညွတ်ရေးရမှာကို အလွန်စိုးကြသည်ထင်သနည်း။ သတိထားကြည့်လျှင် ပိုထူးခြားတာတခု တွေ့ရပါလိမ့်မည်။

ရန်သူနအဖ၏ သတင်းစာရှင်းလင်းပွဲများတွင် ဟုတ်သည် မဟုတ်သည်၊ ဆိုင်သည်မဆိုင်သည်မသိဘဲ အတင်း အတင်း တင်တင်ပေးနေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ ဘာကြောင့် နအဖစစ်အာဏာရှင်တွေက ဒီလူ တွေအပေါ် ဒီလောက်သဘောကောင်းနေကြရသည်ကိုတော့ ကာယကံရှင်တွေ ကိုယ်နှိုက်မှသာ သိကြတော့ မည်ဖြစ်ပါသည်။ အတွင်းလှိုက်နေသော ရန်သူကို ကြောက်နေကြရမည်ဆိုသည့် တော်လှန်ရေးသည် မည်သို့ သော တော်လှန်ရေးဖြစ်မည်နည်းဆိုသည်ကို မိမိတို့အားလုံး စဉ်းစားကြရန်အချိန်လည်း ရောက်နေပြီဖြစ်ပါ သည်။

ငြိမ်းချမ်း

အပြည့်အစုံသို့...

Monday, October 5, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၀-၀၉)

- ဒေါ်အောင်ဆန်းစုကြည်အယူခံ ပယ်ခံရတာကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုထိခိုက် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စ တွေ့ဆုံဆွေးနွေးခွင့် အဖွဲ့ချုပ် တောင်းဆို click
- စစ်အစိုးရခေါင်းဆောင်ကို မိစ္ဆာဒိဌိအဖြစ် ကြေညာ click
- တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လို့ သံဃာ့တပ်ပေါင်းစု မိန့်ကြား click
- တန်ဖဲကျေးရွာတွင် (၄၈) နာရီကြာ မနားတမ်း ဆုတောင်းပွဲ ကျင်းပ click
- ကော့သောင်းတွင် မိုးကြီး မြေပြို၍ သံဃာ (၃) ပါး ပျံလွန်တော်မူ click
- တပ်အသွင်ပြောင်းရေး KIO အပေးအယူ ပြုလုပ်လို click
- သျှမ်းပြည်တပ်မတော် လက်နက်ချမည်ဟု မိုင်းတုံဗမာ့စစ်ဗျူဟာမှူး ၀ါဒဖြန့် click
- မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၅) နှစ်ပြည့် အခမ်းအနားတွင် ရဲချုပ်ခင်ရီ တက်ရောက်ခြင်းမရှိ click
- မြန်မာ့အရေး အမေရိကန်မူဝါဒသစ် ကြားနာစစ်ဆေးပွဲ ကောက်နုတ်ချက် click
- အမေရိကန်ပေါ်လစီနှင့် ပတ်သက်၍ ဆွေးနွေးယူဆချက်များ click
- စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရယူကြရအောင် (အယ်ဒီတာ့အာဘော်) click
- ဗမာစစ်သားချင်း ရန်ဖြစ်၊ အချင်းချင်းပစ်သတ်၊ (၅) ယောက်ထက်မနည်း သေဆုံး click
- ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ ခြံစည်းရိုးကာရံမှု ထပ်မံပြုလုပ် click
- နေပြည်တော်တွင် ဆရာများနေ့ အခမ်းအနား ကျင်းပ click
- နိုင်ငံတကာသုံး တယ်လီဖုန်းတွေ အသုံးပြုခွင့်ပေးတော့မယ် click
- ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ထိုင်းကုမ္ပဏီ သန်း (၃၀) ရှေ့ပြေးကုန်ကျထား click
- အမျိုးအမည်မသိ တုပ်ကွေး ကရင်ဒေသခံ (၅၀၀) တွင် ဖြစ်ပွားနေ click
- ကျေးလက်တွင် ဆိုလာပါဝါက လျှပ်စစ်ဓာတ်အားနေရာ အစားထိုးလာ click
- နာဂစ်မုန်တိုင်းသင့် ဒေသများရှိ စပါးခင်းများတွင် ကြွက်များ ပိုမိုဆိုးဝါးလာ click
- သျှမ်းအကြောင်း သုတေသနညီလာခံ ချူလာလုံးကွမ်းတက္ကသိုလ်၌ ကျင်းပမည် click
- ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေ click
- အာဖဂန်စစ်သွေးကြွတိုက်ခိုက်မှု အမေရိကန်စစ်သား (၈) ဦး သေဆုံး click
- ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်ပါဖို့ မြောက်ကိုရီးယား စဉ်းစား click
- ပါကစ္စတန်နိုင်ငံက ကုလရုံး ဗုံးခွဲတိုက်ခိုက်ခံရ click
- ပါကစ္စတန်ရှိ WFP ရုံး အသေခံဗုံးခွဲမှုကြောင့် ၀န်ထမ်း (၅) ဦး သေဆုံး click
- ကနားစီးမောင်မောင်လတ် ဖန်သားပြင်ပေါ် ရောက်တော့မည် click
- ဘုရားသခင် ကျီစားသန်ခဲ့တယ် (ကဗျာ) click

ဆရာကြီးဂန်ဘီရ(ကာတွန်း)မောင်ရစ်၏ ၂၀၁၀ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ဖွဲ့အဆောင်၊ အိမ်တိုင်း၊ လမ်းတိုင်း၊ ရွာတိုင်းမှာ ကပ်ပါ။ အမတ်(လောင်း)များကို လက်ဆောင်ပေးပါ (အဟိ)
- EDITORIAL: Engaging Myanmar click
- Slum Dwellers are at the brunt of nature's wrath click
- Burma: Amend The Child Law click
- Letter to Australian Foreign Minister Stephen Smith on a Burma Policy Review click
- Sanctions on Burma have a role to play click
- Suu Kyi's party expresses concern for her health click
- Death of Burma soldier hero, 86 click
- Chidambaram says insurgents active in North-East are hiding in Bangladesh and Myanmar click
- A Political Football click
- Post-Nargis Myanmar sculpture show to be launched in China click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ် မှတ် click
- ထိုင်းနိုင်ငံအခြေစိုက် သံဃာ့တပ်ပေါင်းစုမှ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ကိုယ်စားလှယ်တို့ သတင်းစာမှာ ဖော်ပြ click
- နယူးယောက်မြို့က မြန်မာအချို့ကို ကြပ်ပြေးနေပြည်တော်က မကျေမနပ်ဖြစ်နေ click
- ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ click
- အဓမ္မ ဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော click
- ဒီမိုကရေစီအရေးလှုပ်ရှားသူ အမျိုးသမီးများ ထိန်းသိမ်းခံရ click
- လှုပ်ရှားတက်ကြွသူ အမျိုးသမီး (၄) ဦး ဖမ်းဆီးခံရ click
- သီတင်းကျွတ်လပြည့်နေ့တွင် အင်္ဂါဘုရားဖူးအဖွဲ့ဝင် (၄) ဦး အဖမ်းခံရ click
- ခံဝန်ချက် (၄၀၁) လက်မှတ်မထိုးလို့ ထောင်ထဲပြန်ပို့ click
- ၀ါကျွတ်ပွဲတော်ကို မူဆလင်များ တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင်နှစ်ဦး ဆေးရုံရောက် click
- ရခိုင်တေးသံရှင် တူတူချေ ပြန်လည်လွတ်မြောက်လာ click
- မိတ်ဆွေကောင်းများ မဖြစ်နိုင်တော့သော ပေကျင်းနှင့် မြန်မာ (ဆောင်းပါး) click
- ဒဏ်ခတ်အရေးယူမှုနှင့် ဆွေးနွေးဆက်ဆံမှု (အယ်ဒီတာ့အာဘော်) click
- နအဖက နျူကလီးယားလက်နက်ထုတ်ဖို့ မရည်ရွယ် click
တွေ့ဆုံဆွေးနွေးရေးဆိုတာ ဒါမျိုးကိုခေါ်တာ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ရဲစခန်း အထွေထွေ ဗဟုသုတ (ကဲ … ယုံချင်ယုံ၊ မယုံချင်နေ) - အပိုင်း (၁) (ဆောင်းပါး) click
- ပြည်သူ့ရဲ့အဖွဲ့ ပြည်သူ့အတွက် ကိုယ်စားပြုနိုင်သလား (ဆွေးနွေးခန်း) click
- နီပေါ၊ ကုမ္မာရီနှင့် ဒေါ်ဓမ္မ၀တီ (ဆောင်းပါး) click
- မဲဆောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ မြန်မာပြည်မှ သံဃာများ ရာနှင့်ချီ၍ လာရောက် click
- ရန်ကုန်ဘောလုံးပရိသတ် မန္တလေးမှာ အရိုက်ခံရ click
- နဝမအကြိမ်မြောက် တရုတ်-မြန်မာ ဆွေးမျိုးပေါက်ဖော်ပွဲ ကျင်းပ click
- တရုတ်အလုပ်သမား အဆောက်အဦအတွက် သစ်များ ခုတ်လှဲမည် click
- စင်္ကာပူ မြန်မာကျောင်း သီတင်းကျွတ်ပွဲတော် (ဓာတ်ပုံသတင်း) click
- မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်နဲ့ စကားပြောခြင်း (အင်တာဗျူး) click
- ကောင်းဆုပြောပြတဲ့ ဂရက်ဖစ်တီ နဲ့ ဘလက်ခ်ဖေ့စ် (ဆောင်းပါး) click
- ဧရာဝတီ e-ဂျာနယ် အတွဲ (၁) အမှတ် (၁၂) ကို ဖတ်ရှုနိုင်ပါပြီ click
- အခြေခံဥပဒေပြင်ဆင်ရေး သဘောတူညီချက် စတင် click
- New US Policy has Multiple Goals click
- US Must Understand Myanmar’s Diversity click
- Myanmar landslides kill 3 click
- Heavy rain causes landslide in Taninthayi click

အပြည့်အစုံသို့...

အဲန်ဂျီအို ဆိုတဲ့ အစိုးမရ

အဲန်ဂျီအို ဆိုတဲ့ အစိုးမရ
ဂါမဏိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသ နာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေ မအားတော့ သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါ တယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မ ဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့် စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင် ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီ အိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု လောင်းကစားမှု လက်နက်ခဲယမ်း မူးယစ် ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက်တယောက်သာ အောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအဲန်ဂျီအိုတွေ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိ နေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအဲန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။

ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အ နောက်တိုင်း အဲန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင် ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement) ၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက် ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအဲန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟော်တယ်မှာ တည်းသွားခဲ့ပါတယ်။

အဲန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အ ချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင် ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အဲန်ဂျီအို စီမံခန့်ခွဲရေးအစီအစဉ်တွေဟာ စာရွက်ပေါ်ရေးထားတာကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့် ပကတိအနေအထားအောက် အများကြီးရောက်နေပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရမဟုတ်သော’ ဆိုတဲ့ အဓိပ္ပါယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေတယ်လို့ မကျေနပ်တဲ့ အဲန် ဂျီအိုဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေ သတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ အဲန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ် ရင် အစိုးရတွေဆီက ရန်ပုံငွေမရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အဲန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသ မဂ္ဂ (အီးယူ) နဲ့ ဘာသာရေးအသင်းကြီးတွေက အထောက်အပံ့ကို ဘိန်းစွဲသလို စွဲနေပြီဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ကူညီရေးလုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အ ကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။

အဲန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ အကြံပေးပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ်အပြင် တိုင်ပင်ခ အဖြစ် တရက်ကို ဒေါ်လာ (၁၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အဲန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေ သခံ ဝန်ထမ်းတွေအကြား မနာလိုတာတွေ ခွက်စောင်းခုတ်တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ကူညီရေးအဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမလစာ တွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံအရာရှိတွေနဲ့ ရုံးချုပ်ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက် ဧည့်ခံစရိတ်တွေ၊ နေ့တွက်စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ကူညီရမယ်ဆိုတဲ့ လူထုတွေအတွက် ကူညီ ပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်းစာနာရေးသမားတွေကတော့ ဒေ သန္တရအခြေအနေနဲ့ ကိုက်ညီတဲ့ လစာနည်းနည်းလေးတွေနဲ့ အကျိုးဆောင်နေကြပါတယ်။

အဲန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ပဓာနအလုပ်ဖြစ်ရေးဝါဒက ဘေးဖယ်ထုတ် လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေးကပဲ လွှမ်းမိုးသွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေလုပ်တဲ့ အခါ ပေါ်လစီအပြောင်းအလဲတွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက်နား လည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လ စီတွေကို ‘ရာဘာတံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံဝန်ထမ်းတွေက သ မုတ်ကြပါတယ်။

မဲဆောက်မှာ အဲန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင် မှာ ပုလိပ်အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသား ဦးရေက တနှစ်ထက်တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး အပါအဝင် အဲန်ဂျီအိုတွေ က အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာအတော်နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်း လူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အဲန်ဂျီအိုတွေ၊ သတင်းထောက်တွေအနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှု ကျူးလွန်ခံရသူတွေအ တွက် သက်သာရာရသွားစေတာ တွေ့ရပါတယ်။

အဲန်ဂျီအိုသမားတွေရဲ့ လူမှုရေး စုဝေးပွဲတွေကို လူတန်းစားခွဲခြားထားပါတယ်။ စီနီယာအရာရှိကြီးတွေ၊ ဆရာ ဝန်တွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီးရတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့်ပါ တီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီးအစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်းပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲရတဲ့ စေတနာ့ဝန်ထမ်းသ မားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အလွတ်သတင်းထောက်တွေကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါ တယ်။ နယ်စပ်မှာ နှစ်ကြာနေပြီဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြားနေကြပါတယ်။ လူသစ် တွေနဲ့ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။

အဲန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိကတာဝန်ရှိတဲ့ ကေအဲန်ယူလို အဖွဲ့အစည်းတွေကို အတင်းပလူးကြ ရော သောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့လုပ်ချင်သလို ဖြစ်မလာတဲ့အခါမှာတော့ စိတ်ပျက်ပြီး ပြန် သွားကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေးလိုအပ်ချက် စတာတွေကို သဘောမ ပေါက်တဲ့အခါ တချို့က ကေအဲန်ယူကို သွားပုပ်လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့က လည်း ဘုရားလို တအားအထင်ကြီး ကြည်ညိုလာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံ မှန်အတိုင်း ဆက်သွားနေပြီး အဲန်ဂျီအိုတွေက ပြောင်းလဲသွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အဲန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိ မှိတ်နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက်ခြစားမှုအပေါင်း သရဖူ ဆောင်းတဲ့ အာဏာရှင်လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။

ကရင်တွေကြားမှာ အဲန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေ ဖြစ်လာ သလို တဖက်မှာလည်း အဲန်ဂျီအိုတွေက ကရင်တွေရဲ့ထောက်ခံမှု၊ ဂရုစိုက်မှုခံရဖို့ ရုပ်ပျက်ဆင်းပျက်နဲ့ အပြိုင် အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ်ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစုဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင် ပညာစံနှုန်းတွေ လူသားဝါဒစံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေးပြဿနာတွေ ရှေ့တန်းတင်လာကြပါတယ်။ တော် လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးခေါင်းဆောင်တွေ အကျင့်ပျက်ခြစားကြောင်း၊ ပျင်းရိထုံထိုင်းကြောင်း၊ ကိုယ်ကျိုးကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေဖြစ်တဲ့အကြောင်း ပြောဆိုဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံမလုပ်ဘဲ နယ်စပ်ဒေသမှာ နှစ်ရှည်လများ စေတနာ့ဝန်ထမ်း အကျိုးပြုနေ တဲ့ အနောက်နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်းရှုံ့သွားကြပါတယ်။

နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သားတွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေးဂရုစိုက်တဲ့ အဲန် ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြားရှိသလို ရာထူးတက်လမ်းအတွက် သို့မဟုတ် ငွေရှာဖို့အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အဲန်ဂျီအိုတွေအနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေး မှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင်အကျိုးရှိတယ်လို့ အဲန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာတယောက်က ပြောပါတယ်။ အဲဒါတွေကလွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။

အဲန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ်ဆိုတာလည်း မသိသလို အဲန်ဂျီအိုတွေရဲ့ လ စာတွေ၊ စားရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်းမြင်သာအောင် ထုတ်ပြန်တာမရှိဘူးလို့ နယ်စပ်က တိုင်းရင်းသားတယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီးအိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန် ပျူတာတွေ၊ ဗွီဒီယိုကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင်ထွက်စားတာတွေဟာ နိုင်ငံခြားသားအားလုံးရဲ့ ဘ ဝလက္ခဏာလိုဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီအရှင်သခင်တွေလိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေအတွက် လှူဒါန်းထားတဲ့ ငွေတွေဖြစ်တယ်လို့ ပြောပါ တယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန် သွားတဲ့အခါ ဒေသခံတွေအတွက် သုံးစွဲကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။

တချို့အဲန်ဂျီအိုတွေက နအဖလေသံအတိုင်း၊ ကေအဲန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည် ဆန်တွေကို ကရင်စစ်သားတွေစားဖို့ ယူတယ်၊ အဲန်ဂျီအိုဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်းထွက်တဲ့ အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည်စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင်ကလေးငယ် တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီးဝါဒသမားရန်သူနဲ့ စစ်ခင်း နေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံပေါက်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထုအကျိုးကိုမကြည့်ဘဲ ဇွတ်အတင်း စစ်တိုက်ခိုင်းနေတယ်၊ ကရင်လူကြီးတွေ ဟာ တော်လှန်ရေးကိုအသုံးချပြီး ငွေရှာနေကြတယ်လို့လည်း အဲန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေး တယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေးပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ်ရပ်စဲ ရေးကို အင်မတန်လိုလားသူဖြစ်ပါတယ်။ ရှေ့ကသွားနှင့်တဲ့ အပစ်ရပ်အဖွဲ့တွေ ထွက်ပေါက်ပိတ်နေတဲ့ သင်ခန်း စာကို ယူထားသူဖြစ်ပါတယ်။ အဲန်ဂျီအိုတွေက အာဏာရှင်ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မ ဟုတ်တဲ့ ဒီမိုကရေစီအင်အားစုတွေ ကျောင်းသားတွေ လွှတ်တော်အမတ်တွေ နိုင်ငံရေးသမားတွေကို ကရင်ဌာ နချုပ် မာနယ်ပလောမှာ လက်ခံနေရာချပေးခဲ့တာဖြစ်ပါတယ်။

“ဒီအဲန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ရာထူးတက်ဖို့ သူတို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ် ကို ဝေဖန်အပြစ်တင်နေတာဖြစ်တယ်။ ဒီလူတွေဟာ သူတို့အကျိုးဘဲ သူတို့ကြည့်တယ်။ ကျုပ်တို့တော်လှန်ရေး ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာမ ဟုတ်ဘူး။ တရားမျှတမှုမရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေးမလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။

အဲန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာမရမယ့် လုပ်ငန်းမျိုး ကို မကူညီချင်သလို ကရင်တော်လှန်ရေးတပ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ငြင်း ဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက်ကိုင်ထားရတာဖြစ်ပေမယ့် အဲန်ဂျီ အိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ်နေတာလည်း တွေ့ရပါတယ်။

ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်းတွေက အဲန်ဂျီအို တဖွဲ့နဲ့တဖွဲ့ကြား ကစားကြသလို အဲန်ဂျီအို တချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည်အရေးအတွက် ငွေနည်းနည်းပဲ အ ကုန်ခံပြီးနောက် နယ်စပ်ကရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်းစတဲ့ အချက်အလက် တွေကို သူတို့အစီရင်ခံစာတွေထဲထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အဲန်ဂျီအို တခုက ဝါ ရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်းတခုခုကို အတင်းတောင်းလည်၊ အဝတ်အ စား လုံလုံလောက်လောက်မရှိလို့ ရှိတဲ့ အဖေ ဦးလေး အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ က လေးတယောက်ယောက်တွေ့ရင် ဓာတ်ပုံရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သ တင်းထုတ်တာတွေလည်းရှိပါတယ်။ တိုက်ပွဲအတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆံဖိုး ဝက်သွေး အမဲသွေးဖိုး ပေး မယ်၊ ဘတ် (၃၀၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။

အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ်လာဖွင့်တဲ့ နိုင်ငံတကာကူညီရေး အဲန်ဂျီအို တခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်းအသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်းရုံးခန်းတွေငှား လုပ်လိုက်တဲ့အခါ သူတို့တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစုကျန်းမာရေးအစီအ စဉ်တွေလုပ်ဖို့ ပိုက်ဆံမကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲလုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေတားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တိမောမှာလည်း ကုလသမဂ္ဂနဲ့ အဲန်ဂျီအိုတွေက ရန်ကုန် ကီလီဆိပ်ကမ်းက ဇိမ် ခံရေပေါ် ဟော်တယ်သင်္ဘောကြီးကို စင်းလုံးငှားပြီး တိမောပြန်လည်ထူထောင်ရေးလုပ်ခဲ့တာ တိမောပြည်သူ တွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ်လို့တောင် အသံထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂအတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တိမောလူမျိုး ဟော်တယ်အလုပ်သမားတွေက လုပ်ခ အဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ လစာအပြင် တရက် ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။

ဆောင်းပါးရှင် အလန်ဒေါ်ဆင် က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ နိုင်ငံတ ကာ အဲန်ဂျီအိုအဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့်ဟော်တယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေးမှတ်တမ်းတွေ လုပ်ထားတာတွေကိုဖော်ထုတ်ခဲ့ပါတယ်။ အဲန်ဂျီအိုအများစုဟာ အစိုးရတွေရဲ့ လက် ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီ အဲန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ မူး ယစ်ဆေးဝါးဝင်ငွေအပေါ် ရပ်တည်မှီခိုနေတာတွေကို လျစ်လျူရှုထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အဲန် ဂျီအို ဧရာမအစုအဝေးကြီးတခုဟာ အာဆီယံနိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေး ဝါး အားအကိုးဆုံး တိုင်းပြည်ကိုသွားပြီး အဲဒီက ကြယ်ငါးပွင့်ဟော်တယ်မှာ မနက်စာဘူဖေး အဝစားစနစ်နဲ့ ဗိုက် ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။

ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ်သတင်းထောက် ဖီလ်သော်န်တန်က "ဂနာမငြိမ် သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ်ဖွင့်ချခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာ ကြီး လူထုစိန်ဝင်းက မြန်မာလူငယ်တွေကို အဲန်ဂျီအိုလုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေးခဲ့တာကို မခံမရပ်နိုင်သူ တချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်လုပ် ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးနေသူ) မျက်နှာဖြူသတင်းထောက်ကိုယ်တိုင်က အဲန်ဂျီအိုတွေအကြောင်း စာအုပ်ရေးထားတာကတော့ ဆရာလူထုစိန် ဝင်းကို ထောက်ခံနေပါတယ်။

အဲန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သောအဖွဲ့အစည်း’ လို့ အဓိပ္ပာယ်ထွက်တာကို အများသိပြီးဖြစ်ပါတယ်။ ဒါပေ မယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလိုလုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက် မှာ တင်ပြခဲ့တဲ့အတိုင်း တွေ့နေရပါတယ်။

ဂါမဏိ

ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။ (၂၀၀၆ ခုနှစ်က ထုတ် တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက်အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါတယ်။)

အပြည့်အစုံသို့...

Sunday, October 4, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၁၀-၀၉)

- ရွေးကောက်ပွဲဝင်သင့် မ၀င်သင့် ပါတီတွင်း အကွဲအပြဲမဟုတ်၊ စဉ်းစားပုံ ကွဲပြားခြင်းသာဖြစ် click
- တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ ပါဝင်မှမဟုတ် click
- ရန်ကုန်တိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးများ အဖမ်းခံရ click
- နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဂျပန်နိုင်ငံ တိုက်တွန်း click
- ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကိုယ်စားလှယ် တွေ့ဆုံခဲ့မှု အဖွဲ့ချုပ် ကြိုဆို click
- စစ်အစိုးရနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းရှိဟု NLD ယူဆ click
- အမေရိကန်မူဝါဒအပြောင်းအလဲနဲ့ သူတို့အမြင် (တနင်္ဂနွေဆွေးနွေးပွဲ) click
- အမေရိကန်-မြန်မာမူဝါဒသစ် ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း (ဗွီဒီယိုသတင်း) click
- အော်ချက်ထုတ်တာ ကြိုက်ဘူး ရဲချုပ်ခင်ရီ click
- မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ ဆုတောင်း ဆန့်ကျင်ကြ click
- သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် အထူးအစီအစဉ်ကို ဒီဗွီဘီက စီစဉ်ထုတ်လွှင့်မည် click
- အာဖဂန်စစ်သွေးကြွတိုက်ခိုက်မှု အမေရိကန်စစ်သား (၈) ဦး သေဆုံး click
- ကုလစစ်ဆေးရေးမှူးတွေ နျူကလီးယားစက်ရုံသစ် စစ်ဆေးဖို့ အီရန် သဘောတူ click
- အီရန်ယူရေနီယံစက်ရုံကို IAEA စစ်ဆေးဖို့ ရက်သက်မှတ် click
- Thaw in US-Burma ties click
- Myanmar: The US-Myanmar political minuet click
- Nava Thakuria: Burma polls 2010 sans Suu Kyi! click
- Detention Of Myanmar’s Suu Kyi click
- US opens a doorway on engaging with Burma click
- Regional implications of US policy on Burma click
- US struggling to find a strategy on reclusive Myanmar click
- ဒေါ်အောင်ဆန်းစုကြည်ဆိုင်ရာ သတင်းများ click
- ရန်ကုန်၊ မန္တလေး၊ စစ်တွေမြို့တွေမှာ ဆုတောင်းပွဲပြုလုပ် click
- မြန်မာစစ်အစိုးရအနေနဲ့ ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ကြောင်း ဝေဖန်နေကြ click
- ဘုရားသုံးဆူဒေသမှာ နအဖ စစ်ရေးပြင်ဆင်မှု တိုးလာ click
- ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ် click
- ကျပ် (၅၀၀၀) တန် ထုတ်ဝေမှုအပေါ် ပြည်သူများ စိုးရိမ်မကင်းဖြစ် (ရုပ်သံသတင်း) click
- ရဲများနဲ့ ရန်ကုန်၊ (၅) ထောင်တန်ဂယက်၊ စာပေစိစစ်ရေး click
- ရှမ်းအမျိုးသားလေး မောင်ထောင်းဒီး စက္ကူလေယာဉ်ပစ် အိုရီဂါမီဆု ရရှိ (ရုပ်သံသတင်း) click
- ၁၉၇၀ ခေတ်လွန်ကာလ သီတင်းကျွတ် (ဆောင်းပါး) click
- လွတ်ငြိမ်းချမ်းသာခွင့် (အသံလွှင့်ဆောင်းပါး) click
- အောက်တိုဘာလ ပထမပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် click
- Myanmar people celebrate traditional Thadingyut lighting festival click
- The Need for border-based aid click
- Myanmar needs peace, stability for democratization click
- Indian police kill 5 militants in northeast state click

အပြည့်အစုံသို့...

လက်နက်အားကိုးနဲ့ ယုတ်မာပက်စက် အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ နအဖစစ်အုပ်စုနဲ့ လက်ကိုင်တုတ်တွေကို ရင်ဆိုင်ဖို့ စံပြုစရာ နမူနာတခု (Generate Your Own Energy)

အပြည့်အစုံသို့...

Saturday, October 3, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၁၀-၀၉)

သီတင်းကျွတ်လပြည့်နေ့ (၃-၁၀-၂၀၀၉) နေ့က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် မြန်မာသံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်နေကြစဉ်
- ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက်ကံဆောင်ခြင်း ပြုလုပ်ဟုဆို click
- ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ကျင်းပ click
- အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာက ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွေ click
- ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးအရာရှိ ဦးအောင်ကြည်တို့ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီးတွေ့ click
- ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် ဦးဝင်းတင်၏ တုံ့ပြန်ချက် click
- နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကုလလူ့အခွင့်ရေးကောင်စီ တောင်းဆို click
- နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် လူ့အခွင့်အရေးကောင်စီ တောင်းဆို click
- ဘုရားသုံးဆူဒေသမှာ နအဖ စစ်ရေးပြင်ဆင်မှု တိုးလာ click
- ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပါဝင်သင့်လို့ အကြံပြု click
- ငါးထောင်တန်နဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှု (ဗွီဒီယိုသတင်း) click
- ပြည်ပရောက် တရုတ်နိုင်ငံသားများ ကာကွယ်ရေး (မျက်မှောက်ရေးရာ) click
- ကိုညီညီအောင်အမှုလိုက်ဖို့ အမေရိကန်သံရုံးရဲ့ ကမ်းလှမ်းချက် click
- မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးများအတွက် စာသင်ကျောင်း click
- နာဂစ်ကယ်ဆယ်ရေး သုံးပွင့်ဆိုင်အဖွဲ့ ထုတ်ပြန်ကြေညာချက် click
- ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုညှိနှိုင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ်များ တိုက်တွန်း click
- အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ မုန်တိုင်းကျ ရေကြီး၊ လူအသေအပျောက်များ click
- အင်ဒိုငလျင် အပျက်အစီးအောက် လူ (၃၀၀၀) ကျော် ပိတ်မိနေ click
- Suu Kyi meets with junta minister: Burma official click
- Aung San Suu Kyi Meets With Burmese Official click
- British Government to support democracy struggle in Burma click
- Thailand has a stake in Burma solution click
- Burma vote to be 'free and fair' click
- Okada urges Myanmar to release all political prisoners before election click
- Okada promises Japan's support for Mekong region countries click
- Myanmar says nuclear ambitions are peaceful - Japan click
- Myanmar-American to get Suu Kyi lawyers click
- ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ click
- စစ်အစိုးရ ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည် (၆) ကြိမ်မြောက် တွေ့ click
- ကော့သောင်းတွင် မိုးသည်းထန် တောင်ပြို၍ သံဃာ (၃) ပါး ပျံလွန် click
- ကွမ်းခြံကုန်း ဘုန်းကြီးနှစ်ပါး ဖမ်းဆီးခံရ click
- ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ် အ၀ါရောင်တီရှပ် ဖြန့်ဝေ click
- ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာဂစ်ဒေသသွားရန် စီစဉ် click
- ဒုက္ခသည်များ ပိုမိုလက်ခံရေး ပြင်ဆင်ထားရန် ထိုင်းကို အစီရင်ခံစာက တိုက်တွန်း click
- အာရှသဘာဝဘေးဒဏ်နဲ့ မြန်မာပြည်အတွက် ဘာသာရေး အစီအမံတခု သတင်းပြန့် click
- တုပ်ကွေးဟု ထင်ရသည့် ရောဂါကူးစက်မှု ပိုမိုပြန့်နှံ့လာ click
- အနာဂတ် ကျောင်းသားတိုက်ပွဲ (အသံလွှင့်ဆောင်းပါး) click
- ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့်ရချင်လို့ … (ဒေါက်တာအေးကျော်နှင့် အင်တာဗျူး) click
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့၏ သတိပေးနှိုးဆော်ချက်
- Myanmar junta official meets Aung San Suu Kyi click
- Burmese Dissident Is Tested Anew as Party Agonizes Over Elections click
- Okada vows Japan's support for Mekong, calls for democracy in Myanmar click
- Mekong, Japan's foreign ministers pledge for more cooperation click
- Burma's and Cuba's ear click
- Revenue from Refugees? click
- Weekly Business Roundup (October 3, 2009) click

အပြည့်အစုံသို့...